စစ်ကိုင်းအေးလွင်(၁၉၃၄-၁၉၈၇) သည် စာရေးဆရာတစ်ဦးဖြစ်ကာ စာရေးခြင်းသက်သက်ဖြင့် ဘဝဖြတ်သန်းခဲ့သည်။ သူ့ကို ၂၀ရာစု မြန်မာစာရေးဆရာ (၁၀၀) စာရင်းထဲ ထည့်သွင်း ဖော်ပြကြသည်။စစ်ကိုင်းအေးလွင်သည် သတင်းအယ်ဒီတာလည်း လုပ်ခဲ့သည်။ [၁]

စစ်ကိုင်း အေးလွင်
မွေးဖွားတင်အေး
(၁၉၃၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၀၉)အောက်တိုဘာ ၉၊ ၁၉၃၄
စစ်ကိုင်းတိုင်းစစ်ကိုင်းမြို့၊ မင်းလမ်းရပ်
ကွယ်လွန်မေ ၃၀၊ ၁၉၈၇(၁၉၈၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၃၀) (အသက် ၅၂)
အခြား အမည်များစစ်ကိုင်းသား၊ နှင်းမောင်၊ ဇော်ထွန်းအောင်၊ မင်းဇေယျာ
အလုပ်အကိုင်စာရေးဆရာ
မိဘ(များ)ဦးဘရီ + ဒေါ်တင်သန်း

ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

၁၉၃၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အဖ ဦးဘရီ၊ အမိ ဒေါ်တင်သန်းတို့မှ ဖွားမြင်ခဲ့သည်။ ဇာတိမှာ စစ်ကိုင်းမြို့၊ မင်းလမ်းရပ် ဖြစ်သည်။ ညီအစ်ကို နှစ်ယောက် ရှိသည့်အနက် သားအကြီး ဖြစ်ပြီး ငယ်နာမည်မှာ မောင်တင်အေး ဖြစ်သည်။

စစ်ကိုင်းမြို့ အထက (၁) ကျောင်း၊ မန္တလေးမြို့ အထက (၃) ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ကျောင်းနေစဉ် ကတည်းက စတင်၍ ကဗျာ၊ စာညွန့်များ ရေးသားခဲ့သည်။ ထို့အပြင် ကျောင်းမဂ္ဂဇင်းများကိုလည်း တည်းဖြတ်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် စစ်ကိုင်းအေးလွင် ကလောင် အမည်ဖြင့် စတင် ပုံနှိပ်ခြင်း ခံခဲ့ရသည်။ ၁၉၅၅ ခုနှစ်တွင် မန္တလေး ပန်တျာကျောင်း၌ ပန်းချီပညာ သင်ကြားရင်း "ဗဟိုစည်" သတင်းစာ၌ ပန်းချီဆရာ ဝင်လုပ်သည်။ ထိုမှတဆင့် မန္တလေး သူရိယ သတင်းစာ၊ ရွှေမန်း ညနေ သတင်းစာများတွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဆရာကြီး ရွှေဥဒေါင်း ထံ၌ စာရေးနည်း ပညာကို လေ့လာ ဆည်းပူးခဲ့သည်။

၁၉၅၉ ခုနှစ်တွင် "နီလာ" စာစောင်ကို တည်းဖြတ် ထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် "ခြင်္သေ့စာပေ" အမည်ဖြင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း လုပ်ကိုင်ခဲ့သည်။

မန္တလေးရုပ်ရှင်တွင်လည်း ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ "စုံထောက်" မဂ္ဂဇင်းတွင်လည်း အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ စစ်ကိုင်းအေးလွင် အပြင် စစ်ကိုင်းသား၊ နှင်းမောင်၊ ဇော်ထွန်းအောင်နှင့် မင်းဇေယျာ ကလောင် နာမည်ခွဲများနှင်လည်း ရေးသားခဲ့သည်။

ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်နှင့် ကျမ်းစာအုပ် များစွာ ရေးသားခဲ့သည်။ ဘာသာပြန် စာအုပ်များထဲတွင် "ချွေးတပ်စခန်း တိုက်ပွဲ" မှာ ထင်ရှားသည် စာရေးခြင်း သက်သက်ဖြင့် ဘဝကို ရပ်တည်ခဲ့သော စာရေးဆရာ တစ်ယောက် ဖြစ်သည်။

၁၉၈၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ရီနှင့် သားသမီး ခြောက်ယောက် ကျန်ရစ်ခဲ့သည်။

ရေးသား ပြုစုခဲ့ပြီးသော စာအုပ်များ ပြင်ဆင်ရန်

၁။ ကညာကြော့ကွင်း ၁၉၆၀

၂။ ကြက်သွေးရောင်စစ်ကိုင်း ၁၉၆၀

၃။ လျှို့ဝှက်ကျွန်း ၁၉၆၀

၄။ ရွှေခြေချင်းဧကရီ ၁၉၆၀

၅။ ရွှေမန်းသူ ၁၉၆၀

၆။ အလှနှင့် ကျည်ဆန် ၁၉၆၀

၇။ ကိုယ်ပိုင်မေတ္တာ ရုပ်ရှင်ဝတ္ထု ၁၉၆၁

၈။ ချစ်တယ်ဆို ၁၉၆၁

၉။ ချစ်နှောင်းရိပ်ဝယ် ၁၉၆၁

၁၀။ ချစ်ယောင် ခင်ယောင် ၁၉၆၁

၁၁။ ချစ်အားငယ်ငယ် ၁၉၆၁

၁၂။ ချစ်အောက်မေ့မေ့ ၁၉၆၁

၁၃။ ငွေရန်သူ ၁၉၆၁

၁၄။ နှစ်ခက်နှောင်သစ္စာ ၁၉၆၁

၁၅။ မင်းသမီး လူသတ်မှု ၁၉၆၁

၁၆။ မေတ္တာနုနုစေလိုသူ ၁၉၆၁

၁၇။ မှောင်သောအချိန် -

၁၈။ ယမင်းနှင့် ပစ်ကွင်း ၁၉၆၁

၁၉။ ရန်ငြိုးမပြေ ၁၉၆၁

၂၀။ အတွေ့ ၁၉၆၁

၂၁။ အပျိုလူပျို ၁၉၆၁

၂၂။ အပြုံးငွေ့နှောင်ကြိုး ၁၉၆၁

၂၃။ အသဲကမ္ဘာတနေရာ ၁၉၆၁

၂၄။ အသဲကမ္ဘာတနေရာသို့ ၁၉၆၁

၂၅။ အသဲဒေါင့်တနေရာ ၁၉၆၁

၂၆။ အသဲကွင်းပြင်လွမ်းရိပ်ထင် ၁၉၆၁

၂၇။ ချစ်နိုင်ကြပါစေ ၁၉၆၂

၂၈။ ချစ်မိသည့်နောက်ဝယ် ၁၉၆၂

၂၉။ ငွေထောင်ချောက် ၁၉၆၂

၃၀။ ပုလဲရိပ်သာ လူသတ်မှု ၁၉၆၂

၃၁။ ပတ္တမြားမယ် ၁၉၆၂

၃၂။ ယမ်းငွေ့ကြားက ချစ်သူ ၁၉၆၂

၃၃။ ယမ်းငွေ့နှင့် ကျည်ဆန် ၁၉၆၂

၃၄။ သွေးနဲ့ကညာ ၁၉၆၂

၃၅။ ကြိုးကွင်းနှင့် ယမင်း ၁၉၆၃

၃၆။ ချစ်သူရန်ငြိုး ၁၉၆၃

၃၇။ စိန်အတွက် စတေးရသော အသက်များ ၁၉၆၃

၃၈။ ပစ်ကွင်းနှင့် ထောင်ချောက် ၁၉၆၃

၃၉။ မြမြနှင်းဆီ ၁၉၆၃

၄၀။ မြာနှင့် ကျော့ကွင်း ၁၉၆၃

၄၁။ မြာနှင့် ပြန်ပေး

၄၂။ လှသူဇာနှင့် လူသတ်ဂိုဏ်း ၁၉၆၃

၄၃။ သေနတ်စက်ကွင်း ၁၉၆၃

၄၄။ သေမင်းထောက်ချောက် ၁၉၆၃

၄၅။ သွေးနှင့် ကျည်ဆန် ၁၉၆၃

၄၆။ သွေးရူးသွေးတမ်း ၁၉၆၃

၄၇။ ဧကရီနှင့် ပြန်ပေးဂိုဏ်း ၁၉၆၃

၄၈။ မိုးပြာရောက် လူသတ်မှု ၁၉၆၃

၄၉။ ငွေနှင့် သွေး ၁၉၆၄

၅၀။ ပျံလွှားမ အရှုပ်တော်ပုံ ၁၉၆၄

၅၁။ မီးကုန်ယမ်းကုန် ၁၉၆၄

၅၂။ မျဉ်းမြိုင်ဂိုဏ်း ၁၉၆၄

၅၃။ မြမာလာ အရှုပ်တော်ပုံ ၁၉၆၄

၅၄။ လူမိုက်ဘုရင် ၁၉၆၄

၅၅။ သီတာမိုက်ပြစ် ၁၉၆၄

၅၆။ သွေးအေးအေးနှင့် လူသတ်မှု ၁၉၆၄

၅၇။ အလှနှင့် ကြော့ကွင်း ၁၉၆၄

၅၈။ ကြာမျက်လုံးဧကရီ ၁၉၆၅

၅၉။ ငွေနှင့် ကညာ ၁၉၆၅

၆၀။ မကြောက်မရွံ့ ၁၉၆၅

၆၁။ မုန်တိုင်းထန်သောည ၁၉၆၅

၆၂။ သတို့သမီး အရှုပ်တော်ပုံ ၁၉၆၅

၆၃။ သေနတ်တချက် သွေးတကွက် ၁၉၆၅

၆၄။ အရှုံးအနိုင် ၁၉၆၅

၆၅။ ကြမ်းကြမ်းရမ်းရမ်း ၁၉၆၇

၆၆။ ရေနိုလ်ဒ်၊ ဂျွန်၊ ဘာသာပြန် ချွေးတပ်စခန်း တိုက်ပွဲ ၁၉၆၇

၆၇။ စုံထောက် ဦးအောင်မင်းနှင့် ကညာနှစ်ဖော် ၁၉၆၇

၆၈။ လက်ရဲဇက်ရဲ ၁၉၆၇

၆၉။ သူနိုင်ကိုယ်နိုင် ၁၉၆၇

၇၀။ သုံးပွင့်ဆိုင် လူသတ်မှု ၁၉၆၇

၇၁။ ချွေးတပ်စခန်း တိုက်ပွဲ ၁၉၆၇

၇၂။ နိုင်သူသက်တမ်း ၁၉၆၈

၇၃။ မချစ်ရင်ခက်မယ် ၁၉၆၈

၇၄။ အပစ်အခတ် အရှောင်အတိမ်း ၁၉၆၈

၇၅။ ဂိုဏ်းရန်စွယ် ၁၉၆၉

၇၆။ ငွေနဲ့မြာနှင့် ကျည်ဆန်နှင့် ၁၉၆၉

၇၇။ အပြိုင်အဆိုင် ၁၉၆၉

၇၈။ ကြောင်နက်အန္တရာယ် ၁၉၇၀

၇၉။ ငွေရမက် ၁၉၇၀

၈၀။ စိတ်တလက် သွေးတစက်စက် ၁၉၇၀

၈၁။ ဇော်ထွန်းအောင်နှင့် ဂိုဏ်းရာဇာ ၁၉၇၀

၈၂။ မှောင်ခိုစက်ကွင်း ၁၉၇၀

၈၃။ ယမ်းငွေ့တလူလူ ၁၉၇၀

၈၄။ ရှုပ်ရှုပ်ပွေပွေ ၁၉၇၀

၈၅။ သေတလမ်းရှင်တလမ်း ၁၉၇၀

၈၆။ အထောက်တော် ၁၉၇၀

၈၇။ ဇော်ထွန်းအောင်နှင့် ကညာတသိန်း ၁၉၇၁

၈၈။ ဇော်ထွန်းအောင်နှင့် စန္ဒာကေသီ ၁၉၇၁

၈၉။ ဇော်ထွန်းအောင်နှင့် ကျားသစ်မယ် ၁၉၇၁

၉၀။ ဇော်ထွန်းအောင်နှင့် ညှို့မျက်ဝန်း ၁၉၇၁

၉၁။ ဇော်ထွန်းအောင်နှင့် မိုးသီတာ ၁၉၇၁

၉၂။ ဇော်ထွန်းအောင်နှင့် မြကြေးမုံ ၁၉၇၁

၉၃။ မပြေတဲ့ရန်ကြွေး ၁၉၇၁

၉၄။ မိုက်ခဲကြီးရှိန်းမောင် ၁၉၇၁

၉၅။ သေပြေးရှင်ပြေး ၁၉၇၁

၉၆။ အပစ်အခတ် အပြေးအလွှား ၁၉၇၁

၉၇။ အမာနှင့် ဇော်ထွန်းအောင် ၁၉၇၁

၉၈။ ချစ်စဖွယ်လွယ်လွယ် ၁၉၇၂

၉၉။ ချစ်မိရယ် ပြစ်မှုရယ် ၁၉၇၂

၁၀၀။ ချစ်သူရယ် စုံထောက်ရယ် ၁၉၇၂

၁၀၁။ ဇော်ထွန်းအောင်နှင့် မမြင်ရသော ပစ်ကွင်း ၁၉၇၂

၁၀၂။ ညမဲမဲ မိုးမှောင်မှောင် သဲဖိုစုံဝတ္ထု ၁၉၇၂

၁၀၃။ ညိုမာနှင့်တည ၁၉၇၂

၁၀၄။ တပင်တိုင် ဧကရီ

၁၀၅။ ချစ်မိသည့်နောက် ခြေရာပျောက်၍ ၁၉၇၃

၁၀၆။ ချစ်သူအရှေ့၊ မုန်းသူအနောက် ၁၉၇၃

၁၀၇။ ညလယ်အိပ်မက် ၁၉၇၃

၁၀၈။ မခို့တရို့ ၁၉၇၃

၁၀၉။ မျက်တောင်ညွတ်ကွေး စုတနှယ်ရေးသို့ ၁၉၇၃

၁၁၀။ မှောင်တကွေ့ဝယ် ၁၉၇၃

၁၁၁။ ဝင်္ကဘာထဲကလူ ၁၉၇၃

၁၁၂။ သားကောင်ပြေးလျှင် မုဆိုးမြင်သည် ၁၉၇၃

၁၁၃။ သင်းသင်းမြတ်မှ အစပြု၍ ၁၉၇၃

၁၁၄။ အလှညွတ်ကွင်း အလင်းထောက်ချောက် ၁၉၇၃

၁၁၅။ အမိုက်ဆုံးနှင့် ကြာမျက်လုံး စုံထောက် ဝတ္ထုများ ၁၉၇၃

၁၁၆။ ချိုသဲအတွက် တက်ကြက်သဖွယ် ၁၉၇၄

၁၁၇။ တစ္တေအိမ်ရိပ် စောင်းသံတိတ်ချိန် ၁၉၇၄

၁၁၈။ နှစ်ဆီတစက် သွေးတစက်နှင့် ၁၉၇၄

၁၁၉။ မြေး ၁၉၇၄

၁၂၀။ ဘဝတကွေ့ အတိတ်မေ့သူ ၁၉၇၄

၁၂၁။ ယမ်းငွေ့ပျံ့လွင့် မီးပွင့်လိမ္မော် ၁၉၇၄

၁၂၂။ လွမ်းနှောင်ရစ်ခွေ ပင်လယ်ဗွေတွင် ၁၉၇၄

၁၂၃။ လွမ်းယမုံဦး၊ ရက်စွဲမပါ -

၁၂၄။ ဝင်းဝင်းပပ စိမ်းစိမ်းမြမြ ၁၉၇၄

၁၂၅။ အမှောင်ဒေါင့်စွန်း နောက်ယွန်းယွင်းတွင် ၁၉၇၄

၁၂၆။ ဆောင်းညစပယ် ၁၉၇၅

၁၂၇။ ဆယ့်ခြောက်ဝန်းကျင် ၁၉၇၅

၁၂၈။ နွေညရင်ခွင် ၁၉၇၅

၁၂၉။ ပြေး ၁၉၇၆

၁၃၀။ ဒိုး ၁၉၇၆

၁၃၁။ စက်ဝိုင်း ၁၉၇၆

၁၃၂။ ပျောက်သူ ရှာသူ ၁၉၇၆

၁၃၃။ တဖွေ နှစ်ဖွေ ၁၉၇၇

၁၃၄။ ရင်ငွေ့ ၁၉၇၇

၁၃၅။ လက်သံပြောင်ပြောင် ၁၉၇၇

၁၃၆။ သိုင်းကွက်တသိန်း လူစိမ်းတယောက် ၁၉၇၇

၁၃၇။ ငြိမ်းသူဇာမှတဆင့် ၁၉၇၈

၁၃၈။ စုံထောက်ဦးစံရှားဖြေရှင်းရသော ကျားရာဇာလျှို့ဝှက်ချက် ၁၉၇၈

၁၃၉။ နေ့တထောက် ညတယောက် ၁၉၇၈

၁၄၀။ ပစ်မှတ်ကိုဖြုတ်၍ ၁၉၇၈

၁၄၁။ ဝင့် ၁၉၇၈

၁၄၂။ စုံထောက်ဦးစံရှား ဖြေရှင်းရသော မြဝတ်ရည် လျှို့ဝှက်ချက် ၁၉၇၉

၁၄၃။ ဆံတိုဂုတ်ဝဲ အသဲခွဲသူ ၁၉၇၉

၁၄၄။ ဦးစံရှားနှင့် လျှို့ဝှက်ဂေဟာ ၁၉၇၉

၁၄၅။ တည်းခိုရိပ်သာ ၁၉၈၂[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀ရာပြည့်ဦးစိုးညွှန့်။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'