ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ
Content deleted Content added
deleted duplications, separated sections |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
'''ဘကြီးတော် မင်းတရား''' (ခရစ်နှစ် ၁၈၁၉-၁၈၃၇၊ မြန်မာသက္ကရာဇ် ၁၁၄၆-၁၂ဝ၈)သည် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် သတ္တမမြောက် ဘုရင် ဖြစ်သည်။ ဘိုးတော် ([[ဗဒုံမင်း]]) ၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာ၏ ပထမ အိမ်ရှေ့မိဖုရားမှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ ငယ်မည်မှာ မောင်စိန်ဖြစ်သည်။ ဖွားတော်မူစပင် [[စစ်ကိုင်းမြို့]] ကို စားရသောကြောင့်
ဘကြီးတော် ဘုရားသည် ၁၁၄၆ ခု ၊ ဝါခေါင်လဆန်း (၆) ရက် ၊ သောကြာနေ့တွင် ဖွားမြင်တော် မူခဲ့သည်။ ဖွားမြင်စဉ်ကပင် ဘိုးတော် မင်းတရားကြီးက ချစ်မြတ်နိုးတော် မူလှသဖြင့် စစ်ကိုင်းမြို့ကို ပေးတော်မူသည်။ ၁၁၆၄ ခုနှစ်တွင် ဘထွေးတော် ပြည်မင်း သီရိဓမ္မရာဇာ၏ သမီးတော် ၊ ဘိုးတော် ဗဒုံမင်း၏ မြေးတော်ဖြစ်သည့် '''သီရိသူမာယာ စန္ဒာဒေဝီ
== မင်းအဖြစ် ရောက်တော်မူခြင်း ==
၁၁၇၀ ပြည့်နှစ်တွင် ခမည်းတော် အိမ်ရှေ့စံ နတ်ရွာစံတော်မူသဖြင့် ဘိုးတော် မင်းတရားက စစ်ကိုင်းမင်းသားအား အိမ်ရှေ့စံအရာ ပေးတော်မူသည်။ ၁၁၈၁ ခုနှစ် ၊ နယုန်လဆန်း (၁၃) ရက်တွင် ဘိုးတော်မင်းတရား နတ်ရွာစံတော်မူသော အခါ ထိုလဆန်း (၁၅) ရက်နေ့တွင် မင်းအဖြစ် [[ဘိသိက်]]ခံတော်မူသည်။ အိမ်ရှေ့စံအဖြစ်နှင့် ရှိနေစဉ် ၁၁၄၇ ခုနှစ်တွင် အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ်သည် [[စကြာမင်းသား|ညောင်ရမ်းမင်းသား
မင်းတရားကြီးသည် ၁၁၈၃ ခုနှစ်တွင် အရပ်အနေသာ၍ သင့်လျော်သော ရတနာပူရ အင်းဝ နေပြည်တော်ကြီးကို အသစ်ပြုပြင် တည်ထောင်၍ အမရပူရ နေပြည်တော်မှ
ပြောင်းရွှေ့စံတော်မူသည်။ ၁၁၈၅ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင်
မင်းအဖြစ်သို့ရောက်တော်မူပြီးနောက်တွင် တိုင်းသူပြည်သားတို့ဆင်းရဲနွမ်းပါးလှသည်ကို သိတော်မူ သဖြင့် ၁ဝ
ဘကြီးတော် မင်းတရားသည် ရတနာသုံးပါး၌ ယုံကြည်မြတ်နိုးတော်မူသည်။ သာသနာတော်ကို အတိုင်းထက် အလွန်ထွန်းတောက်ပြန့်ပွား စေခြင်းငှာ၊ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာပိန္ထကတ်တော်များကို အစုံများစွာ ရေးကူးစေသည်။ ဆရာတော်ကြီးများအား ပိန္ထကတ်တော်များကို တည်းဖြတ် စေသည်။ ဘွဲ့တံဆိပ်များဖြင့် ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခြင်းလည်း
မင်းတရားကြီးသည် လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌လည်း ရက်ရောတော်မူသည်။ မင်းကွန်း၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးတောင် စသည်တို့၌ မင်းတရားကြီး၏
Line ၂၆ ⟶ ၂၅:
နန်းတက်သည့် နှစ်အတွင်း၌ပင် ညီတော် ဒွါရာဝတီ မင်းသား သတိုးမင်းရဲကျော်ထင်ကို ဗိုလ်ချုပ်ခန့်၍ တပ်တော်များချီတက်သိမ်းယူစေရာ၊ မဏိပူရ တစ်မြို့လုံးကို ရသည်။ မဏိပူရချီတပ်တွင် အလုံမြို့ဝန်မင်းကြီး [[မဟာဗန္ဓုလ]]က လက်ဝဲစစ်ကြောင်း၊ စစ်ကဲမင်းကြီး မင်ခေါင်းကျော်က လက်ယာကြာင်း ချီတက်သည်။ မြို့ကိုရပြီးနောက်၊ အစောင့်တပ်များ ချထားကာ တပ်များပြန်လာကြသည်။မဟာရှိန် ရာဇာသည် အင်္ဂလိပ်တို့ဩဇာလွှမ်းမိုးသော ကချာနယ်ထဲသို့ ပြေးဝင်ခိုလှုံသည်။ ယင်းစော်ဘွား၏ သားဟဲလာစန္ဒရော် အိန်စောင်တာပသည် ၁၁၈၂ ခုနှစ်တွင် ကချာမှနေ၍ မဏိပူရရှိ မြန်မာတပ်များကို လာရောက်တိုက်ခိုက်သည်။ မြို့စောင့် တပ်များက ပြန်လှန်ခုခံနေစဉ် အမရပူရမှစစ်ကူတပ်များ ရောက်ရှိလာ သဖြင့် ကသည်းတပ်များကို နှိမ်နင်းရသည်။ အင်္ဂလိပ်တို့သည် မြန်မာတို့၏ တန်ခိုးပျံ့နှံ့လာခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့် ကချာနယ် အုပ်ချုပ်ရေးတွင် ဝင်ရောက်စိုးမိုးချယ်လှယ်မှုများ ပြုသည်။ ထို့ကြောင့်လည်း မြန်မာတပ်များနှင့် မသင့်မတင့် ဖြစ်သည်။
၁၁၈၅ ခုနှစ်တွင် ဘိုးတော်မင်းတရားလက်ထက်က နန်းတင်ပေးခဲ့သော အာသံစော်ဘွား စန္ဒရေကန္တရှိန်သည် အင်္ဂလိပ်တို့၏ အမအစကိုယူကာ မြန်မာမင်းအား ထောင်ထားခြားနားမည် ပြုသဖြင့် မဟာဗန္ဓုလသည် အာသံကို ချီတက်နှိမ်နင်းရပြန်သည်။ စန္ဒရကန္တရှိန်သည် အင်္ဂလိပ်တို့ပိုင်နက်သို့ ပြေးဝင်ခိုလှုံသည်။ မင်းကြီး မဟာဗန္ဓုလသည် အာသံ၌ စော်ဘွားအသစ်ကို နန်းတင်၍၊ ဗိုလ်မှူးမင်းကြီး မဟာသီလဝကို
အင်္ဂလိပ်တို့သည် မြန်မာတို့၏ တန်ခိုးအာဏာ တစ်စတစ်စ ကျယ်ပြန့်ကာ အနောက်ဘက်သို့ရောက်လာမည်ကို စိုးရိမ်သည်။ ဘိုးတော်ဘုရားလက်ထက်ကပင် ရခိုင်ပြည်ကို သိမ်းယူသည့်အခါ စစ်တကောင်းနယ်ခြားကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနှင့် အင်္ဂလိပ်တို့အချင်းများခဲ့ရသည်။ ဘကြီးတော်မင်းတရားလက်ထက်သို့ ကျရောက်သောအခါ မဏိပူရစော်ဘွား၊ အာသံစော်ဘွားတို့ကို အင်္ဂလိပ်တို့ထံ ခိုလှုံခဲ့သည်။ အင်္ဂလိပ်ပိုင်နက် အတွင်းသို့ပြေးဝင်သော ထိုစော်ဘွားများကို မြန်မာ
|