ဦးဟန်လင်း သည် အမေရိကန် အခြေစိုက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေထဲမှ ကုလသမဂ္ဂ ရုံးရှေ့ဆီ ခရီးရှည် လမ်းလျှောက် ချီတက် ဆန္ဒပြမှုကို စတင်ခဲ့သူ ဖြစ်သည်။

ခရီးရှည် လမ်းလျှောက်ဆန္ဒပြမှုကို စတင်ခဲ့သူ ဦးဟန်လင်း

ဦးဟန်လင်းသည် တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာ တစ်ဦးဖြစ်ပြီး မော်လမြိုင် တက္ကသိုလ်တွင် ပညာ သင်ခဲ့သူ ဖြစ်သည်။ ၈ လေးလုံး အရေးတော်ပုံတွင် တက်ကြွစွာ ဦးဆောင် ပါဝင်ခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းသည့်အချိန်တွင် ကျောင်းသား ၁ဝဝ ကျော်နှင့်အတူ ကေအင်ယူ တပ်မဟာ ၄ ဒေသတွင် တောခိုခဲ့သည်။

ကျောင်းသား တပ်မတော် အေဘီအက်စ်ဒီအက်ဖ် ပထမအကြိမ် ညီလာခံ ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး၊ ၁၉၉၆ အထိ အမှတ် (၂ဝ၁) တပ်ရင်း၊ မင်းသမီး စခန်းတွင် ပြန်ကြားရေး တာဝန်ခံ အဖြစ် တာဝန် ယူခဲ့သည်။

ထို့နောက် မနီလွိုင် စခန်းမှ အမေရိကန် ပြည်ထောင်စုတွင် အခြေချရန် ထွက်ခွာသွားခဲ့ပြီး ကွယ်လွန်ချိန်အထိ ဒီမိုကရေစီ အရေးကို တတ်နိုင်သည့်ဘက်က လုပ်ကိုင်သွားသူ တစ်ဦးလည်း ဖြစ်သည်။

အသက် ၅၇ နှစ်အရွယ် ဦးဟန်လင်းသည် အဆုတ်ကင်ဆာ ရောဂါဖြင့် ဆေးဝါး ကုသနေစဉ် နယူးယောက်ပြည်နယ် အီသာကာဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ဌေးဌေးရီနှင့် သားသမီး ၆ ဦး ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ခရီးရှည် လမ်းလျှောက်ဆန္ဒပြမှုကို စတင်ခဲ့သူ ဦးဟန်လင်း ကွယ်လွန် (ဒီဗွီဘီ)