မြန်မာ့အသံနှင့်ရုပ်မြင်သံကြား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +... |
||
စာကြောင်း ၃ -
== သမိုင်းကြောင်း ==
မြန်မာနိုင်ငံ၏ အသံလွှင့်လုပ်ငန်းကို လွတ်လပ်ရေးမရမီ ၁၉၃၆ ခုနှစ်တွင် စတင်ပြီး ၁၉၃၇ ခုနှစ်၌ [[ရန်ကုန်မြို့]]၊ မင်္ဂလာဒုံ (ဝါယာလက်) တွင်စမ်းသပ်အသံလွှင့်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်မြို့ ယခု ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ဗဟိုကြေးနန်းရုံးကြီး အောက်ထပ်ရှိ အခန်းအချို့ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လွှင့်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊
၁၉၄၅ ခုနှစ် မတ်လဆန်းမှ မေလဆန်းအထိ ရန်ကုန်မြို့၊ ပတ်လမ်း (ယခုနတ်မောက်လမ်း) ရှိ အဆောက်အအုံနေရာ (ယခုဂျာမနီသံရုံး) နေရာတွင် မြန်မာ့တော်လှန်ရေး တပ်မတော်အသံလွှင့်ဌာန အမည်ဖြင့် မျိုးချစ်စိတ်ဓါတ်ပြင်းထန်သော တော်လှန်ရေးရဲဘော်များက လျှို့ဝှက်တည်ဆောက်ကာ အသံလွှင့်ခဲ့သည်။ မြန်မာ၊ အင်္ဂလိပ်ဘာသာများနှင့် ဟိန္ဒူစတန်နီ ဘာသာများဖြင့် အသံလွှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မေလဆန်း၌ ရန်ကုန်မြို့ ရွှေတောင်ကြားရပ် လောင်းဝစ္စလမ်း (ယခု အင်းလျားမြိုင်လမ်း) ရှိ နှစ်ထပ်တိုက်ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လုပ်ခဲ့သည်။ အသံလွှင့်ရုံအမည်ကို Rangoon Radio (ခေါ်) ရန်ကုန်ရေဒီယို ဟု အမည်ပေး အသံလွှင့်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် “ရန်ကုန်ရေဒီယို” မှ Burma Broadcasting Service (BBS) (ခေါ်) ဗမာ့အသံ အမည်သို့ နာမည်ပြောင်းလဲ အသံလွှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊
၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ဗမာ့အသံ အမည်မှ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး၏ ကိုယ်စားပြုရာ မြန်မာ့အသံ အမည်သို့ နာမည်ပြောင်းလဲအသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ဝင်ဒါမီယာ အသံလွှင့်ရုံမှ ပြည်လမ်း “မြန်မာ့အသံ” အသံလွှင့်ရုံသစ်ကြီးသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ်အရ အသံလွှင့်ဌာနခွဲ ညွှန်ကြားရေးဝန်ရုံး အမည်မှ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန အမည်သို့ ပြောင်းလဲခေါ်တွင်ကာ ပြန်ကြားရေးဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။
စာကြောင်း ၁၁ -
၁၉၈၀ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ရောင်စုံရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဤဌာနကို ဦးစီးဌာနအဖြစ်သီးခြားဖွဲ့စည်းကာ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန Myanma Television and Radio Department (MTRD) ဟု အမည်ပေးခဲ့သည်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန အမည်မှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Myanma Radio and Television (MRTV) ဟုပြောင်းလဲဖွဲ့စည်း ခေါ်ဆိုခဲ့သည်။
၂၀ဝ၈ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့တွင် [[နေပြည်တော်]]၊ [[တပ်ကုန်းမြို့|တပ်ကုန်း]]ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အဆောက်အဦးသစ်သို့ ပြောင်းရွှေ့ထုတ်လွှင့်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြား (MRTV) အစီအစဉ်အား ၁၉၈၀ ခုနှစ်၊ ဇွန်လတွင်လည်းကောင်း၊ MRTV-3 အစီအစဉ်အား ၂၀ဝ၁ ခုနှစ်၊
<ref>{{cite web|url=http://www.mrtv.gov.mm/?q=about-mrtv|title=About MRTV|accessdate=၂၀၁၄-၁၀-၂၀|Publisher=MRTV}}</ref>
|