အင်းလေးဂျစ်
အင်းလေးနည်းဗျူဟာဂျစ် ခေါ် အင်းလေးဂျစ်သည် တပ်မတော် အကြီးစားစက်မှုလုပ်ငန်းက ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်သော လေးဘီးယက်မော်တော်ယာဉ်အမျိုးအစား ဖြစ်သည်။ လက်ရှိထုတ်လုပ်နိုင်စွမ်းသည် တစ်နှစ်လျှင် အစီးရေ ၂၀၀ ဖြစ်သည်။ နောက်ပိုင်းတွင် တစ်နှစ်လျှင် အစီးရေ ၁၀၀၀ အထိတိုးမြှင့်မည်ဖြစ်သည်။ [၁] အင်းလေးဂျစ်ကို လက်ရှိတွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့အတွက်သာ ထုတ်ပေးသည်။
ထုတ်လုပ်သူ | တပ်မတော် |
---|---|
ထုတ်လုပ်သည့်ခုနှစ် | ၂၀၁၆ - လက်ရှိ |
တပ်ဆင်သည့်နေရာ | တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို) |
ဘော်ဒီစတိုင်လ် | တံခါး ၃ ပေါက်၊ စတေရှင်ဝက်ဂွန် |
ပလက်ဖောင်း | ရှေ့အင်ဂျင်၊ နောက်ဘီးယက် |
အင်ဂျင် | ၃.၂ လီတာ ဒီစီဒီအင်ဂျင် |
ဂီယာ | ၅ ချက်၊ မန်နူရယ် |
သမိုင်း
ပြင်ဆင်ရန်၂၀၁၆ ခုနှစ်တွင် တပ်မတော်သည် စက်မှုဝန်ကြီးဌာနမှ မော်တော်ယာဉ်လုပ်ငန်းများကို လွှဲပြောင်း ရယူခဲ့သည်။ ထိုစက်ရုံများသည် တပ်မတော်သို့ မလွှဲပြောင်းမီတွင် အကြောင်းပြချက် အမျိုးမျိုးကြောင့် လုပ်ငန်းရပ်ဆိုင်းနေခဲ့သည်။ [၁]
အင်းလေးအတွက် ဝင်ရိုးများကို တပ်မတော်အကြီးစားစက်မှုလုပ်ငန်း (မြင်းခြံ) မှထုတ်လုပ်ပြီး ဂီယာအုံများမှာ တပ်မတော်အကြီးစားစက်မှုလုပ်ငန်း (မကွေး) မှဖြစ်သည်။ [၂] တပ်မတော်အကြီးစားစက်မှုလုပ်ငန်း(ထုံးဘို)တွင် အပြီးသတ် တပ်ဆင်ထုတ်လုပ်သည်။ ထုံးဘိုစက်ရုံသည် ၁၉၇၀ မှစ၍ မာဇဒါဂျစ်(Mazda Pathfinder XV-1) များကို တပ်ဆင်ထုတ်လုပ်ခဲ့သည်။
အင်ဂျင်သည် စက်မှုလက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ် ၁၄ အကြီးစားစက်ရုံ (သာဂရ)မှ ထုတ်လုပ်သော DCD(CY 499 Ti) နှင့် ပုံစံတူသည်။[၃] သို့သော် ထိုစက်ရုံသည် ဘဏ္ဍာရေးဆုံးရှုံးမှုများကြောင့် အစိုးရက ၂၀၁၇ ခုနှစ်တွင် လည်ပတ်မှု ဆိုင်းငံ့ထားခဲ့သည်။ ထို့ကြောင့် တပ်မတော်သည် တရုတ်နိုင်ငံမှ အင်ဂျင်များကို တင်သွင်းခဲ့သည်။
မူကွဲများ
ပြင်ဆင်ရန်အင်းလေးဂျစ်သည် ကိုယ်ထည်တိုပုံစံဖြစ်ပြီး ပတ္တူခေါင်မိုးနှင့် နောက်ခန်းတွင် ခုံတန်းရှည်များပါရှိသည်။ ဤမူကွဲကို အဓိကအားဖြင့် အဆင့်မြင့်အရာရှိများအား ထုတ်ပေးသည်။
အသစ်တီထွင်ထားသော Type 63 ဒုံးကျည်ပစ်လွှတ်စင် တပ်ဆင်ထားသည့်ပုံစံနှင့် ဒုံးကျည်အိမ် တပ်ဆင်ထားသည့်ပုံစံကို ၇၆ နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြပွဲတွင် တွေ့မြင်ခဲ့သည်။
ကိုးကားချက်များ
ပြင်ဆင်ရန်