သမုဒ္ဒရာဇ်
ပုဂံအင်ပါယာ၏ ဘုရင်
(သမုဒ္ဒရာဇ်မင်း မှ ပြန်ညွှန်းထားသည်)
သမုဒ္ဒရာဇ်မင်းသားသည် သရေခေတ္တရာပြည်ကြီး၏နောက်ဆုံးမင်းဆက် သုပညာနာဂရဆိန္နမင်းနှင့် တူတော်စပ်လေသည်။ သရေခေတ္တရာပြည်ကြီးပျက်ပြီးနောက် ထိုပြည်ကြီးမှ ပြည်သူအများသည်ယုန်လွှတ်ကျွန်း၌စုရုံးကာ ရွာများတည်၍ နေထိုင်ကြလေသည်။ သာသနာသက္ကရာဇ် ၆၂၄ အား ဒေါဒေါရသိကိန်းနှင့် ၂-ကြွင်းထားခဲ့သော ဖြိုခွင်းသက္ကရာဇ် ၂၉-နှစ်တွင် သမုဒ္ဒရာဇ်မင်းသည် ပုဂံမင်းဆက်ကို စတင်တည်ထောင်ခဲ့လေသည်။[၁]
ပုဂံ(၁၉)ရွာ
ပြင်ဆင်ရန်ရွာများသည်ကား -
- ညောင်ဦး၊
- နဂစို၊ [၂]
- မန်ကျည်း(မန်ကျည်းကြီး)၊
- တူးတည်း၊
- ကျောက်စကား၊
- ဘုတ်သဲတိမ်၊[၃]
- ညောင်ဝန်း၊
- အနုရာဓ၊
- တန်းဆောင်းကွန်း/တဆောင်ကွန်း
- ရွာမုန်း၊
- ကြင်လို၊
- ကုက္ကို၊
- တောင်ပတစ်၊
- မြေခဲတွင်း၊
- ရွာပုံ/ နဂါးကြစ်၊
- သရက်ရ၊
- စဉ့်ကူး၊ [၄]
- ယုန်လွှတ် နှင့်
- ရွာစိုက် ဟူသည့်ရွာများ ဖြစ်သည်။ ထို(၁၉)ရွာ၌ သူကြီးတစ်ဦးစီ အုပ်ချုပ်စေပြီး သမုဒ္ဒရာဇ်မင်းသား သက္ကရာဇ်၂၉ခု၊ ခရစ်နှစ်အေဒီ၁၀၇တွင် ယုန်လွှတ်ကျွန်း၌မင်းပြုပြီး ပထမပုဂံကိုထူထောင်ခဲ့လေသည်။
သမုဒ္ဒရာဇ်မင်းလက်ထက်တွင် ထင်ရှားသောအဖြစ်အပျက်များမှာ သတ္တဝါကြီးလေးကောင်၊ မိန်းမပျိုခုနစ်ဦး တို့ဖြစ်သည်။
သမုဒ္ဒရာဇ်မင်းကြီးသည် ပျူစောထီးကို သမီးတော် သီရိစန္ဒာဒေဝီနှင့် ထိမ်းမြားပေး၍ အိမ်ရှေ့အရာအပ်နှင်းပြီးနောက် ၃-နှစ်ကာလ သက္ကရာဇ် ၇၄-ခုနှစ်၊ အိမ်နိမ့်စံ ၃၃-နှစ်၊ မင်းစည်းစိမ် ၄၅-နှစ်၊ သက်တော် ၇၇-နှစ်တွင် နတ်ရွာစံတော်မူလေသည်။ [၅]
ကိုးကား
ပြင်ဆင်ရန်- ↑ ဂီတစာဆို ယုဝစိုးမြင့် ရေး၊ ကူနီနန်းမှ ပခန်းကျော် နှင့် နတ်သမိုင်းစစ်တမ်းများ၊ ၁၉၈၇-ခုနှစ်၊ အောက်တိုဘာလ၊ စာ- ၁၂
- ↑ နဂါးဘို(မှန်နန်း)
- ↑ ကုတ်ကဲသိမ်(မှန်နန်း)
- ↑ အုံးမျှား(မှန်နန်း)
- ↑ "ပုဂံမင်းဆက်များရာဇဝင်"- တက္ကသိုလ်မောင်သုလှိုင်