အေးမြင့် (ဝန်ကြီး)
သူရဦးအေးမြင့် သည် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သူရ အေးမြင့် | |
---|---|
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ဇူလိုင် ၂၀၁၃ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | သန်းဌေး |
စက်မှု ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ဩဂုတ် ၂၀၁၂ – ဇူလိုင် ၂၀၁၃ | |
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း မတ် ၂၀၁၁ – ဩဂုတ် ၂၀၁၂ | |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း မတ် ၂၀၁၁ – မတ် ၂၀၁၁ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
မဲဆန္ဒနယ် | မော်လမြိုင်မြို့နယ် |
အနိုင်ရမဲ အရေအတွက် | ၄၇,၁၄၁ |
ကိုယ်ရေး အချက်အလက်များ | |
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်အေးအေး |
သားသမီး | နေလင်း |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်ချုပ် |
ဦးအေးမြင့်သည် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မော်လမြိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[၁] သူသည် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် ဩဂုတ်လအထိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဩဂုတ်လမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၂]
သူရဦးအေးမြင့်သည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး[၂] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အားကစား ဝန်ကြီးဌာန ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။[၂]
သူသည် ဒေါ်အေးအေးနှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Moulmein။ Alternative Asean Network on Burma။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ Cabinet။ Alternative Asean Network on Burma (25 November 2014)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Council Regulation (EC) No 817/2006 of 29 May 2006 renewing the restrictive measures in respect of Burma/Myanmar and repealing Regulation (EC) No 798/2004။ Official Journal of the European Union။ European Union (29 May 2006)။ 23 July 2015 တွင် ပြန်စစ်ပြီး။