စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Agriculture, Livestock and Irrigation) သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဆည်မြောင်းကဏ္ဍ၊ လယ်ယာမြေကဏ္ဍများအတွက် တာဝန်ရှိသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးမင်းနောင် ဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၃၀ မတ် ၂၀၁၆ |
ယခင်အဖွဲ့အစည်း | *လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၃၆)၊နေပြည်တော် 19°47′11″N 96°06′51″E / 19.7862975°N 96.1141331°E |
ဝန်ကြီးများ | ဦးမင်းနောင် |
ဒုတိယဝန်ကြီးများ | ဒေါက်တာအောင်ကြီး |
ဝက်ဘ်ဆိုက် | moali.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်ယခင်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် သမဝါယမ ဝန်ကြီးဌာန ဟူ၍ သီးခြားတည်ရှိခဲ့ရာမှ ၂၀၁၆ခုနှစ်တွင် သမ္မတ ဦးထင်ကျော်က ထိုဝန်ကြီးဌာန (၃) ခုကိုပူးပေါင်း ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[၁] ဝန်ကြီးဌာန လက်အောက်တွင် ဦးစီးဌာန (၁၁)ခု၊ တက္ကသိုလ်များနှင့် ကောလိပ်များစွာ တည်ရှိသည်။[၂] ၂၀၂၁ခုနှစ် မေလတွင် သမဝါယမ ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ကို ခွဲထုတ်ကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[၃]
အကြီးအကဲများ
ပြင်ဆင်ရန်ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၆ - လက်ရှိ)
ပြင်ဆင်ရန်စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | သမ္မတ |
---|---|---|---|---|---|
၁ | ဒေါက်တာ အောင်သူ | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၉
|
|
၂ | ဦးတင်ထွဋ်ဦး | ၂၃ ဖေဖော်ဝါရီ ၂၀၂၁ | ၁၄ နိုဝင်ဘာ ၂၀၂၂ | ၆၂၉
|
ဦးမြင့်ဆွေ (ယာယီ) |
၃ | ဦးလှမိုး (သမ/ကျေးလက် ပူးတွဲ) | ၁၄ နိုဝင်ဘာ ၂၀၂၂ | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၇၉
| |
၄ | ဦးမင်းနောင် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | လက်ရှိ | ၆၇၀
|