အခွန်ဝန်

ရှေးက အခွန်တော်များကို ကြီးကြပ်ရသူ

အခွန်ဝန်သည် နယ်မြေဒေသအလိုက် အခွန်တော်ကောက်ခံရေး ကိစ္စရပ်များကို ကြီးကြပ်ရသူ ဖြစ်သည်။ အခွန်ဝန်၏ လက်အောက်တွင် အခွန်စာရေးများကိုလည်း ထားရှိသည်။

အခွန်တော်ကွဲပြားခြားနားမှု ပြင်ဆင်ရန်

မြန်မာမင်းများလက်ထက်တွင် မြန်မာနိုင်ငံမှာ အဓိကစိုက်ပျိုးရေးနိုင်ငံ ဖြစ်သဖြင့် လက်ယာထွက်ကုန်များကို အများအားဖြင့် ရောင်းဝယ်ဖောက်ကားမှု ပြုကြ၏။ လယ်ယာထွက်ကုန်ပစ္စည်းများကို အခွန်တော်အဖြစ် ပေးဆာင်ရာ၌လည်း နယ်မြေဒေသအလိုက် အမျိုးအစား ကွဲပြားခြားနားမှု ရှိသည်။ သို့သော် ယေဘုယျအားဖြင့် ထွက်ရှိပစ္စည်း၏ ဆယ်ပုံတစ်ပုံကို အခွန်တော်အဖြစ် သတ်မှတ်ပါသည်။ စိုက်ပျိုးသီးနှံများမှာ ဆန်စပါး၊ ပဲပြောင်းနှမ်းဝါ မှာ အဓိကဖြစ်ပြီး ဥယျာဉ်ခြံအဖြစ် ကွမ်းကွမ်းသီးငှက်ပျောထန်းဒူးရင်းပိန္နဲသရက်နှင့် အုန်း စသည့်တို့ ပါဝင်သည်။

ကုန်သည်ကြီးများ ပြင်ဆင်ရန်

အမရပူရခေတ်တွင် အခွန်တော် အများဆုံးပေးဆောင်ကြသူ ကုန်သည်ကြီးအချို့ ရှိသည်။ ကုန်သည် ဦးမြတ်စံနှင့် ဦးရာတို့သည် ကုန်တင်လှေအစင်း ၁၄၀ ဖြင့် ဆန်စပါး၊ ငါးပိဆား တို့ကို ဧရာဝတီမြစ်ရိုးတစ်လျှောက် ရောင်းဝယ်ခွင့် ရရှိခဲ့ပြီး တစ်နှစ်လျှင် ရွှေတစ်ပိဿာနှင့် စပါးတင်း ၅၀⁠၀၀ အခွန်တော် ပေးဆောင်ကြရ၏။ ပခန်းကြီးမှ ဦးရွှေသာနှင့် ဦးထွန်းဝတို့က လှေကြီး ၃၀ ၊ လှေငယ် ၂၀ တို့ဖြင့် ထန်းလျက်ရောင်းဝယ်ရာ အခွန်တော်အဖြစ် ထန်းလျက် ၄၀⁠၀၀ ပေးဆောင်ကြ၏။ ကုန်သည်လောကတွင် အကြီးဆုံး ပုဂ္ဂိုလ်မှာ သူဌေးစန္ဒေဇယ ဖြစ်ပြီး ကုန်တင်လှေ ၁၉၆ စင်းဖြင့် ကုန်စည် ကူးသန်း ရောင်းဝယ်နေသူ ဖြစ်သည်။

ဗဒုံမင်းလက်ထက် ပြင်ဆင်ရန်

ဗဒုံမင်း ( ဘိုးတော်ဘုရား) ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်တွင် အခွန်ဝန်အဖြစ် ခန့်အပ်ခံရသူမှာ သီရိဇေတရတ်ကျော်သည် ၁၇၉၉ ခုနှစ်ဝန်းကျင်တွင် အခွန်ဝန်အဖြစ် အမှုထမ်းဆဲဖြစ်ကြောင်း သိရှိရသည် ။ ခရစ်နှစ် ၁၈၀⁠၀ ပြည့်နှစ်စ ဝန်းကျင်တွင် စီးပွားပျက်ကပ်နှင့် ကြုံတွေ့ခဲ့ရရာ အခွန်ငွေလည်း ကမောက်ကမဖြစ်ခဲ့ရ၏ ။ ယခင်တံဆိပ်ကင်းစာကိုင်ဆောင်၍ ရောင်းဝယ်ဖောက်ကားကြသော ကုန်သည်ကြီးများအနက် ၄၄ ဦးက တံဆိပ်ကင်းစာ ပြန်လည်အပ်နှံကြသည် ။ ဗဒုံမင်းနန်းတက်စက စပါးတင်း ၁၀၀ လျှင် ၂၀ ကျပ်နှင့် ၃၀ ကျပ်အကြားသာရှိသော်လည်း ၁၈၀၈ ခုနှစ်တွင် ၂၅၀ ကျပ် ဈေးအထိဖြစ်ခဲ့သည်။ စပါးဈေး ကြောက်မက်ဖွယ်တက်လာသဖြင့် ၁၈၁၁ ခုနှစ်တွင် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းအား အခွန်ငွေမကောက်ခံဘဲ လွတ်ငြိမ်းခွင့်ပြုခဲ့သည် ။

အခွန်ဝန် ဦးနိုင် ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်အလယ်ပိုင်းတွင် အခွန်ဝင်အဖြစ် အမှုထမ်းခဲ့သူမှာ ဦးနိုင်ဖြစ်သည်။ သူသည် ပုသိမ်မြို့ဝန် မင်းထင်ရာဇာဘွဲ့ခံ ဦးညွန့်နှင့် ဒေါ်အိမ်မွှေး တို့၏သားဖြစ်သည်။ ကုန်းဘောင်ခေတ်အလယ်ပိုင်း၌ပင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၏ ဂယက်ကြောင့် စီပွားရေး ကျဆင်းခဲ့ကြရပြန်သည် ။ အခွန်တော်ရရှိငွေ အများအပြားမှာလည်း စစ်ရှောင်ကြေး အရစ်ကျပေးနေရသဖြင့် ပြည်သူများ ဆင်းရဲ ကြပ်တည်းကြရ၏ ။

အခွန်ဝန် ဦးစစ်ခါး ပြင်ဆင်ရန်

မင်းတုန်မင်းလက်ထက် အစောပိုင်းကာလတွင် အမရပူရမြို့ တရုတ်တန်းဇာတိ ဦးစစ်ခါးအား မဟာမင်းကျော်သူရိန်ဘွဲ့ဖြင့် အခွန်ဝန်အရာခန့်အပ်ခဲ့သည် ။ ဦးစစ်ခါး၏ ဝန်တော်မှာ အေနာက်ြပင်ေတာ်မှူး သမီးခင်ေြကာ့ြဖစ်ပါသည် ။ အခွန်ဝန်ဦးစစ်ခါးသည် ၁၈၆၆ ခုနှစ် ပထိမ်းအရေးတော်အပြီးတွင် နေပြည်တော်မှထွက်ပြေးခဲ့ရ၏။ ထားဝယ်မြို့သို့ ရောက်ရှိနေထိုင်ခဲ့သည် ဆိုသည် ။

မူလာအီဗရာဟင် ပြင်ဆင်ရန်

မင်းတုန်းမင်းလက်ထက်နှောင်းပိုင်းကာလတွင် အခွန်ဝန်အဖြစ်အမှုထမ်းရွက်ခဲ့သူမှာ မူလာအီဗရာဟင် ဖြစ်သည် ။ ၂⁠၂ ဖေဖဝါရီ ၁၈၇၄ ခုနှစ်တွင် အီရန်သံအဖွဲ့ မန္တလေးသို့ လာရောက်စဉ် အခွန်ဝန် မူလာအီဗရာဟင်က သံအဖွဲ့အား များစွာအကူအညီပေးခဲ့သည်။

သီပေါမင်းလက်ထက် ပြင်ဆင်ရန်

သီပေါမင်း (၁၈၇၈ - ၁၈⁠၈၅ ) လက်ထက်အေစာပိုင်းတွင် အခွန်ဝန်အဖြ အမှုထမ်းခဲ့သူမှာ ဦးမင်းမောင်နှင့် ဦးဘိုးစံတို့ဖြစ်ကြသည် ။ ဦးဘိုးစံမှာ မဟာမင်းကျော်မင်းထင်ဘွဲ့ ရရှိခဲ့သူဖြစ်၏ ။ နှောင်းပိုင်းကာလ၌ အခွန်ဝန်ရာထူးအပြောင်းအလဲရှိခဲ့သော်လည်း အမည်ကိုမူ မသိရပေ။ ဝက်မစွတ်ဝန်ထောက်ဦးလတ်၏ ဒိုင်ယာရီတွင် အခွန်ဝန် ဦးပု၊ ဦးစိုးသူ တို့၏ အမည်များကိုတွေ့ရှိရသော်လည်း မြန်မာမင်းများလက်ထက် သို့မဟုတ် ဗြိတိသျှအစိုးရလက်ထက်တွင် ခန့်အပ်ခဲ့သည်ကို တိကျေသချာစွာ မသိရေပ ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉