သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန

မြန်မာနိုင်ငံဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ၂၀၂၁ခုနှစ်တွင် အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးလှမိုးဖြစ်သည်။[၁]

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
Ministry of Cooperatives and Rural Development
မြန်မာနိုင်ငံအစိုးရအစိုးရအဖွဲ့အစည်း
Seal of MCRD.jpeg
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၇ ဇွန် ၂၀၂၁; ၂၂ လ အကြာက (၂၀၂၁-၀၆-17)
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၁၆)၊ နေပြည်တော်
ဝန်ကြီးများဦးလှမိုး
ဝက်ဘ်ဆိုက်mcrd.gov.mm

သမိုင်းကြောင်းပြင်ဆင်

မြန်မာနိုင်ငံတွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ၁၉၅၁ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ထောက်ပံရေးနှင့် သမဝါယမဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန စသည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။၂၀၁၆ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့တွင် ယခင်ဖျက်သိမ်းခဲ့သော သမဝါယမဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် အသစ်ဖွဲ့စည်းခဲ့သည်။[၂] [၃][၄]

အကြီးအကဲများပြင်ဆင်

ဝန်ကြီးများပြင်ဆင်

  • ဦးလှမိုး (၂၄ ဇွန် ၂၀၂၁ - လက်ရှိ)

ဒုတိယဝန်ကြီးများပြင်ဆင်

  • ဦးမြင့်စိုး (၄ ဧပြီ ၂၀၂၂ - လက်ရှိ)'

ဖွဲ့စည်းပုံပြင်ဆင်

ပြင်ပလင့်ခ်များပြင်ဆင်

ကိုးကားပြင်ဆင်