အစ်ကနျူမန် နကျယ်ကောင်

(အစ်ကနျူမန်နကျယ် မှ ပြန်ညွှန်းထားသည်)
အစ်ကနျူမန် နကျယ်ကောင်
(အင်္ဂလိပ်: Ichneumon Wasp)
Temporal range: ခရီတေးရှတ်ယုဂ် အစောပိုင်း-လက်ရှိ 125–0 Ma
Diphyus sp., Rhône (ပြင်သစ်)
Anomaloninae, (တန်ဇန်းနီးယား)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Hymenoptera
မျိုးစဉ်သေး: Apocrita
Superfamily: Ichneumonoidea
မျိုးရင်း: Ichneumonidae
Latreille, 1802
မျိုးရင်းခွဲများ

See below

အစ်ကနျူမန် နကျယ်ကောင် (Ichneumon Wasp) သည် နကျယ် မျိုးရင်း အစ်ကနျူမန်နီဒီး(Ichneumonidae) ဖြစ်၍ ပျားပုရွက်ဆိတ်တို့နှင့်အတူ ဟိုင်မင်နော့တာရာ(Hymenoptera) မျိုးစဉ်ဝင် အင်းဆက်ပိုးမျိုးဖြစ်သည်။ ပျားများ၊ နကျယ်များကဲ့သို့ပင် အမြှေးပါးအတောင် လေးခုရှိသည်။ အစ်ကနျူမန်နကျယ်များသည် အရွယ်အစားစားရှိကြသည့်အနက် အချို့မှာ ပုရွက်ဆိတ်သာသာရှိ၍ အချို့ကား နှစ်လက်မ၊ သုံးလက်မမျှမက ရှည်ကြသော်လည်း အားလုံးတွင် အပ်ချည်ကဲ့သို့သော ဦးမှင်များ သေးသွယ်ရှည်လျားသော ဝမ်းပိုက် နှင့် ရှည်လျားသော ခြေထောက်များရှိကြသည်။ အမတွင် အပ် ကဲ့သို့ချွန်သော ဥတံတစ်ခုပါရှိ၍ ထိုဥတံသည် လေးလက်မ လောက်ရှည်တတ်သည်။

အစ်ကနျူမန်နကျယ်၏ ပိုးလောင်းများသည် အခြားအင်းဆက်ပိုးများကို မှီခိုစားသောက်၍ ကြီးပြင်းတတ်သော အလေ့ရှိသည်။ အစ်ကနျူမန်နကျယ်အမသည် ဥများအုလိုသော အခါ ချွန်သောဥတံဖြင့် အခြားပိုးလောင်းတစ်ကောင်၏ ကိုယ်ထဲသို့ ထိုးဖောက်သွင်းလိုက်ပြီးလျှင် ဥများကိုအုသည်။ နကျယ် ပိုးလောင်းကလေးများသည် ဥများမှပေါက်လာကြပြီးလျှင် ထိုပိုး ကောင်လေးများကိုပင် စားသောက်လျက် တဖြည်းဖြည်းကြီးပြင်း လာကြသည်။ နောက်ဆုံးတွင် အစားခံရသော ပိုးလောင်းကောင်မှာ သေသွားသည်။ နကျယ်ပိုးလောင်းများသည် အပြင်သို့ထွက် လာကြပြီးလျှင် ချည်မျှင်ကလေးများဖြင့် သူတို့၏ကိုယ်ကိုရစ်ကာ ပိုးအိမ်လုပ်၍နေကြလေသည်။ ပိုးအိမ်များငင်၍ ပြီးသော အခါ ပိုးလောင်းများသည် ပိုးတုံးလုံးအဖြစ်သို့ ရောက်ရှိလာကြ၏။ ပိုးတုံးလုံးများအဖြစ်တွင် တဖြည်းဖြည်းပြောင်းလဲလာရာ နောက်ဆုံးတွင် အင်္ဂါစုံပိုးကောင်ကြီးအဖြစ်သို့ ရောက်ရှိလာကြလေသည်။

အစ်ကနျူမန်နကျယ်များသည် အပင်များကို ဖျက်ဆီးတတ်သော ပိုးကောင်အမြောက်အမြားကို ဤနည်းဖြင့် စားသောက်ကြသောကြောင့် ယင်းတို့သည် တောင်သူလယ်သမား တို့အား များစွာကျေးဇူးပြုပေသည်။ အစ်ကနျူမန်နကျယ်များသည် ပိုးကောင်များကို ဥများမှစ၍ ပိုးကောင်ကြီးများအထိ စားကြသည်။ အထူးသဖြင့် ပေါက်ဖတ်များကို စားကြသည်။ အချို့က ပိုးတောင်မာယင်ကောင် နှင့် အခြားနကျယ်ကောင်များ၏ ပိုးလောင်းများကို စားကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၇၆)။ "အစ်ကနျူမန် နကျယ်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း၁၅ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၂၈၊ ၃၂၉။