ဦးဟန်ဇော် သည် မြန်မာနိုင်ငံသား အငြိမ်းစား အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဦးဟန်ဇော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူခဲ့သူ ဖြစ်သည်။[၁]

ဦးဟန်ဇော်
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁၈ ဇန်နဝါရီ ၂၀၁၈ – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ယခင်လူဦးဝင်းခိုင်
ဆက်ခံသူဦးရွှေလေး
ဦးဆောင်ညွှန်ကြားရေးမှူး
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၄၆-0၂-၂၅) ဖေဖော်ဝါရီ ၂၅၊ ၁၉၄၆ (အသက် ၇၈)
နတ်မောက်မြို့မကွေးတိုင်း
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်သွင်သွင်အေးမှီ
သားသမီးခိုင်ဇေသော်၊ လင်းမောင်ဇော်၊ မေသွင်ဇော်
မိဘဦးမြမောင်၊ ဒေါ်ကြည်မြ
ပညာရေးအင်ဂျင်နီယာ မဟာဘွဲ့ (M.Sc (Engg:))
မိခင်ကျောင်းမော်စကို တက္ကသိုလ်၊ ရုရှား
အလုပ်အကိုင်ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ

ဦးဟန်ဇော်သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်သည်။[၂]

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဦးဟန်ဇော်ကို ဖခင် ဦးမြမောင်နှင့် မိခင် ဒေါ်ကြည်မြတို့က မကွေးတိုင်း နတ်မောက်မြို့တွင် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၁]

ဦးဟန်ဇော်သည် ရုရှားနိုင်ငံမော်စကို တက္ကသိုလ်မှ အင်ဂျင်နီယာ မဟာဘွဲ့ကို ရရှိခဲ့သည်။[၂]

ဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်း ပြင်ဆင်ရန်

ဆောက်လုပ်ရေးဝန်ကြီးဌာနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနများကို တာဝန်ယူထားသော ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သဖြင့် လစ်လပ်သွားသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဦးဟန်ဇော်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။[၃][၄][၅]


ကိုးကား ပြင်ဆင်ရန်

  1. ၂.၀ ၂.၁ လင်းဟိန်း၊ နိုင်လင်း (၂၀ ဇန်နဝါရီ ၂၀၁၈). "လမ်း၊ တံတားများ နိုင်ငံတကာ အဆင့်မီရေး ကြိုးစားဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးသစ်ပြော". ၇ ရက်နေ့စဉ်သတင်းစာ (၁၆၉၃). Retrieved on ၂၀ ဇန်နဝါရီ ၂၀၁၈. 
  2. သမ္မတအဆိုပြုတဲ့ ဆောက်လုပ်ရေးဝန်ကြီးသစ်ကို လွှတ်တော် အတည်ပြုRFA (၁၉ ဇန်နဝါရီ ၂၀၁၈)။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ် (၁၉ ဇန်နဝါရီ ၂၀၁၈)။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံအတွက် အပြောင်းအလဲများကို ဖော်ဆောင်ရင်း ကိုယ်တိုင်ပြောင်းလဲနေရသည့် NLD။ 9 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2021 တွင် ပြန်စစ်ပြီး။