ရွှေသမင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး →‎မြန်မာ့ရွှေသမင်: add links
စာကြောင်း ၂၄ -
 
== မြန်မာ့ရွှေသမင် ==
အရွယ်အစား၊ ဦးချိုပုံသဏ္ဌာန်၊ ရာသီအလိုက်ပြောင်းလဲသည့် အမွှေးအရောင်ပေါ်မူတည်ပြီး သမင်မျိုးကွဲပြားသည်ဟု ထင်ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် တွေ့ရှိသော သမင်အားလုံးသည် ရွှေသမင် မျိုးစိတ်များသာ ဖြစ်သည်။ မြန်မာ့ ရွှေသမင်မျိုးစိတ်အား သိပ္ပံအမည် Cervus eldi thamin ဟု ခေါ်ဆိုပြီး သိပ္ပံအမည်တွင်ပင် မြန်မာအခေါ် thamin ဟုပါရှိကာ မြန်မာနိုင်ငံ၏ ဒေသရင်း မျိုးစိတ်ဖြစ်ကြောင်း ဖော်ညွှန်းထားပြီး ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ မြို့နယ် ၂၃ မြို့နယ်တွင် တွေ့ရှိကြောင်း မှတ်တမ်းများအရ သိရသော်လည်း ၁၉၉၇ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့၌ သစ်တောဦးစီးဌာနမှ[[သစ်တောဦးစီးဌာန]]မှ ကွင်းဆင်း စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ရာ ယခုအခါတွင် မြို့နယ်ရှစ်မြို့နယ်၌သာ တွေ့ရှိရတော့သည်။
 
မြန်မာ့ရွှေသမင်ကို ရွှေစက်တော်ဘေးမဲ့တော၊[[ရွှေစက်တော် ချပ်သင်းဘေးမဲ့တောတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော]]၊ [[ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော]] နှင့် [[အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်များတွင်အမျိုးသားဥယျာဉ်]]များတွင် ကာကွယ်စောင့် ရှောက် ထားလေသည်။
 
မြန်မာ့ရွှေသမင်မျိုးများသည် မြန်မာနိုင်ငံအတွင်း ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁၆၅ မှ ၁၃၁၂ ပေအတွင်းရှိ အင်တိုင်းတော၊ ရွက်ပြတ်တောနှင့် တောခြောက်၊ ဖုန်းဆိုးတော၊ တောပြုတ်နှင့် စိုက်ပျိုးမြေများအနီးတွင်သာ အများအပြား ရှင်သန်ကျက်စားလေ့ ရှိသည်။ ပျမ်းမျှ ကိုယ်အလေးချိန် ၁၅၄ ပေါင်မှ ၂၈၆ ပေါင်အထိ ရှိပြီး တစ်ကောင်လျှင် လှည့်လည်ကျက်စား သွားလာမှု ဧရိယာ ၂၉၆၅ ဧကမှ ၄၂၀၀ ဧကအထိ ရှိနိုင်သည်။ အထီးများသည် နွေရာသီတွင် ရွှံ့နွံလူးလေ့ရှိပြီး လှည့်လည်ကျက်စား သွားလာမှု ဧရိယာမှာ အမများထက် ပိုမိုကျယ်ဝန်းသည်။ အထူးသဖြင့် နွေရာသီတွင် အုပ်စုဖွဲ့ နေလေ့ရှိသည်။ မြက်၊ ဖန်ခါး၊ ဆီးဖြူ၊ တယ် စသည့် အသီးများနှင့် တစ်ခါတစ်ရံ ပင်ပျော့ပင်များကို အဓိကထား စားသောက်တတ်သည်။ အထီးများတွင်သာ ဦးချိုပါရှိပြီး အမများတွင် ဦးချိုမပါရှိပါ။
စာကြောင်း ၃၄ -
သားလွယ်ကာလသည် ရက်ပေါင်း ၂၂၀ မှ ၂၄၀ ဖြစ်သည်။ မြန်မာ့ရွှေသမင်နှင့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့မှ သမင်မျိုးကွဲများသည် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် သားပေါက် သည်။ မဏိပူရသမင်မှာမူ အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အတွင်း သား ပေါက်သည်။
 
သားတစ်ကောင်တည်းသာ ပေါက်တတ်သည်။ သမင်ပေါက်ကလေးတွင် မွေး ကင်းစ၌ အဖြူပြောက်ကလေးများ ပါတတ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ယင်းအဖြူပြောက်ကလေးများ ပျောက်ကွယ်သွားသည်။ အသက် ၇လသားအ ရွယ်တွင် နို့ဖြတ်သည်။ ၁၈လသားအရွယ်မှစ၍ မျိုးပွားနိုင်ပြီ ဖြစ်သည်။
 
== ထူးခြားမှုများ ==