အရှင်သုဒဿနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိခီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

သိခီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ တစ်ခုသောအချိန်တွင် အရှင်သုဒဿနထေရ် သည် ဝိနတာမြစ်ကမ်းနား၌ ရှိသော ညောင်ကြတ်ပင်ကို ရှာဖွေနေ၏။ ထိုအခါ သိခီမြတ်စွာဘုရားကို ဖူးမြင်ရ၏။ ထို့နောက် အရှင်သုဒဿနထေရ် သည် ဆတ်သွားပန်းကို မြင်၍ ခူးယူပြီးလျှင် မြတ်စွာဘုရားအား ကပ်လှူပူဇော်၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်သုံးကမ္ဘာထက်တွင် “ဖလုဂ္ဂတ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်နှစ်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုဒဿနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ သုဒဿနတ္ထေရအပဒါန်