မဟာဝါ (သို့) သုတ်မဟာဝါ (ပါဠိ: မဟာဝဂ္ဂ)ပါဠိတော်တွင် သုတ်ပေါင်း ၁၁ သုတ်ပါသည့်အနက် ဗုဒ္ဓဘုရား ပရိနိဗ္ဗာန်စံခဏ်းနှင့် ပရိနိဗ္ဗာန်မစံမီ အခြေအနေများ၊ ဗုဒ္ဓခေတ် မဇ္ဈိမဒေသ အခြေအနေများ၊ ယဉ်ကျေးမှုများ၊ လောကီ လောကုတ္တရာ ကြီးပွားအောင်မြင်ရေးတရားများကို အရင်းကျကျ ပြဆိုရာ မဟာပရိနိဗ္ဗာနသုတ်တော်ကြီးလည်း ပါဝင်လေသည်။ ထို့ပြင် ဤကျမ်း၌ပင် ဗုဒ္ဓဘာသာလောကတွင် အခြေခံအကျဆုံးဖြစ်သည့် မဟာသတိပဋ္ဌာန်သုတ်လည်း ပါဝင်သည်။

ဤပါဠိတော်လာ မဟာနိဒါနသုတ်တော်ကြီးကား အလွန်တရာ ခက်ခဲနက်နဲ သိမြင်နိုင်ခဲသော ပဋိစ္စသမုပ္ပါဒ်သဘောများကို အကျယ် ဝေဖန် ဟောပြတော်မူရာ သုတ်တော်ကြီး ဖြစ်ပေသည်။ ယနေ့ခေတ်တွင် အလွန် ခေတ်စားနေသည့် တမလွန်လောက ရှိ-မရှိဟူသော ပြဿနာအတွက် ဗုဒ္ဓဒေသနာကျမ်းလာ တိုက်ရိုက်အဖြေများကိုလည်း ဤပါဠိတော်ကျမ်း၌ပါရှိသည့် ပါယာသိသုတ်၌ ဥပမာ အမျိုးမျိုးဖြင့် ဖြေရှင်းဟောကြားထားသည်။[၁]

ပါဝင်သောသုတ်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)