ဟိန်းလတ် (၂၁ နိုဝင်ဘာ ၁၉၄၈ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။

ဟိန်းလတ်
မွေးဖွားမောင်မောင်ဦး
(၁၉၄၈-၁၁-၂၁) နိုဝင်ဘာ ၂၁၊ ၁၉၄၈ (အသက် ၇၅)
ရန်ကုန်
အလုပ်အကိုင်စာရေးဆရာ
ပညာရေးဝိဇ္ဇာဘွဲ့
မိခင်ကျောင်းရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်
ရရှိသည့်ဆုများအမျိုးသား စာပေဆု (၂၀၀၂)
မိဘဦးမောင်မောင်ထွန်း + ဒေါ်မြင့်မြင့်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ပညာရေး ပြင်ဆင်ရန်

ဦးဟိန်းလတ်သည် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာနှင့် စာကြည့်တိုက် ဒီပလိုမာ ဘွဲ့များ ရရှိ ခဲ့သည်။

အစိုးရဝန်ထမ်း ပြင်ဆင်ရန်

ဦးဟိန်းလတ်သည် စိုက်ပျိုးရေးတက္ကသိုလ်တွင် လက်ထောက်စာကြည့်တိုက်မှူး၊ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့တွင် စာကြည့်တိုက်မှူးနှင့် သုတေသနအရာရှိ တာဝန်များထမ်းဆောင် ခဲ့သည်။

စာပေရေးရာ ဆောင်ရွက်မှု ပြင်ဆင်ရန်

ဦးဟိန်းလတ်သည် ၁၉၈၆ ခုနှစ်တွင် ဩစတြေးလျနိုင်ငံစင်ကာပူနိုင်ငံနှင့် ၁၉၉ဝ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာရေးနှင့် စာပေစာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် သွားရောက်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ်ထိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ (ဗဟို) အတွင်းရေးမှူး (၁)၊ အလုပ်အမှုဆောင်နှင့် တွဲဖက် အတွင်းရေးမှူးတာဝန်များ ဆောင်ရွက် ခဲ့သည်။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်မှုဆောင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒင်းရှင်း ဗဟိုအလုပ်မှုဆောင်၊ ပြေတီဦးဖောင်ဒေးရှင်း ပညာရေးဖောင်ဒေးရှင်း ဗဟိုအလုပ်မှုဆောင်တာဝန်များ ဆောင်ရွက်လျက်ရှိသည်။

၁၉၆၅ ခုနှစ်မှစ၍ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့ရာ ယခုအထိ ရေးသားပြီး စာပေ ဆောင်ပါးပေါင်း ၃ဝဝဝ ကျော်နှင့် လုံးချင်း စာအုပ် ၉၃ အုပ် ရှိပြီဖြစ်သည်။ တတိယ ကမ္ဘာမှ ပထမကမ္ဘာသို့ စာအုပ်၂၀၀၂ ခုနှစ် အမျိုးသား စာပေဆုရရှိခဲ့သည်။ စံပယ်ဖြူ မဂ္ဂဇင်း၊ စန္ဒာ မဂ္ဂဇင်းနှင့် မိုးဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ပေါ်ပြူလာ ဂျာနယ်အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့ကာ ၂၀၁၀ ခုနှစ်မှစ၍ Asean Fame Media Group ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိသည်။ ပေါ်ပြူလာနယူး ဂျာနယ်၊ ရတီမဂ္ဂဇင်းတို့ကိုဦးစီးဆောင်ရွက်လျက်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအိန္ဒိယနိုင်ငံအစ္စရေးနိုင်ငံထိုင်းနိုင်ငံတို့တွင် စာနယ်ဇင်းသင်တန်းများ ဆည်းပူးခဲ့သည်။ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်နိုင်ငံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။

အငြင်းပွားဖွယ်ရာများ ပြင်ဆင်ရန်

ပိတောက်မြေမဂ္ဂဇင်းသို့ ပေးပို့ခဲ့သော ပုံတူမျိုးပွားခြင်းဆိုင်ရာ ဆောင်းပါးတစ်ပုဒ်မှာ သူတစ်ပါးရေးထားသည့် ဆောင်းပါးကို နာမည်ဖျက်သွင်း၍ ခိုးယူပေးပို့ကြောင်း ပေါ်ပေါက်ပြီးနောက်၊ ပူပူနွေးနွေး အမျိုးသား စာပေဆုရထားသည့် လီကွမ်းယုအတ္ထုပ္ပတ္တိသည်လည်း အစအဆုံး ကိုယ်တိုင်ဘာသာပြန်ခြင်းမဟုတ် စသော နောက်ဆက်တွဲ အငြင်းပွားမှုများပေါ်ပေါက်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအီးလ် ကင်မ်ဂျုံအီ သို့မဟုတ် မြောက်ကိုရီးယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာပြန်ဆို ရေးသားထုတ်ဝေပြီး မကြာခင် မြောက်ကိုရီးယား သံရုံးမှ ကျန်ရှိစာအုပ်များ ပြန်လည်သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။

ရေးသားခဲ့သည့် စာအုပ်များ ပြင်ဆင်ရန်

30em

စုစည်း တည်းဖြတ်သော စာအုပ်များ ပြင်ဆင်ရန်

  1. ကလေး၏ ပထမငါးနှစ်
  2. ဆေးရောင်စုံ ဒဂုန်တာရာ ဆောင်းပါးများ
  3. ဗီတာမင် (၁၃) ဝတ္ထုတိုများ

အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုသော စာအုပ် ပြင်ဆင်ရန်

  1. Fifty Model Essays

ကိုးကား ပြင်ဆင်ရန်

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့, ed. (ဧပြီ ၂ဝဝ၃)။ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း (ပထမ အကြိမ် ed.)။ ပညာရွှေတောင် စာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)