သီပေါဟော်နန်း သို့မဟုတ် အရှေ့ဟော် သည် သီပေါနယ်ကို အုပ်ချုပ်ခဲ့သော စော်ဘွားများ နေထိုင်ခဲ့ရာ အဆောက်အဦး ဖြစ်သည်။ ငါးဧကကျယ်သည့် မြေနေရာပေါ်တွင် ဆောက်လုပ်ထားပြီး အင်္ဂလိပ်ဗိသုကာပုံစံဖြင့် ဆောက်လုပ်ထားသည်။ စော်ဘွား စဝ်ကြာဆိုင်နှင့် မဟာဒေဝီ စဝ်သုစန္ဒီ တို့နေထိုင်ခဲ့သော ဟော်နန်းအဖြစ် သိရှိကြသည်။[၁][၂][၃][၄]

သီပေါဟော်
Map
အထွေထွေ အချက်အလက်များ
လိပ်စာသီပေါမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
ကိုဩဒိနိတ်22°37′34″N 97°18′18″E / 22.626°N 97.305°E / 22.626; 97.305ကိုဩဒိနိတ်: 22°37′34″N 97°18′18″E / 22.626°N 97.305°E / 22.626; 97.305
ပြီးစီး၁၉၂၄

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၂၄ ခုနှစ်တွင် စဝ်အုန်ကြာ က သီပေါဟော်ကို ဆောက်လုပ်ခဲ့သည်။[၁] သီပေါတွင် တည်ဆောက်ခဲ့သော ဟော် သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အခြားဟော်တစ်ခုကို ၁၈၈၈ ခုနှစ်တွင် စဝ်ခွန်စိုင်းကလည်းကောင်း၊ ၁၉၂၂ ခုနှစ်တွင် စဝ်ခဲ က စခန်းသာဟော်ကိုလည်းကောင်း ဆောက်လုပ်ခဲ့သည်။[၁] စခန်းသာဟော်မှာ စခန်းသာရွာတွင် တည်ရှိပြီး နွေရာသီအပန်းဖြေစံအိမ်အဖြစ် အသုံးပြုခဲ့ကြသည်။[၅]

၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရချိန်တွင် စဝ်ကြာဆိုင်အား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။[၄] စဝ်ကြာဆိုင်၏ မိသားစုဝင်များမှာ နေအိမ်တွင် ၁၁ လကြာ အကျယ်ချုပ်ထိန်းသိမ်းခံထားရပြီးနောက် ၁၉၆၃ ခုနှစ်တွင် ဟော်နန်းမှ ဖယ်ရှားခဲ့သည်။[၄] ၁၉၇၂ ခုနှစ်တွင် စဝ်ကြာဆိုင်၏ တူဖြစ်သူ စဝ်ဦးကြာက ဟော်နန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် အများပြည်သူလေ့လာနိုင်ရန် ဖွင့်လှစ်ခဲ့သည်။[၆][၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ A Visit to Hsipaw (in en) (2020-09-07)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  2. Hsipaw Haw Nann (in en-US)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  3. Aung Zaw။ "Hsipaw Haw—Abode of Tragic Shan Prince"၊ The Irrawaddy၊ 2015-12-22။ 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Kyaw Phyo Tha။ "The Tragedy and Hope of a Palace"၊ The Irrawaddy၊ 2020-03-03။ 
  5. Forbidden Glimpses of Shan State (November 2009)။
  6. O'Connor၊ Brennan (2016-04-25)။ The last prince of Hsipaw (in en-US)။ 2023-12-28 တွင် ပြန်စစ်ပြီး။