အင်းဒင် (ရခိုင်) ရွာ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မောင်တောမြို့နယ်ရှိ ရွာဖြစ်သည်။

အင်းဒင် (ရခိုင်)
အင်းဒင်ရွာ အထက်တန်းကျောင်းခွဲ
အင်းဒင်ရွာ အထက်တန်းကျောင်းခွဲ
အင်းဒင် (ရခိုင်) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အင်းဒင် (ရခိုင်)
အင်းဒင် (ရခိုင်)
အင်းဒင် (ရခိုင်) တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°30′46″N 92°34′48″E / 20.51278°N 92.58000°E / 20.51278; 92.58000ကိုဩဒိနိတ်: 20°30′46″N 92°34′48″E / 20.51278°N 92.58000°E / 20.51278; 92.58000
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်မောင်တောခရိုင်
မြို့နယ်မောင်တောမြို့နယ်
ကျေးရွာအုပ်စုအင်းဒင်[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လူဦးရေ ၆၀၀၀ ခန့် နေသည်။ အများစုမှာ ရခိုင်လူမျိုးဖြစ်သည်။ [၂]

ပထဝီဝင် ပြင်ဆင်ရန်

ဘင်္ဂလားပင်လယ်အော်သို့ မေယုမြစ်ဝင်ရာအနီး ကုလားတန်မြစ်ဝကျွန်းပေါ်ဒေသတွင် ရှိသည်။ [၃] အနောက်ဘက်တွင် သံတွဲ၊ မြောက်ဘက်တွင် စစ်တွေမြို့တို့ ရှိပြီး မောင်တောမြို့မှာလည်း ရွာအနီးတွင်ပင် ဖြစ်သည်။

စီးပွားရေး ပြင်ဆင်ရန်

စပါးအဓိက စိုက်သော်လည်း ကွမ်းသီးစိုက်သူ၊ ငါးဖမ်းသူတို့လည်း ရှိသည်။ [၄]

ထင်ရှားသည့် ဖြစ်ရပ်များ ပြင်ဆင်ရန်

ထိုင်းနိုင်ငံမှ တိုယို အင်ဂျင်နီယာရင်းနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ရန် ပြင်သော်လည်း ဒေသခံများ ကန့်ကွက်သဖြင့် အစီအမံ ပျက်ဖူးသည်။ [၄]

၂၀၁၇ ခု၊ စက်တင်ဘာလ ၁ ရက်၌ နယ်မြေလှည့်နေသော တပ်မတော်မှ လုံခြုံရေးအဖွဲ့ကို ရိုဟင်ဂျာ ၂၀၀ ခန့်က လူအင်အား အားကိုး၍ တိုက်သည်။ ထိုလူအုပ်အနက်မှ ၁၀ ယောက်ကို အရှင် ဖမ်းမိသည်။ ရဲစခန်းတွင်လည်း အခြေအနေ မငြိမ်သက်သည့်အတွက် သုဿာန်သို့ ခေါ်သွားစဉ် (ယခင်က ရွာသား ဦးမောင်နီကို ရိုဟင်ဂျာတို့က သတ်ဖူးသဖြင့်) ဦးမောင်နီ၏ သား ၂ ဦးနှင့် အခြား ၁ ဦးတို့က အဖမ်းဆီးခံ ရိုဟင်ဂျာတို့ကို ဓားနှင့် ခုတ်ကြ၍ ထွက်ပြေးသူတို့ကို တပ်ဖွဲ့ဝင်တို့က အသေပစ်ဖမ်းရကြောင်း တပ်မတော်ဘက်က ဆိုသည်။ [၅]

ရိုက်တာသတင်းကမူ ထိုရွာသားများအကူအညီနှင့် အဆုံးစီရင်သည်ဟု ဖော်ပြသည်။ [၆] နောင်တွင် အမှုမှန် ပေါ်ပေါက်သဖြင့် တပ်မတော်မှ အရာရှိ ၄ ဦး၊ အခြားအဆင့် ၃ ဦး၊ အရပ်သား ၁ ဦး ထောင်ဒဏ် အပြစ်ပေးခံရသည်။ ထိုကိစ္စကို ဖော်ထုတ်သော ရိုက်တာမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့က ပူလစ်ဇာဆု ရရှိခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. GAD, Feb 2011.
  2. Kipgen, Nehginpao (11 Jan 2018) A Difficult Year for Myanmar. The Hindu.
  3. Arakan Research Center. Trek Thailand
  4. ၄.၀ ၄.၁ Khai, Khen Suan (Oct 2015) "Japan's Official Development Assistance Diplomacy towards Burma in Post 2012", International Conference on Burma/Myanmar Studies. University Academic Service Center (UNISERV), Chiang Mai University.
  5. (၂၀၁၈ ဇန်နဝါရီ ၁၀) "အင်းဒင်က အလောင်းတွေဟာ ဘင်္ဂါလီအလောင်းတွေလို့ စစ်ဆေးတွေ့"။ ဘီဘီစီ။
  6. (၂၀၁၈ စက်တင်ဘာ ၅) "ရိုက်တာသတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု"။ ဘီဘီစီ။