သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သိပ္ပံ၊ နည်းပညာ နှင့် ပတ်သက်၍ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနထားရှိသည်။ ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ဖျက်သိမ်းပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) အဖြစ် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့ကာ ၂၀၂၁ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်မှ ပြန်ခွဲထုတ်၍ သီးခြားပြန်လည် ဖွဲ့စည်းခဲ့သည်။[၂]
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် |
|
ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၆ (ပထမအကြိမ်) |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၂၁)၊ နေပြည်တော် |
ဝန်ကြီးများ | ဒေါက်တာမျိုးသိန်းကျော်[၁] |
ဒုတိယဝန်ကြီးများ | ဒေါက်တာ အောင်ဇေယျ |
ဝက်ဘ်ဆိုက် | most.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်နိုင်ငံတော်အတွက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန်နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအား ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၀/၉၆)ဖြင့် ဝန်ကြီးဌာန အသစ်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ
- နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန
- အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန
- နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန
- သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန
- အဏုမြူစွမ်းအင် ဦးစီးဌာန
- ဇီဝနည်းပညာသုတေသန ဦးစီးဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ရေး ဦးစီးဌာန
ဝန်ကြီးဌာနလက်အောက်တွင် နည်းပညာတက္ကသိုလ် (၃၃)ခု၊ ကွန်ပျူတာတက္ကသိုလ် (၂၇)ခု၊ အစိုးရနည်းပညာကောလိပ် (၇)ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (၂၂)ခု၊ အစိုးရနည်းပညာအထက်တန်းကျောင်း (၃၅)ခု၊ သက်မွေးပညာသင်တန်းကျောင်း (၉)ခုတို့ တည်ရှိသည်။
ယခင်ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာန
- နည်းပညာ၊_သက်မွေးပညာနှင့်_လေ့ကျင့်ရေး_ဦးစီးဌာန
- စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန
- အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန
- အဏုမြူစွမ်းအင် ဦးစီးဌာန
- စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
- ဒြပ်ပစ္စည်းသိပ္ပံနှင့် ဒြပ်ပစ္စည်းအင်ဂျင်နီယာ သုတေသနဦးစီးဌာန
- နည်းပညာ သုတေသနဦးစီးဌာန
- ဇီဝနည်းပညာ သုတေသနဦးစီးဌာန
- အမျိုးသားဓာတ်ခွဲခန်း တို့ဖြစ်သည်။ [၃]
အကြီးအကဲများ
ပြင်ဆင်ရန်ဝန်ကြီးများစာရင်း (၁၉၉၆ - ၂၀၁၁)
ပြင်ဆင်ရန်စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | နိုင်ငံတော်အကြီးအကဲ |
---|---|---|---|---|---|
၁ | ဦးသောင်း | ၁၉၉၆ | ၂၀၁၀ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ | |
၂ | သူရ ဦးအေးမြင့် | ၂၀၁၀ | ၃၀ မတ် ၂၀၁၁ |
ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)
ပြင်ဆင်ရန်စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | သမ္မတ |
---|---|---|---|---|---|
(၂) | သူရ ဦးအေးမြင့် | ၃၀ မတ် ၂၀၁၁ | ဩဂုတ် ၂၀၁၂ | ဦးသိန်းစိန် | |
၃ | ဒေါက်တာ ကိုကိုဦး | ၇ စက်တင်ဘာ ၂၀၁၂ | ၉ ဒီဇင်ဘာ ၂၀၁၅ | ၁၁၈၈
| |
၄ | ဒေါက်တာ ခင်စန်းရီ (ပူးတွဲ) |
ဒီဇင်ဘာ ၂၀၁၅ | ၃၀ မတ် ၂၀၁၆ | ||
၅ | ဒေါက်တာ မျိုးသိန်းကျော် | ၁၇ ဇွန် ၂၀၂၁ | လက်ရှိ | ၁၂၆၃
|
ဦးမြင့်ဆွေ (ယာယီ) |
လုပ်ငန်းစဉ်များ
ပြင်ဆင်ရန်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအား အောက်ဖော်ပြပါအတိုင်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။
- အဆင့်မြင့်ပညာရေးကဏ္ဍ
- စက်မှုနှင့် သက်မွေးပညာရေးကဏ္ဍ
- ဥပဒေများ ရေးဆွဲအတည်ပြုရေးကဏ္ဍ
- သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍ
ဆက်စပ်ကြည့်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။
- ↑ ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း။
- ↑ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန။ ၂၀၁၄-၁၀-၁၉ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
https://myanmar.gov.mm/my/ministry-of-science-and-technology
ပြင်ပအဆက်အသွယ်
ပြင်ဆင်ရန်- ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ Archived 14 March 2021 at the Wayback Machine.