အာဆီယံထိပ်သီးအစည်းအဝေး
အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ရသည့် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဆွေးနွေးရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို့အပြင် အခြားသော နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးပွဲများ တစ်ဆက်တည်း ကျင်းပကြသည်။ ကမ္ဘာ့အဆင့် ရလဒ်များ ထုတ်ပြန်မှုကြောင့် နိုင်ငံတကာ၏ လက်ခံမှုရရှိထားသော အစည်းအဝေးဖြစ်သည်။
ASEAN Summit | |
---|---|
အာဆီယံအဖွဲ့ဝင်များအား အစိမ်းရောင်ဖြင့် ပြသထားသည်။ | |
အမျိုးစား | သံတမန် ညီလာခံ |
ကြိမ်နှုန်း | နှစ်စဉ် |
သက်ဝင်နှစ်ပေါင်း | 57 |
ဖွဲ့စည်းခဲ့ | ဖေဖော်ဝါရီ ၂၄၊ ၁၉၇၆ |
မကြာသေးခင်က | မေ ၂၀၂၃ |
လုပ်ပိုင်ခွင့်များ
ပြင်ဆင်ရန်- အာဆီယံ၏ မူဝါဒချမှတ်ပေးသည့် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ရမည်။
- အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစးရပ်များအပေါ်တွင်လည်းကောင်း၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများက တင်ပြလာသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ ဆွေးနွေးခြင်း၊ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ခြင်းနှင့် ဆုံးဖြတ်ခြင်းပြုလုပ်ရမည်။
- သက်ဆိုင်ရာကောင်စီအသီးသီးမှ သက်ဆိုင်ရာဝန်ကြီးများအား ယာယီဝန်ကြီးအဆင့်အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက်အဝန်းကောင်စီတစ်ခုထက်မက ကျော်လွန်သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပက်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားရမည်။အဆိုပါအစည်းအဝေးများကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ချမှတ်ပေးရမည်။
- အာဆီယံနိုင်ငံများအပေါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် သင့်လျော်သည့် အရေးယုဆောင်ရွက်မှုများ ပြုလုပ်ရမည်။
- အာဆီယံပဋိညာဉ်စာတမ်းပါ အခန်း(၇) - ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အခန်း(၈) - အငြင်းပွားမှုများကို ဖြေရှင်းခြင်း တို့အပေါ် ဆုံးဖြတ်ပေးရမည်။
- အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသောအာဆီယံအဖွဲ့အစည်းများ ခူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းအပေါ် ခွင့်ပြုချက်ပေးရမည်။
- ဝန်ကြီးအဆင့်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ထောက်ခံချက်အရ အကြီးအကဲများ၏ ယုံကြည်အားရနှစ်ခြိုက်မှုဖြင့် ခန့်အပ်ရမည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ပထမဆုံးအစည်းအဝေးကို ၁၉၇၆ ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပခဲ့သည်။ ဤပွဲတွင် အာဆီယံ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသွင်ကို ပြသခဲ့သည်။ ချစ်ကြည်ရေးနှင့် ပူးပေါင်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ
ပြင်ဆင်ရန်အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ၏ မူဝါဒရေးရာ အဆင့်မြင့်အစည်းအဝေးတစ်ခုဖြစ်သည်။ထိုအစည်းအဝေးသို့ နိုင်ငံတော်ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ နိုင်ငံ၏ အင်္ဂလိပ်စကားလုံးပေါ်တွင် အစဉ်လိုက် အလှည့်ကျ တာဝန်ယူရသည်။အလှည့်ကျဥက္ကဋ္ဌသည် ပြက္ခဒိန်တစ်နှစ်စာတာဝန်ယူရပြီး ထိပ်သီးအစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးများကို လက်ခံကျင်းပရသည်။[၁] ၂၀၂၃ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ သမ္မတဖြစ်သည်။ အောက်ပါတို့မှာ အာဆီယံနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအကြီးအကဲများဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ
ASEAN Summit | ||||||||
အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | |||
အရှေ့တောင်အာရှနိုင်ငံများအသင်း | အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn ( ကမ္ဘောဒီးယား) |
– ဘရူနိုင်းဒါရုစလမ်နိုင်ငံ |
ဆူတန် ဟန်ဆာနယ် ဘိုကီးယက် |
– ကမ္ဘောဒီးယားဘုရင့်နိုင်ငံ |
ဝန်ကြီးချုပ် ဟွန်မာနက် | |||
– အင်ဒိုနီးရှားသမ္မတနိုင်ငံ |
သမ္မတ ဂျိုကို ဝီဒိုဒို |
– လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ |
ဝန်ကြီးချုပ် Sonexay Siphandone |
– မလေးရှားဖက်ဒရယ်နိုင်ငံ |
ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် | |||
– ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် |
ဝန်ကြီးချုပ် မင်းအောင်လှိုင် |
– ဖိလစ်ပိုင်သမ္မတနိုင်ငံ |
သမ္မတ ဘွန်ဘွန်မားကို့စ် |
– စင်ကာပူသမ္မတနိုင်ငံ |
ဝန်ကြီးချုပ် လီရှန်လုံး | |||
– ထိုင်းဘုရင့်နိုင်ငံ |
ဝန်ကြီးချုပ် ဆေထာ ထဝီဆင် |
– ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ |
ဝန်ကြီးချုပ် ဖန်မင့်ချင် |
ကျင်းပခဲ့သည့်အစည်းအဝေးပွဲများ
ပြင်ဆင်ရန်အကြိမ် | နေ့စွဲ | နိုင်ငံ | ကျင်းပရာမြို့(များ) | ဥက္ကဋ္ဌ |
---|---|---|---|---|
၁ | ၂၃-၂၄ ဖေဖော်ဝါရီ ၁၉၇၆ | အင်ဒိုနီးရှား | ဘာလီမြို့ | သမ္မတ ဆူဟာတို |
၂ | ၄-၅ ဩဂုတ် ၁၉၇၇ | မလေးရှား | ကွာလာလမ်ပူမြို့ | ဝန်ကြီးချုပ် ဟူစိန်ဟွန်း |
၃ | ၁၄-၁၅ ဒီဇင်ဘာ ၁၉၈၇ | ဖိလစ်ပိုင် | မနီလာမြို့တော် | သမ္မတ အာကီနို |
၄ | ၂၇-၂၉ ဇန်နဝါရီ ၁၉၉၂ | စင်ကာပူ | စင်ကာပူ | ဝန်ကြီးချုပ် ဂိုချုပ်တောင် |
၅ | ၁၄-၁၅ ဒီဇင်ဘာ ၁၉၉၅ | ထိုင်း | ဘန်ကောက်မြို့ | ဝန်ကြီးချုပ် ဘန်ဟန် ဆီပါအာချာ |
၆ | ၁၅-၁၆ ဒီဇင်ဘာ ၁၉၉၈ | ဗီယက်နမ် | ဟနွိုင်းမြို့ | ဝန်ကြီးချုပ် ဖန်ဗန်ခိုင် |
၇ | ၅-၆ နိုဝင်ဘာ ၂၀၀၁ | ဘရူနိုင်း | ဘန်ဒါဆရီဘဂါဝမ်မြို့ | ဆူတန် ဟန်ဆာနယ် ဘိုကီယာ |
၈ | ၄-၅ နိုဝင်ဘာ ၂၀၀၂ | ကမ္ဘောဒီးယား | ဖနွမ်းပင်မြို့ | ဝန်ကြီးချုပ် ဟွန်ဆန် |
၉ | ၇-၈ အောက်တိုဘာ ၂၀၀၃ | အင်ဒိုနီးရှား | ဘာလီမြို့ | သမ္မတ မဂ္ဂဝတီ ဆူခါနော်ပူထရီ |
၁၀ | ၂၉-၃၀ နိုဝင်ဘာ ၂၀၀၄ | လာအို | ဗီယင်ကျန်းမြို့ | ဝန်ကြီးချုပ် ဘိုဟန် ဗော်ရာချစ် |
၁၁ | ၁၂-၁၄ ဒီဇင်ဘာ ၂၀၀၅ | မလေးရှား | ကွာလာလမ်ပူမြို့ | ဝန်ကြီးချုပ် အဗူဒေါ အမတ် ဘော်ဒဝီ |
၁၂ | ၁၁-၁၄ ဇန်နဝါရီ ၂၀၀၇1 | ဖိလစ်ပိုင်2 | မန်ဒေါင်း | သမ္မတ ဂလော်ရီယာ မကာပယ်ကယ် အာရိုယို |
၁၃ | ၁၈-၂၂ နိုဝင်ဘာ ၂၀၀၇ | စင်ကာပူ | စင်ကာပူမြို့ | ဝန်ကြီးချုပ် လီရှန်လုံး |
၁၄3 | ၂၇ ဖေဖော်ဝါရီ- ၁ မတ် ၂၀၀၉ | ထိုင်း | ချမ်အမ်းမြို့ & ဟွာဟင်းမြို့ | ဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝ |
၁၀-၁၁ ဧပြီ ၂၀၀၉ | ပတ္တယားမြို့ | |||
၁၅ | ၁၃-၂၅ အောက်တိုဘာ ၂၀၁၀ | ချမ်အမ်းမြို့ & ဟွာဟင်းမြို့ | ||
၁၆ | ၈-၉ ဧပြီ ၂၀၁၀ | ဗီယက်နမ် | ဟနွိုင်းမြို့ | ဝန်ကြီးချုပ် ငုယင်တန်ဒန်း |
၁၇ | ၂၈-၃၁ အောက်တိုဘာ ၂၀၁၀ | |||
၁၈ | ၇-၈ မေ ၂၀၁၁ | အင်ဒိုနီးရှား4 | ဂျကာတာမြို့ | သမ္မတ ဆူဆီလို ဘမ်ဘန် ယော့ဟွိုင်နို |
၁၉ | ၁၄- ၁၉ နိုဝင်ဘာ ၂၀၁၁ | ဘာလီမြို့ | ||
၂၀ | ၃-၄ ဧပြီ ၂၀၁၂ | ကမ္ဘောဒီးယား | ဖနွမ်းပင်မြို့ | ဝန်ကြီးချုပ် ဟွန်ဆန် |
၂၁ | ၁၇-၂၀ နိုဝင်ဘာ ၂၀၁၂ | |||
၂၂ | ၂၄-၁၅ ဧပြီ ၂၀၁၃ | ဘရူနိုင်း | ဘန်ဒါဆရီဘဂါဝမ်မြို့ | ဆူတန် ဟန်ဆာနယ် ဘိုကီယာ |
၂၃ | ၉-၁၀ အောက်တိုဘာ ၂၀၁၃ | |||
၂၄ | ၁၀-၁၁ မေ ၂၀၁၄ | မြန်မာ | နေပြည်တော်မြို့ | သမ္မတ ဦးသိန်းစိန် |
၂၅ | ၁၀-၁၂ နိုဝင်ဘာ ၂၀၁၄ | |||
၂၆ | ၂၆-၂၇ ဧပြီ ၂၀၁၅ | မလေးရှား | ကွာလာလမ်ပူမြို့ & လမ်ကဝီမြို့ | ဝန်ကြီးချုပ် နာဂျစ် ရာဇက် |
၂၇ | ၁၈-၂၂ နိုဝင်ဘာ ၂၀၁၅ | ကွာလာလမ်ပူမြို့ | ||
၂၈ | ၆-၈ စက်တင်ဘာ ၂၀၁၆ | လာအို | ဗီယင်ကျန်းမြို့ | ဝန်ကြီးချုပ် သွန်လွန် ဆီဆိုလစ် |
၂၉ | ||||
၃၀ | ၂၈-၂၉ ဧပြီ ၂၀၁၇ | ဖိလစ်ပိုင် | ပါစီ | သမ္မတ ရော်ဒရီဂို ဒူတာတေး |
၃၁ | ၁၀- ၁၄ နိုဝင်ဘာ ၂၀၁၇ | |||
၃၂ | ၂၅-၂၈ ဧပြီ ၂၀၁၈ | စင်ကာပူ | စင်ကာပူမြို့ | ဝန်ကြီးချုပ် လီရှန်လုံး |
၃၃ | ၁၁-၁၅ နိုဝင်ဘာ ၂၀၁၈ | |||
၃၄ | ၂၀-၂၃ ဇွန် ၂၀၁၉ | ထိုင်း | ဘန်ကောက်မြို့ | ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ |
၃၅ | ၃၁ အောက်တိုဘာ- ၄ နိုဝင်ဘာ ၂၀၁၉ | |||
၃၆ | ၂၆ ဇွန် ၂၀၂၀ | ဗီယက်နမ် | ဟနွိုင်းမြို့⁵ | ဝန်ကြီးချုပ်
ငုယင်စွမ်းဖု |
၃၇ | ၁၁ - ၁၅ နိုဝင်ဘာ ၂၀၂၀ | |||
၃၈⁶ | ၂၆ - ၂၈ အောက်တိုဘာ ၂၀၂၁ | ဘရူနိုင်း | ဘန်ဒါဆရီဘဂါဝမ်မြို့ | ဆူတန် ဟန်ဆာနယ် ဘိုကီယာ |
၃၉ | ||||
၄၀⁶ | ၁၀ - ၁၃ နိုဝင်ဘာ ၂၀၂၂ | ကမ္ဘောဒီးယား | ဖနွမ်းပင်မြို့ | ဝန်ကြီးချုပ် ဟွန်ဆန် |
၄၁ | ||||
၄၂⁷ | ၉ - ၁၁ မေ ၂၀၂၃ | အင်ဒိုနီးရှား | လဘန်းဘာဂျိုမြို့ | သမ္မတ ဂျိုကို ဝီဒိုဒို |
၄၃ | ၅ -၇ စက်တင်ဘာ ၂၀၂၃ | |||
၄၄ | ၂၀၂၄ | လာအို | ||
၄၅ | ၂၀၂၄ | |||
1 မူလက ၁၀-၁၄ ဒီဇင်ဘာ ၂၀၀၆တွင် ကျင်းပရန်စီစဉ်ထားသော်လည်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရက်ရွှေ့လိုက်ရသည်။ | ||||
2 မူလက အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာကို ရွေးချယ်ထားသော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ကြီးမားသည့် ဖိအားများကြောင့် ဖိလစ်ပိုင်မှ အလှည့်ကျော်ခဲ့သည်။ | ||||
3ထိပ်သီးအစည်းအဝေးမှာ အပိုင်း၂ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ပထမအပိုင်းကို ၂၀၀၈ထိုင်းနိုင်ငံရေးအကျပ်အတည်းများကြောင့် ၁၂-၁၇ ဒီဇင်ဘာ ၂၀၀၈မှ ရက်ရွှေ့ခဲ့သည်။ဆန္ဒပြသူများမှာ အစည်းအဝေးကျင်းပရာနေရာအထိ ဝင်ရောက်လာသဖြင့် ဒုတိယအပိုင်းကိုဧပြီလ ၁၁ရက်နေ့တွင် ဖျက်သိမ်းလိုက်ရသည်။ | ||||
4အင်ဒိုနီးရှားသည် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး၊ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတို့နှင့်အတူ အာဆီယံထိပ်သီးအစည်းအဝေးကိုပါကျင်းပရန်အတွက် ဘရူနိုင်းနိုင်ငံနှင့် ကျင်းပရန်အလှည့် လဲလှယ်ခဲ့သည်။သို့သော် နောက်ပိုင်းတွင် ဂျီ-၂၀အစည်းအဝေးကို ရုရှားမှ ကျင်းပခွင့်ရခဲ့သည်။ | ||||
5ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစည်းအဝေးကို video conferencing စနစ်ဖြင့်သာ ကျင်းပခဲ့သည်။ | ||||
6၂၀၂၁ အာဏာသိမ်းမှုကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အစည်းအဝေးသို့ ဖိတ်ကြားခြင်းမရှိပဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ချုပ်တစ်ဦးကိုသာ ဖိတ်ကြားခဲ့သည်။ သို့သော် မြန်မာအစိုးရဘက်မှ ရာထူးအဆင့်တူပုဂ္ဂိုလ်သာ တက်ရောက်ရန် ဆန္ဒရှိသဖြင့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်ခြင်းမရှိပေ။[၂] | ||||
7မြန်မာနိုင်ငံဘက်မှ မည်သူမျှမတက်ရောက်ခဲ့။ ၂၀၂၃ခုနှစ် မေလအတွင်း ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ထိုင်းနိုင်ငံဘက်ကလည်း ဝန်ကြီးချုပ် တက်ရောက်ခြင်းမရှိခဲ့ပေ။ |
ဘန်ကောက်မြို့တွင်ကျင်းပသော ၅ကြိမ်မြောက်အစည်းအဝေးမှစတင်၍ ပုံမှန်အစည်းအဝေးများအတွင်း ပုံမှန်မဟုတ်သည့်အစည်းအဝေးများပါကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
ASEAN Informal Summits | ||||
---|---|---|---|---|
No | Date | Country | Host | Host leader |
၁ | ၃၀ နိုဝင်ဘာ ၁၉၉၆ | အင်ဒိုနီးရှား | ဂျကာတာမြို့ | သမ္မတ ဆူဟာတို |
၂ | ၁၄ - ၁၆ ဒီဇင်ဘာ ၁၉၉၇ | မလေးရှား | ကွာလာလမ်ပူမြို့ | ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် |
၃ | ၂၇ - ၂၈ နိုဝင်ဘာ ၁၉၉၉ | ဖိလစ်ပိုင် | ပါစီမြို့ | သမ္မတ ဂျိုးဇက် အက်ထရာဒါ |
၄ | ၂၂ - ၂၅ နိုဝင်ဘာ ၂၀၀၀ | စင်ကာပူ | စင်ကာပူ | ဝန်ကြီးချုပ် ဂိုချုပ်တောင် |
# | Dates | Country | City |
---|---|---|---|
၁ | ၄ - ၇ ဖေဖော်ဝါရီ ၂၀၁၅ | အင်ဒိုနီးရှား | Batam |
အာဆီယံအပေါင်း အစည်းအဝေးများ
ပြင်ဆင်ရန်အာဆီယံ အပေါင်း ၃ အစည်းအဝေးအဖြစ် အာဆီယံနှင့် ရည်မှန်းချက်တူနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်လည်း (တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်နိုင်ငံ) နှစ်စဉ်ကျင်းပသည်။
- အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းအဖွဲ့အစည်း အစည်းအဝေး ကျင်းပခြင်း
- အာဆီယံဒေသတွင်းဖိုရမ်များကို နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ကျင်းပခြင်း
- တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၃နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း
- နောက်ထပ် တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၂ နိုင်ငံ (ဩစတေးလျ၊ နယူးဇီလန်) တို့နှင့် ကျင်းပခြင်း