သီတာဦး
ဥပဒေရေးရာဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်
ဒေါ်သီတာဦး (၂၇ နိုဝင်ဘာ ၁၉၆၄ မွေးဖွား[၁]) သည် မြန်မာနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာန၏ လက်ရှိ ဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဖြစ်သည်။ သူမကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။[၂] အဆိုပါရာထူးတွင် ခန့်အပ်ခြင်းမခံရမီက ဒေါ်သီတာဦးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာ ဒေါ်သီတာဦး | |
---|---|
ဥပဒေရေးရာ ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ ဩဂုတ် ၂၀၂၁ | |
သမ္မတ | ဦးမြင့်ဆွေ |
လက်ထောက် | ဦးစန်းလွင် |
ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ရာထူးစတင် |
ပြည်ထောင်စုရှေ့နေချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
လက်ထောက် | ဒေါက်တာထိန်လင်းဦး |
ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဦးထွန်းထွန်းဦး |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၂၇ နိုဝင်ဘာ ၁၉၆၄ ရန်ကုန်မြို့ |
(အသက် ၆၀)
လူမျိုး | မြန်မာ |
သားသမီး | မင်းရဲမြတ်ဘုန်းခိုင် |
အစိုးရအဖွဲ့ | အိမ်စောင့်အစိုးရ |
ပုဂ္ဂိုလ်ရေးဘဝ
ပြင်ဆင်ရန်ဩစတြေးလျနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်သော မင်းရဲမြတ်ဘုန်းခိုင်မှာ ဒေါ်သီတာဦး၏ သားဖြစ်သည်။[၃][၄]
ပိတ်ဆို့ခံရမှုများ
ပြင်ဆင်ရန်၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်သီတာဦးအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။[၅] ယူကေနှင့် ကနေဒါတို့ကလည်း အလားတူ ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။[၆][၇]
ကိုးကား
ပြင်ဆင်ရန်- ↑ Burma-related Designations; Counter Terrorism Designation Removal (in en)။ 2022-08-04 တွင် ပြန်စစ်ပြီး။
- ↑ Myanmar military appoints additions to key personnel (2021-02-02)။ 4 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-04 တွင် ပြန်စစ်ပြီး။
- ↑ "Outed by online campaign, children of Myanmar junta hounded abroad" (in en)၊ Reuters၊ 2021-03-19။
- ↑ Children of the junta: the relatives of Myanmar’s military regime living in Australia (in en) (2021-05-07)။ 2022-08-04 တွင် ပြန်စစ်ပြီး။
- ↑ Burma-related Designations; Counter Terrorism Designation Removal (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။
- ↑ UK announces new sanctions against Myanmar ahead of 1-year anniversary of coup (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။
- ↑ US, UK, Canada sanction top Myanmar justice officials (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။