၁၈၃၉ ခုနှစ် အင်းဝငလျင် ("အမရပူရငလျင်" ဟုလည်း သိကြ) သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၃ ရက်နေ့မနက်ပိုင်းတွင် ဆက်တိုက်လှုပ်ခတ်ခဲ့သည့်ပြင်းအားမြင့် ငလျင်တစ်ခု ဖြစ်သည်။[] ဤငလျင်သည် ၁၇၆၂ ခုနှစ်ကတည်းက လှုပ်ခတ်ခဲ့သည့် ငလျင်များတွင် အပြင်းထန်ဆုံးတစ်ခုလည်း ဖြစ်သည်။ တုန်ခါမှုများသည် အဆင့် ၉ (အပြင်းထန်ဆုံး) ရီခဲ့သည်။ ငလျင်တုန်ခါမှုကြောင့် ဗန်းမော်နှင့် ရန်ကုန်မြို့များကို ထိခိုက်ခဲ့သည်။[] ခရစ်သက္ကရာဇ် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့၊ စနေနေ့ နံနက် ၄ နာရီခန့်လောက်တွင် အင်းဝနှင့် စစ်ကိုင်း အနီးဝန်းကျင်ကို အခြေပြု၍ ဖျက်ဆီးအားအလွန်ပြင်းသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့သည်။ ထိုစဉ်က မြို့တော်မှာ အမရပူရဖြစ်ပြီး မြို့တော်ဟောင်းမှာ အင်းဝဖြစ်သောကြောင့် အင်းဝငလျင်ဟု မှတ်တမ်းတင်ထားသည်။ မြို့တစ်ခွင်လုံးက အိမ်များ အားလုံးနီးပါး ပျက်စီးသွားခဲ့သည်။ အုတ်နှင့်ဆောက်ထားသော ကျောင်းများပြိုကျသဖြင့် ဘုန်းတော်ကြီးအများစု သေဆုံးကြသည်။ ၃၀၀ ခန့်မျှပင် ရှိကြောင်းမှတ်တမ်းထားခဲ့သည်။ အမှန်တကယ် အရေအတွက်ကိုမူ မသိရပေ။ အင်း၀မြို့ရိုး နေရာအတော်များများ ပျက်သွားခဲ့သည်။ အမရပူရမြို့ရိုးမှာ အသစ်ဖြစ်၍ အင်းဝမြို့ရိုးထက်ပို၍ ခိုင်ပုံရသည်။ အင်းဝငလျင်ကြီး မဖြစ်မီ နာရီပိုင်းအလိုတွင် မင်္ဂလာဆင်တော်က ထိုတုန်ခါမှုကို ခံစားသိရသဖြင့် တင်းကုပ်မှထွက်ကာ ဆင်ဦးစီးကို ကယ်တင်ခဲ့ကြောင်း သိမှတ်ရဘူးသည်။

၁၈၃၉ ခုနှစ် အင်းဝငလျင်
epicenter.
epicenter.
၁၈၃၉ အင်းဝငလျင် (မြန်မာနိုင်ငံ)
UTC အချိန်1839-03-23 24:30
ဒေသ ရက်စွဲ23 March 1839
ဒေသ အချိန်04:00
အတိုင်းအတာ>7.0 Mw
ငလျင်ဗဟို21°54′N 96°00′E / 21.9°N 96.0°E / 21.9; 96.0ကိုဩဒိနိတ်: 21°54′N 96°00′E / 21.9°N 96.0°E / 21.9; 96.0
အက်ကွဲကြောင်းစစ်ကိုင်းပြတ်ရွေ့ကြော
အမျိုးအစားStrike-slip
သက်ရောက်ဧရိယာကုန်းဘောင်ခေတ် (မြန်မာနိုင်ငံ လက်ရှိကာလ)
စုစုပေါင်းပျက်စီးမှုမြို့သုံးမြို့ ပျက်စီးခဲ့
အများဆုံးပြင်းအား၉ (အပြင်းဆုံး)
ForeshocksYes
AftershocksYes
ထိခိုက်သေကြေမှုများ၅၀၀+ သေဆုံး

မှတ်တမ်းတစ်ခုမှာ (ထိုအချိန်ကရောက်ရှိနေသည့် Mr. Spear ဆိုသူ၏မှတ်တမ်း ဖြစ်သည်။) နံနက်ခင်းကို အပျက်အစီးပုံများနှင့် တန်ဆာဆင်ထားသကဲ့သို့ဖြစ်သည်။ လှုပ်ရှားမှုသည် တောင်မြောက်ဖြစ်ပုံရပြီး မြစ်ရေလည်းတိုးလာခဲ့သည်။ လှိုင်းပုတ်သံ မကြားရပါ။ သို့သော် အမရပူရနှင့် အင်းဝဖက်ခြမ်း မြစ်ကမ်းနေရာ အတော်များများ ပဲ့ကျကုန်သည်။ ၅ ပေ မှ ၂၀ ပေလောက်အထိကျယ်သော အက်ကြောင်းကြီးများ ဖြစ်ကုန်ပြီး ရေနှင့်သဲများပန်းထွက်ကြသည်။ စစ်ကိုင်းမှာလည်း အင်းဝကဲ့သို့ပင် တောင်ထိပ် မြစ်ကမ်းဘေး စေတီများ ပြိုပျက်ကုန်သည်။ မင်းကွန်းပုထိုးတော်ကြီးမှာ တည်ဆောက်ဆဲမှာပင် ငလျင်ကြီးကြောင့် ပျက်စီးသဖြင့် ထိုအပျက်အတိုင်းပင် ယနေ့တိုင် မြင်နေရသည်။

ထိုစဉ်က ငလျင်လှုပ်သည့်အရှိန်ကို ရန်ကုန်နှင့် မော်လမြိုင်မြို့များက တိတိကျကျ ခံစားသိကြရ သည်။ ပြည်မြို့တွင် အတော်ပြင်းပြင်းခံရသည်။ အပြိုအပျက်အထိအခိုက် မရှိပေ။ ဗန်းမော်တွင် အပျက်အစီးရှိသည်ဟုဆိုသော်လည်း အတိအကျမသိရပေ။ ယခု မိုးကောင်းမြို့ အနောက်ဖက်ရှိ အင်းတော်ကြီးကန်အနီးတွင် ထိုစဉ်က မြို့ငယ်လေး တစ်ခုသည် လုံး၀နီးပါး ပြိုပျက်သွားကြောင်း မှတ်တမ်းတင်ထားသည်။ အာသံ(အိန္ဒိယ)၊ ထိုင်းနိုင်ငံများမှပင် ခံစားသိရှိရကြောင်း Oldham (၁၈၈၃) ၏မှတ်တမ်းအရသိရသည်။ မျက်မှောက်ဘူမိနေထားအရ စစ်ကိုင်းမှ အင်းတော်ကြီးအထိ စစ်ကိုင်းပြတ်ရွေ့ သည် ၂၆၀ ကီလိုမီတာခန့်ရှိရာ အလွန်ပြင်းထန်သည့် ငလျင်ဖြစ်ကြောင်း ခန့်မှန်း၍ ရပေသည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတွင် ရွေ့လျားနေသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။ ၎င်းသည်လည်း ငလျင်များ ဖြစ်ပေါ်ရာ အဓိကရင်းမြစ်ဖြစ်သည်။ ငလျင်ဗဟိုချက်သည် မန္တလေးမြို့၏ အပြင်ဘက်နားတွင် ဖြစ်ပေါ်ခဲ့သည်။ အလျား ၄၀၀ ကီလိုမီတာရှိသည့် မိတ္ထီလာနှင့် စစ်ကိုင်းပြတ်ရွေ့ကြောအပိုင်းသည် ထိတိုက်မှုများ ဖြစ်ပေါ်၍ ငလျင်တစ်ခုဖြစ်ပေါ်စေကာ ပြင်းအား ၈.၁ မှ ၈.၃ အထိ ရှိခဲ့သည်ဟု ဆိုသော်လည်း အခြားသုတေသနဆိုင်ရာအတည်ပြုမှုများ လိုနေသေးသည်။[] အလျား ၂၆၀ မီတာခန့်ရှိသည့် မိတ္ထီလာပြတ်ရွေ့ကြောအပိုင်းသည် နေပြည်တော်မှ မန္တလေးသို့ ရွေ့လျားမှုများဖြစ်ပေါ်ခဲ့သည့် အခြေခံကျသည့် အကြောင်းများလည်း ရှိသည်။ ဤငလျင်အတွက် တရားဝင်ပြင်းအားဖော်ပြထားမှု မရှိဘဲ မီဒီယာနှင့် သတင်းစာအများစုတွင် ပြင် ပြင်းအား 7.0–7.5 သို့မဟုတ် ≥8.0 Mw ရှိသည်ဟု ဆိုကြသည်။[][] ၁၈၃၉ ခုနှစ် မန္တလေးအပြင်ဘက်တွင် အဝေးထိန်းအာရုံခံမှုနှင့် ကွင်းဆင်းစမ်းသပ်မှုများအရ အမြင့်ဆုံးရွေ့လျားမှုသည် ၅ မှ ၇ မီတာအထိ ရှိသည်ဟု ဆိုသည်။ ထိုအတိုင်းအတာဖြင့် ဆိုပါက ပြင်းအားသည် 7.4 သို့မဟုတ် 8.0+ ရှိသည်။[][]

၁၉၄၆ ခုနှစ်တွင် ၁၈၀ ကီလိုမီတာအရှည်ရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောအပိုင်းသည် အဓိကငလျင်နှစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းနှင့်ပတ်သက်၍ ထိခိုက်မှု မရှိခဲ့ပေ။ ၁၉၅၆ ခုနှစ်တွင် မန္တလေးမြို့အနီးတွင် ပြင်းအား ၇.၁ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ပြီး ၁၈၃၉ ခုနှစ်ကပျက်စီးစေခဲ့သည့် နေရာများတွင်ပင် ၆၀ ကီလိုမီတာခန့် ပျက်စီးစေခဲ့သည်။[] ထိုအတောအတွင်းတွင် ၂၆၀ ကီလိုမီတာအရှည်ရှိသည့် မိတ္ထီလာပြတ်ရွေ့ကြောအပိုင်းသည် ၁၈၃၉ ခုနှစ် ငလျင်လှုပ်ပြီးကတည်းက မည်သည့်ငလျင်ကိုမှ မဖြစ်ပေါ်စေခဲ့သည့်အတွက် seismic gap တစ်ခု ဖြစ်သည်ဟု သတ်မှတ်ကြသည်။[]

ပျက်စီးမှုနှင့် သက်ရောက်မှု

ပြင်ဆင်ရန်

ကြီးမားသည့် ပျက်စီးမှုများသည် အင်းဝတွင် ဖြစ်ပေါ်ခဲ့သည်။ ငလျင်လှုပ်ခါသဖြင့် မင်းကွန်းရှိ စေတီတော်တစ်ဆူသည်လည်း ပြင်းထန်စွာပျက်စီးခဲ့ရသည်။ ဗြိတိသျှမြန်မာအာဏာပိုင်များက မန္တလေးနှင့် အနီးအနားရှိဧရိယာကို အလွန်အမင်းပျက်စီးခဲ့သည့်နေရာများဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။[][၁၀] ဘုရားစေတီများစွာတို့သည် ဤငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရသည်။ အမရပူရမြို့တွင်လည်း ၁၀ ပေကျော်ကျယ်သည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။ အုတ်ဖြင့်ဆောက်ထားသည့်အဆောက်အဦနီးပါးတိုင်းသည်လည်း အုတ်ကျိုးအုတ်ပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အက်ကွဲကြောင်းများကြောင့် ရွာအချို့သည်လည်း နစ်မြုပ်သွားခဲ့သည်။ လူပေါင်း ၂၀၀ မှ ၃၀၀ အကြား သေဆုံးခဲ့ရသည်။ ငလျင်လှုပ်ခတ်မှုသည် ဧရာဝတီမြစ်၏ ရေကြောင်းစီးဆင်းမှုကိုလည်း ပြောင်းပြန်ဖြစ်သွားစေခဲ့ကာ မြစ်ကမ်းနားတွင် ရေလှိုင်းရိုက်ခတ်မှုနှင့် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။[] ဤငလျင်ကြီး မဖြစ်မီ ၁၈၃၈ က ငလျင်ကြိုတစ်ခု (ငလျင်ကြီးမဖြစ်မီ ဖြစ်ပွားသည့် ငလျင်) လှုပ်ခတ်ခဲ့ပြီး မြို့ကို ပျက်စီးစေခဲ့သည်။[၁၁]

ရုပ်ပုံများ

ပြင်ဆင်ရန်
  1. Oldham, Thomas. "A Catalogue of Indian Earthquakes from the earliest time to the end of AD 1869". Memoirs of the Geological Survey of India XIX. 
  2. Earthquake Event Information MYANMAR (BURMA): AVA, AMARAPURA
  3. ၃.၀ ၃.၁ Yu, Wang (2014). "Active Tectonics and Earthquake Potential of the Myanmar region". Journal of Geophysical Research: Solid Earth 119 (4). doi:10.1002/2013JB010762. Bibcode2014JGRB..119.3767W. 
  4. "The Catastrophe in Haiti: A Repeat Lesson for Us all" (21 January 2010). RSIS Commentaries. 
  5. "Govt unveils quake preparedness plan"၊ Myanmar Times၊ 7 August 2019။ 20 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 24 June 2021။ 
  6. Morphotectonics of the Central Sagaing fault West of Mandalay: Trace of the 1839 Ava Earthquake Rupture။ 23 March 2021 တွင် ပြန်စစ်ပြီး။
  7. "Myanmar setting up global positioning system for earthquake monitoring"၊ People's Daily Online၊ 25 November 2009။ 20 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 22 March 2016။ 
  8. "The Sagaing Fault, Myanmar" (15 November 2017). Geological Society, London, Memoirs 48: 413–441. doi:10.1144/M48.19. 
  9. ၉.၀ ၉.၁ "Some Documents of Tharrawaddy's Reign: 1837-1846, Part I" (2003). SOAS Bulletin of Burma Research 1. 
  10. "Burmah" (1839). The Asiatic Journal XXX. 
  11. Significant Earthquake Information MYANMAR (BURMA): AVA (INNWA)။ NGDC NCEI။ 23 March 2021 တွင် ပြန်စစ်ပြီး။