အတုလသီရိမဟာရာဇဒေဝီ
(အတုလသီရိ မဟာရာဇဒေဝီ မှ ပြန်ညွှန်းထားသည်)
အတုလသီရိမဟာရာဇဒေဝီ ဘွဲ့ခံသည် အင်းဝဘုရင် နရပတိလက်ထက် မိဖုရားခေါင်ဖြစ်သည်။
Atula Thiri Maha Yaza Dewi အတုလ သီရိ မဟာရာဇ ဒေဝီ | |
---|---|
အင်းဝမိဖုရားခေါင် | |
နန်းသက် | 25 April 1442 – 24 July 1468 |
ရှေ့မင်းဆက် | မင်းလှညက် |
ဆက်ခံသူ | အမိတ္တ သီရိ မဟာဓမ္မဒေဝီ |
မွေးဖွား | 1410s ပုဂံ |
ကွယ်လွန် | c. 1470s အင်းဝမြို့ |
အိမ်ထောင်ဖက် | နရပတိ |
သားသမီးများ | သားတော် ၃၊ သမီးတော် ၅: သီဟသူရ ရွှေအိမ်သည် မင်းလှထွတ် မင်းကြီးစွာ Bodaw Me of Kale Min Mya Htut of Pakhan မင်းကြီးစွာ Min Taya Medaw of Pinle |
စံအိမ် | မိုးညှင်းသတိုး |
ခမည်းတော် | သင်္ခယာ |
မယ်တော် | စောမင်းပု |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ငယ်ဘဝ ပြင်ဆင်ရန်
မင်းခေါင်၏ ဘထွေးတော် ပုဂံသင်္ခယာနှင့်၊ ဝတီးသင်္ခယာ၏ သမီးတို့မှ မြင်သည်။ အမည်ရင်းမှာ ရှင်မိညက် တည်း။
အိမ်နိမ့်စံဘဝ ပြင်ဆင်ရန်
မိုးညှင်းမင်းက သား သီဟသူကို ပြည်မြို့ကို စားစေပြီး ဤမိန်းမငယ်နှင့် လက်ဆက်ပေးသည်။
မိဖုရားခေါင်ဘဝ ပြင်ဆင်ရန်
၈၀၄ ခုတွင် အင်းဝ၌ နရပတိ နန်းတက်သည်နောက် အတုလသီရိမဟာရာဇဒေဝီဘွဲ့နှင့် မိဖုရားခေါင်ဖြစ်လာသည်။
သားသမီးများ ပြင်ဆင်ရန်
- သားတော် မဟာသီဟသူရ၊ မြောက်သားတော်မှာ ခမည်းတော်နှမ ပုခန်းမိဖုရား သမီး စောလှမင်း
- နှမတော် တွင်းသင်းမိဖုရား ရွှေအိမ်သည်၊ မြောက်သားတော်မှာ ဦးရီးတော် မိုးညှင်း သီဟပတေ့ သား ပုခန်းနှင့် ဗန့်ကျီ ၁၀ တိုက်၊ ရဲလှေ ၁၀ စင်းရသော သီဟပတေ့
- ညီမတော် မင်းလှထွတ်၊ မြောက်သားတော်မှာ ဦးရီးတော် မင်းရဲကျော်စွာ သား စစ်ကိုင်းနှင့် ၁၀ မြို့စား မင်းကြီးဖြူ
- မောင်တော် ဆင်ဖြူများရှင် ပြည်စား မင်းကြီးစွာ၊ မြောက်သားတော်မှာ ဦးရီးတော် မင်းရဲကျော်စွာနှင့် စောမင်းဖြူတို့ သမီး စောမြတ်လေး
- နှမတော် ဘို့မယ်၊ မြောက်သားတော်မှာ ဦးရီးတော် မင်းရဲကျော်စွာနှင့် စောမင်းဖြူတို့ သား ကလေး မင်းရဲကျော်စွာ
- ညီမတော် မင်းများထွတ်၊ မြောက်သားတော်မှာ ဦးရီးတော် မိုးညှင်း သီဟပတေ့ သား ပုခန်းနှင့် ဗန့်ကျီ ၁၀ တိုက်၊ ရဲလှေ ၁၀ စင်းရသော (အစ်မလင်) သီဟပတေ့
- မောင်တော် ပြည်ကို သတိုးမင်းစောခံ၍ မင်းပြုသည့် မင်းဘစော၊ မြောက်သားတော်မှာ ဦးရီးတော် မင်းရဲကျော်စွာ သမီး မြတ်ဘုန်းပြို
- နှမတော် မင်းတရားမယ်တော်၊ ပင်လယ်မိဖုရား
ကိုးကား ပြင်ဆင်ရန်
အတုလသီရိမဟာရာဇဒေဝီ မွေးဖွား 1410s ကွယ်လွန် c. 1470s
| ||
Royal titles | ||
---|---|---|
ယခင်က မင်းလှညက် |
အင်းဝမိဖုရားခေါင် c. 25 April 1442 – 24 July 1468 |
ဆက်ခံသူ အမိတ္တ သီရိ မဟာဓမ္မဒေဝီ |