အဋ္ဌာနပါဠိ-တတိယဝဂ်
ကိုယ် နှုတ် စိတ် ကောင်းမှုများသည် ဆိုးကျိုးကို မဖြစ်၊ ကောင်းကျိုးကိုသာ ဖြစ်စေသည်၊ ကိုယ် နှုတ် စိတ် ပြစ်မှုသမားသေလျှင် ထိုပြစ်မှုကြောင့် နတ်ပြည်မရောက်နိုင်၊ ငရဲသို့သာရောက်နိုင်သည်၊ ကောင်းမှုရှင်သေလျှင် ထိုကောင်းမှုကြောင့် ငရဲမရောက်နိုင် နတ်ပြည်သို့သာ ရောက်နိုင်သည်ဟု ဟောတော်မူသည်။
ပြစ်မှုသမားသေလျှင်
ပြင်ဆင်ရန်ကုသိုလ် အကုသိုလ်ကံ အားထုတ်ဆဲခဏသည် အာယူဟန သမင်္ဂီတာ၊ စေတနာသမင်္ဂီတာမည်၍ အရဟတ္တဖိုလ်မရခင် သတ္တဝါများ ပြုထားသဖြင့် အကျိုးပေးနိုင်သော ကံရှိနေချိန် ကမ္မသမင်္ဂီတာ၊ အကျိုးပေးဆဲ ခဏ ဝိပါက သမင်္ဂီတာ မည်သည်။
အရဟတ္တဖိုလ်မရခင် ငရဲသွားမည့်သူများအတွက် မီးလျှံငရဲအိုး၊ လူဖြစ်မည့်သူများအတွက် အမိဝမ်းရေ၊ နတ်ဖြစ်မည့်သူများအတွက် ပဒေသာပင် ဗိမာန် စသော ရောက်ရမည့်ဘဝဆိုင်ရာ အာရုံထင်မှုနှင့် ပြည့်စုံချိန်ကား ဥပဋ္ဌာနသမင်္ဂီတာ-ဟု သမင်္ဂီ ၅-မျိုး ရှိသည်။
ဥပဋ္ဌာန သမင်္ဂီလှုပ်ပုံ
ပြင်ဆင်ရန်အထက် ၄-ပါး မလှုပ်ပါ၊ အာရုံထင်မှုသာ လှုပ်သည်၊ ငရဲဆိုင်ရာ ထင်ပြီးသော်လည်း နတ်ပြည်ဆိုင်ရာ ထင်နိုင်သည်။ နတ်ပြည်ထင်ပြီး ငရဲ၊ လူ ပြည် ထင်ပြီး တိရစ္ဆာန်၊ တိရစ္ဆာန်ထင်ပြီး လူ့ပြည် အာရုံထင်နိုင်သည်၊ ဓမ္မကထိက သောဏ အရှင်၏ ဖခင် ဦးပဉ္စင်းကြီး (လူဘဝ-သားသတ်မုဆိုး)သည် ငရဲအာရုံထင်ပြီးမှ နတ်ပြည်အာရုံ ပြောင်းထင်လာသည်။
အကုသိုလ်များ အားယူလာ
ပြင်ဆင်ရန်သောဏာတောင်ခြေနေ အရှင်သောဏသည် ဖခင် မုဆိုးကြီးကို တရားပြမရပါ၊ မပျက်စီးရန် အရွယ်ကြီးချိန် ရဟန်းပြုပေးလိုက်သည်၊ သေခါနီး နိမိတ်ထင်လာ၍ “မောင်းပါသား၊ တောင်ခြေမှ ခွေးကြီးတွေ ကိုက်ရန်လာကုန် ပြီ”ဟု အော်ရာ “ငါ့လိုသားရဲ့ဖခင်, ဘယ်ငရဲဝင်ရမလဲ”ဟု ကြံကာ အရှင်သောဏသည် ကိုရင်များ ပန်းရှာခိုင်းပြီး စေတီယင်ပြင် ဗောဓိယင်ပြင်၌ ပန်းမွေ့ရာစီစဉ်သည်၊ ဖခင်ကို ခုတင်ဖြင့် စေတီပေါ်ထားကာ “ဤပန်းသည် ဦးပဉ္စင်းကြီး ကောင်းမှုပါ တပည့်တော်၏ ဆင်းရဲသားလက်ဆောင် အလှူပါဘုရား”ဟု လျှောက်ထားပြီး ဘုရားရှိခိုး စိတ်ကို ကြည်ညိုစေပါ”ဟု သင်ပေးသည်။ အားအရှင်သောဏ အစီအစဉ်အတိုင်း ဆောင်ရွက်ကြည်ညိုရာ နန္ဒဝန်စသော ဥယျာဉ်များနှင့် နတ်သမီးများ ခြံရံနေကြသလို နတ်အာရုံထင်လာသဖြင့် “သားဖယ်ကြပါ၊ ဟိုမှာ သားအမေများလာနေကြသည်”ဟု ဦးပဉ္ဇင်းကြီးပြောသည်တွင် နတ်အာရုံနိမိတ် ထင်လာကြောင်း အရှင်သောဏသိလေသည်၊ ဤသို့ အာရုံထင်မှု လှုပ်သည်၊ အာယူဟန စေတနာ၊ ကမ္မသမင်္ဂီတာ ၃-ပါးပြည့်စုံမှုကို ဒုစရိုက်ပြည့်စုံသူ ပြစ်မှုသမားဟု ဆိုသည်။
အယူအဆ ၂-မျိုး
ပြင်ဆင်ရန်ကံအားထုတ်ချိန်၌သာ လူဆိုးအတွက် နတ်ပြည်တားသည်ဟု ဧကေဆရာများက ယူဆပြီး အပရေဆရာများကမူ အားထုတ်ထားသောကံသည် အကျိုး ပေးလှည့်ရ၊ မရ ၂-မျိုးရှိသည်၊ အကျိုးပေးလှည့်ရချိန်၌သာ အကုသိုလ်ကံသည် လူဆိုးအတွက် နတ်ပြည်တားသည်ဟုလည်း ယူဆကြသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။