သွေးသောက်အဖွဲ့ သည် မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် လှုပ်ရှားလျက်ရှိသော လူသတ်အဖွဲ့ဖြစ်သည်။[၁] ၂၀၂၂ ခုနှစ်တွင် စတင်ပေါ်ထွက်လာခဲ့ကာ တပ်မတော်အား ထောက်ခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဆန့်ကျင်သည့် ထိုအဖွဲ့၏ ခံယူချက်သည် ရေရာခြင်းမရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများစွာကို သတ်ဖြတ်ခဲ့သည်ဟု သွေးသောက်အဖွဲ့က ဝန်ခံထားသည်။

သွေးသောက်အဖွဲ့
မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင်
လှုပ်ရှား၂၀၂၂-လက်ရှိ
ခံယူချက်
  • စစ်အာဏာသုံးဝါဒ
  • အစွန်းရောက် အမျိုးသားရေး
  • ဗုဒ္ဓဘာသာ အမျိုးသားရေး
လှုပ်ရှားသည့် ဧရိယာမန္တလေးတိုင်းဒေသကြီး
ရန်ကုန်တိုင်းဒေသကြီး
တောင်ကြီးမြို့
မဟာမိတ်နိုင်ငံအဆင့် မဟာမိတ်များ
ပြိုင်ဘက်နိုင်ငံအဆင့် ပြိုင်ဘက်များ

အခြားပြိုင်ဘက်များ

တိုက်ပွဲနှင့် စစ်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

လှုပ်ရှားမှုများ ပြင်ဆင်ရန်

သွေးသောက်အဖွဲ့သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် အဓိက လှုပ်ရှားသည်။ အဖွဲ့သည် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသော လူနှစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် မိသားစုဝင်များအား ပစ်မှတ်ထားသည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၄ ဦးအား သတ်ဖြတ်ခဲ့ပြီး တယ်လီဂရမ် ချယ်နယ်များတွင် သတ်ဖြတ်ခဲ့သည့် ဓာတ်ပုံများ မျှဝေထားခဲ့သည်။[၂] ၂၀၂၃ မေလအထိ သတ်ဖြတ်ခဲ့သူ အနည်းဆုံး ၅၈ ဦးအထိ ရှိလာခဲ့သည်။[၃]

သွေးသောက်အဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ငြင်းဆိုထားသည်။[၃] သွေးသောက်အဖွဲ့သည် ရန်ကုန်နှင့် တောင်ကြီးမြို့များတွင်ပါ လှုပ်ရှားလျက်ရှိကြောင်း အေးရှားတိုင်းမ် က ၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အစီရင်ခံခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Stroehlein၊ Andrew (7 November 2022)။ Outsourcing Atrocities in Myanmar။ 6 November 2023 တွင် ပြန်စစ်ပြီး။
  2. Nachemson၊ Andrew။ "Shadowy pro-military militias target Myanmar's anti-coup movement"၊ Al Jazeera English၊ 2 June 2022။ 
  3. ၃.၀ ၃.၁ "Pro-junta 'Blood Comrades' resurface in Myanmar with April killings"၊ Radio Free Asia၊ 9 May 2023။ 
  4. Mathieson၊ David Scott။ "Myanmar raising bloodthirsty death squads"၊ Asia Times၊ 10 June 2022။