သွေး(စစ်ကိုင်း) သည် စာရေးဆရာမတစ်ဦးဖြစ်သည်။သူမသည် ဘာသာပြန်နှင့်ကဗျာများ[၁] အပါအဝင် ဝတ္ထု၊ဆောင်းပါးများ[၂] ရေးသားသည်။ [၃] [၄]

သွေး(စစ်ကိုင်း)
မွေးဖွားခင်ဝေလွင်
(၁၉၇၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၂)ဇန်နဝါရီ ၁၂၊ ၁၉၇၅
စစ်ကိုင်းတိုင်းစစ်ကိုင်းမြို့၊ မင်းလမ်းရပ်
ပညာရေးB.Sc (Physics), Diploma in French
အလုပ်အကိုင်စာရေးဆရာ
မိဘ(များ)အဖစစ်ကိုင်းအေးလွင်၊ အမိဒေါ်ခင်ရီ

ငယ်ဘဝ ပြင်ဆင်ရန်

သူမကို အဖစစ်ကိုင်းအေးလွင်၊ အမိဒေါ်ခင်ရီတို့မှ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ စစ်ကိုင်းမြို့ မင်းလမ်းရပ် တွင် မွေးဖွားသည်။

စာရေးဆရာဘဝ ပြင်ဆင်ရန်

၁၉၉၅ ခုနှစ်၊ ဧပြီလထုတ် မြားနတ်မောင် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံခဲ့ရသော “မှောင်မိုက်နေတဲ့ ည”ရသစာတမ်း (အက်ဆေး) ဖြင့် စာပေလောကထဲစတင်ရောက်ရှိခဲ့သည်။

ရုပ်ရှင်သစ္စာ မဂ္ဂဇင်း၊ ပန်အနုပညာမဂ္ဂဇင်း၊ Perfect မဂ္ဂဇင်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ပန်မဂ္ဂဇင်းတွင် ပန်းချီဆောင်းပါးများ တစ်စိုက်မတ်မတ်ရေးသားခဲ့သည်။

သူမသည် ယနေ့ အထိ ကဗျာ ၁၀၀ ကျော်၊ ဝတ္ထုတို ၁၀၀ ကျော်၊ ဆောင်းပါး ၅၀၀ ကျော်[၅] [၆] ရေးသားပြီး ဖြစ်သည်။

၂၀၀၆ခုနှစ်မှ လက်ရှိချိန်အထိစာရေးသားခြင်းသက်သက်ဖြင့် ရပ်တည်လျက် ရှိသည်။

ထုတ်ဝေခဲ့သည့် စာအုပ်များ ပြင်ဆင်ရန်

  • သံစဉ်ချိုသောအဓိပ္ပာယ်များ (လုံးချင်းဝတ္ထု) ၂၀၀၃
  • အကြင်နာလက်ဖြင့် သွန်းဆစ်သောဂီတ (လုံးချင်းဝတ္ထု) ၂၀၀၄
  • အကျော်အမော်ပန်းချီဆရာတို့၏ ရေးဆွဲနည်းများ (ပန်းချီဆောင်းပါးများစုစည်းမှု) ၂၀၁၂
  • စန္ဒရားဆရာ (ပြင်သစ်ဘာသာပြန် လုံးချင်း) ၂၀၁၃
  • သွေးစွန်းတဲ့ ကျောက်စိမ်းမြေ (ပြင်သစ် ဘာသာပြန် လုံးချင်း) ၂၀၁၅
  • ဆိုးရွားလမ်းညွှန် ထိန်ကျောင်းပုံ(ဘာသာပြန်ရုပ်ပြ) ၂၀၁၇
  • အေးဆေးသာယာ ကလေးထိန်းဗျူဟာ (ဘာသာပြန်ရုပ်ပြ) ၂၀၁၇
  • ဝင်းတင် သို့မဟုတ် ဦးမညွှတ်တတ်သောအတိုက်အခံ(ပြင်သစ်ဘာသာပြန်လုံးချင်း)[၇] ၂၀၁၈
  • ပျဉ်းမပန်းတွေရဲ့ အိပ်မက်ထဲက အိမ်အပြန်(ဝတ္ထုတိုစုစည်းမှု) ၂၀၁၈
  • နှလုံးသားရသစာစုများ (၂၀၁၈)
  • ကလေးတို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာ(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်းပါးများစုစည်းမှု) ၂၀၁၉
  • ကမ္ဘာမြေကြီးကို ကာကွယ်ထိန်းသိမ်းဖို့ ကလေးတို့ပြုလုပ်နိုင်တဲ့အချက်၅၀(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာပြန်)၂၀၂၁
  • သမိုင်းတစ်လျှောက် အကျော်အမော်ပန်းချီဆရာ ၁၀၀ (၂၀၂၃)[၈]

မိသားစုဘဝ ပြင်ဆင်ရန်

သူမသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ စာရေးဆရာ နိုင်စွမ်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ဘီဘီစီပရိသတ်တွေ ရေးပို့လာတဲ့ ကဗျာBBC Burmese (၁၉ ဧပြီ ၂၀၁၁)။ ၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. သွေး(စစ်ကိုင်း)၏ ဆောင်းပါးများဧရာဝတီသတင်း။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. စာရေးဆရာများ၏စာအုပ်များMyanmar Books။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပြုသင့်မသင့် နားဆင်ပါBBC Burmese (၁၅ အောက်တိုဘာ ၂၀၁၆)။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဦးခင်ညွန့်က စာရေးဆရာတဲ့လားဧရာဝတီသတင်း (၁၀ ဇန်နဝါရီ ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. လေထုအရည်အသွေးကောင်းမွန်ဖို့ ဘာကြောင့်အရေးကြီးလဲယနေ့ခေတ် (၂၂ ဩဂုတ် ၂၀၂၃)။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. သွေး (စစ်ကိုင်း)၏ ‘ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ’ စာအုပ်မိတ်ဆက်Popular Myanmar (၂၆ ဇူလိုင် ၂၀၁၈)။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. သွေး(စစ်ကိုင်း)ပန်းဆက်လမ်း။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။