ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် -၃) သည်  ပဲခူးမြစ်ပေါ်၌ ဆောက်လုပ်ထားပြီး  သန်လျင်တံတားအမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် ရှိသည်။ [၁]ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ် နှင့် သန်လျင်မြို့နယ် တို့ ဆက်သွယ်ထားသည့် တံတားတစ်စင်းလည်းဖြစ်သည်။ယင်းတံတားကို ဂျပန်နိုင်ငံ ၏ ODA ချေးငွေဖြင့်   တည်ဆောက်ကာ   ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံအင်ဂျင်နီယာများက တည်ဆောက်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ကြသည်။

သန်လျင်တံတား အမှတ် (၃)
သယ်ဆောင်မှု၄ လမ်းသွားကားလမ်း
ဖြတ်သန်းမှုပဲခူးမြစ်
တည်နေရာသာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်
အမည်ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃)
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိကြိုးဆိုင်းတံတား
စုစုပေါင်းအရှည်၈၆၃၈ ပေ
ခံနိုင်ဝန်အား၇၅ တန်
ရေလမ်း ကင်းလွတ်အမြင့်၁၃ ဒသမ ၂၅ မီတာ (၄၃ ပေ)
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၁၃ ဖေဖော်ဝါရီ ၂၀၁၉

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၃ ခုနှစ် ကစတင်ပြီး  ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃ ) စီမံကိန်းကို  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) နှင့် မြန်မာအစိုးရ တို့ကြား စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်ဖြင့်   အဆင့်အလိုက် ဆောင်ရွက်သည်။[၂] တံတားတည်ဆောက်ရေးအား  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် စတင် သည်။[၃]သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန သည် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာအေဂျင်စီ (JICA) ထံက ချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် ညီမျှသည့် ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလီယံ ရယူသည်။ တံတားစီမံကိန်းတစ်ခုလုံးတန်ဖိုးမှာ မြန်မာနိုင်ငံ ဘက်မှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်းအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်း ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်း ပြင်ဆင်ရန်

သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာမှုကြောင့် ရန်ကုန်မြို့ နှင့် သီလဝါအထူး စီးပွားရေးဇုန်အကြား မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မလာစေရေးအတွက် တည်ဆောက်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံချေးငွေဖြင့် ဆောင်ရွက်သည့် တံတားစီမံကိန်းတစ်ခုဖြစ်၍  ဆောက်လုပ်ရးဝန်ကြီးဌာန တံတားဦးစီးဌာနက ကြီးကြပ်ကာ ဂျပန်နိုင်ငံမှ တည်ဆောက်ရေး ကန်ထရိုက်တာကုမ္ပဏီများ က ဆောင်ရွက်သည်။တည်ဆောက်ရေးအား လုပ်ငန်းလုပ်ကွက် ၃ခု ခွဲခြားသည်။ ဂျပန်နိုင်ငံကုမ္ပဏီများဖြစ်သော Tokyu ကုမ္ပဏီက Package 3 ဖြစ်သည့် Flyover Bridge ကိုလည်းကောင်း၊ Sumitomo Mitsui ကုမ္ပဏီက Package 1+2 (Main Bridge) ကိုလည်းကောင်း တည်ဆောက်သည်။[၄]

တံတားအချက်အလက်များ ပြင်ဆင်ရန်

သာကေတဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၆၀၂ မီတာ (၁၉၇၅ ပေ)၊ သန်လျင်ဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၈၀၇ မီတာ (၂၆၄၇ ပေ)၊ ပင်မတံတားအရှည် ၁၂၂၄ မီတာ (၄၀၁၆ ပေ) စုစုပေါင်း၂၆၃၃ မီတာ (၈၆၃၈ ပေ) ရှည်လျားပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားကြီး ဖြစ်သည်။ တံတား၏ရေလမ်းကင်းလွတ် အမြင့် ၁၃ ဒသမ ၂၅ မီတာ (၄၃ ပေ) ရှိပြီး အကျယ်မှာ ၂၂၄ မီတာ (၇၃၅ ပေ) ရှိသဖြင့် ရေယာဉ်များလွတ်လပ်စွာဝင်/ထွက်သွားလာနိုင်မည်ဖြစ်သည်။


ကိုးကား ပြင်ဆင်ရန်

  1. No 3 Thanlyin bridge to design Yangon with new forms of developmentMyanmar Digital News (12 Jul 2020)။ 29 April 2024 တွင် ပြန်စစ်ပြီး။
  2. JICA နှင့် စီမံကိန်း သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အခမ်းအနား ပြုလုပ်Eleven Media Group (၁၈ ဒီဇင်ဘာ ၂၀၂၃)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. Stake driving ceremony of No.3 Thanlyin Bridge held in YgnEleven Media Group (14 February 2019)။ 28 April 2024 တွင် ပြန်စစ်ပြီး။
  4. ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထည်ဝါခံ့ညား ပြည့်အင်အား ပဲခူးမြစ်ကူး တံတားများMyanmar Digital News (၁၀ စက်တင်ဘာ ၂၀၂၀)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။