အရှင်အတ္ထသန္ဒဿကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်အတ္ထသန္ဒဿကထေရ် သည် “နာရဒ” အမည်ရှိသည့် ပုဏ္ဏားဖြစ်နေ၏။ တစ်နေ့သောအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခြံရံလျက်ရှိနေသည်ကို ဖူးမြင်ရလေ၏။ ထိုအခါ ပုဏ္ဏားသည် မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ချီမွမ်းခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ချီးကျူးခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးထောင်ထက်တွင် “သုမိတ္တ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အတ္ထသန္ဒဿကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ အတ္ထသန္ဒဿကတ္ထေရအပဒါန်