သော်လဲထာတိုက်ပွဲ
| ||||||||||||||
၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တပ်မတော် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကရင်အမျိုးသားအစည်းအရုံး)တို့ မြန်မာ-ထိုင်းနယ်စပ် အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။[၁][၂] ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က တပ်မတော် အခြေစိုက် စခန်းတခုကို သိမ်းပိုက်ပြီး တိုက်ပွဲများ ပြီးဆုံးခဲ့သည်။ တပ်မတော်က ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။ [၂] ၂၀၂၁ ခုနှစ် ဧပြီလနှောင်းပိုင်းအထိ အယ်လ်ဂျာဇီးယားက ဤတိုက်ပွဲအား " ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် တပ်မတော်တို့အကြား အပြင်းထန်ဆုံး တိုက်ပွဲများ" ဟု ဖော်ပြခဲ့သည်။[၃]
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ဆန္ဒပြပွဲများ တိုးမြင့်လာမှု၏ နောက်ကွယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ မတိုင်မီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်သူများက အကြမ်းဖက်မှု တိုးမြင့်လာပါက တစ်နိုင်ငံလုံး ပြည်တွင်းစစ် ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့ကြသည်။ [၄] အစောပိုင်း နှစ်ရက်က ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး အပြီးတွင် တိုက်ပွဲများ ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။[၃]
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Myanmar: ethnic armed group seizes military base near Thai border (27 April 2021)။
- ↑ ၂.၀ ၂.၁ Fighting erupts in Myanmar; junta to ‘consider’ ASEAN plan (27 April 2021)။
- ↑ ၃.၀ ၃.၁ Fighting erupts in eastern Myanmar near Thai border။
- ↑ UN envoy warns of civil war in Myanmar without Security Council action (31 March 2021)။