ဒေါက်တာထိန်လင်းဦး(၁၈ မတ် ၁၉၇၂ဖွား) သည် ဥပဒေရေးရာဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်သည်။[၁] ယင်းအပြင် ဒုတိယရှေ့နေချုပ်လည်း ဖြစ်သည်။ယင်းမတိုင်ခင်က စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စစ်ခုံရုံး ဥက္ကဋ္ဌ ဖြစ်သည်။

ဒေါက်တာထိန်လင်းဦး
ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ယခင်လူဦးစန်းလွင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၈ မတ် ၁၉၇၂
ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့
သားသမီး
မိခင်ကျောင်းတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

သူသည် တက္ကသိုလ်မှ ဥပဒေဘွဲ့ရ ကျောင်းသားတစ်ဦးဖြစ်သည်။ယင်းအပြင် ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ရထားသူလည်းဖြစ်သည်။ ဒေါက်တာထိန်လင်းဦးသည် ဥပဒေဘွဲ့ရကျောင်းသားဘဝမှတဆင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး) အမှတ်စဉ်(၉၉) သို့ တက်ရောက်ကာ တပ်မတော်ထဲ ဝင်ရောက်ခဲ့သူဖြစ်သည်။ထိုမှတဆင့် သူသည် စစ်ဥပဒေချုပ်ရုံး တွင် တာဝန်ထမ်းဆောင်သည်။မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန်လှိုင်သာယာမြို့နယ်စစ်ခုံရုံးတွင် သူသည် ဥက္ကဋ္ဌဖြစ်လာသည်။ဒေါက်တာထိန်လင်းဦးသည် ဒုတိယရှေ့နေချုပ်အဖြစ် မထမ်းဆောင်ခင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ရုံးတွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ် အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[၂]

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သမီးတစ်ဦးရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၇၀ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်းCINCDS Myanmar (၃ ဩဂုတ်၂၀၂၃)။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ အပါအဝင် ဒုတိယဝန်ကြီးအချို့ ခန့်အပ်Eleven Media Group (၃ ဩဂုတ်၂၀၂၃)။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။