မြန်မာနိုင်ငံတော်ဗဟိုဘဏ်: တည်းဖြတ်မှု မူကွဲများ

updating data
စာကြောင်း ၂၆ -
၁၉၅၂ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ အရ ပြည်ထောင်စုဘဏ် ၏ ခွင့်ပြုမတည်ငွေရင်း အား ကျပ်သန်း၄ဝထားရှိပြီး၊ ငွေကျပ် ၁ဝသန်းကို ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ပြည်သူ့ဘဏ် ဥပဒပြေဌာန်းပြီး၊ တစ်ခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည်ရင်းနှီးငွေ ကျပ် ၂ဝဝသန်းဖြင့် တည်ထောင်ခဲ့သည်။
 
မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ် ကျင့်သုံးလာသည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ၌ ဘဏ်များကို ပြည်သူပိုင်သိမ်းခဲ့ပြီး ၁၉၆၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် အက်ဥပဒေအရ ဘဏ်များအား စုပေါင်း၍ တစ်ခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေး စနစ် ပြုပြင်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည့်သူ့လွှတ်တော်က ဘဏ်ဥပဒေကို ပြဌာန်းကာ၊ ပြည်သူ့ဘဏ်ကို ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊[[မြန်မာ့စီးပွားရေးဘဏ်]]၊ [[မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်]]နှင့် မြန်မာ့ စိုက်ပျိုးရေးဘဏ် ဟူသော နိုင်ငံပိုင်ဘဏ် ၄ ဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဘဏ်ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၏ မူလ မတည်ငွေရင်း သည် ကျပ်သန်း ၂ဝဝ ဖြစ်ပြီး ယင်းငွေကိုနိုင်ငံတော်က အပြည့်အဝ ထည့်ဝင်ခဲ့သည်။
 
၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့ကာ ဈေးကွက် စီးပွားရေး မူဝါဒများနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က ချမှတ်ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးနှင့် ကိုက်ညီသည့် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန် နှင့် ငွေရေးကြေးရေးလုပ်ငန်း စွမ်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ၁၉၉ဝ ပြည့်နှစ်၊ ဇူလိုင်လ(၂)ရက်နေ့တွင် ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ '''မြန်မာနိုင်ငံတော်ဗဟိုဘဏ်''' ၏ ခွင့်ပြုမတည်ငွေရင်း ကျပ်သန်းပေါင်း ၅ဝဝ အနက် ကျပ်သန်းပေါင်း ၂ဝဝ ကို နိုင်ငံတော်က ထည့်ဝင်ခဲ့သည်။<ref name="cbm"/>