ရှမ်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅ -
မြန်မာ့သမိုင်းတွင်လည်း ရှမ်းတို့အင်အားကြီးခဲ့ချိန်များ ရှိဖူးပါသည်။ ထင်ထင်ရှားရှား အင်အားများသည့် ခေတ်နှစ်ခေတ် ရှိပေသည်။ ပထမ အကြိမ်မှာ ပုဂံကို မွန်ဂိုတို့ဖျက်စီးအပြီးတွင် မင်းမဲ့အခြေအနေနှင့် ကြုံတွေ့နေရစဉ် ကာလနှင့် နောင်ဒုတိယပုဂံခေတ် ပြန်ထူထောင်သည်အထိ ဖြစ်သည်။ ထိုကာလက ရာဇသင်္ကြန်၊ အသင်္ခယာနှင့် သိင်္ဂသူ ([[တစ်စီးရှင်သီဟသူ]]) ရှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ [[ပင်းယ]]၊ [[စစ်ကိုင်း]]တို့တွင် ကြီးစိုးကြသည်။
 
ဒုတိယခေတ်မှာ [[အင်းဝခေတ်]]၏ နောက်ဆုံးကာလများတွင် ဖြစ်သည်။ အင်းဝရှိ မြန်မာမင်း [[ရွှေနန်းကျော့ရှင်နရပတိ]] (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဖက်တစ်လွှားမှ ရှမ်းစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က သက္ကရာဇ် ၈၈၈၊ တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို သတ်ကာ ထီနန်းအရိုက်အရာကို သားဖြစ်သူ [[သိုဟန်ဘွား]]မှ ဆက်ခံပြီး အလွန်ဆိုးသွမ်းရက်စက်ကာဗုဒ္ဓဘာသာဟန်ဆောင် မိစ္ဆာအယူရှိလေရာရဟန်းဘောင် ဗုဒ္ဓဘာသာဗမာလူမျိုးများသည် ရဟန်းတော်များကိုသိုဟန်ဘွားကိုပြန်လန်တိုက်ခိုက်ရန်အတွက် လက်နက်ခဲယမ်းများကို စေတီပုထိုးထဲလျှိုထားသဖြင့် အဲ့ဒီရဟန်းတုများကို နန်းတော်သို့ ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေသောကြောင့်ရဟန်းတု ၃၃ ပါးအားသတ်ဖြတ်လေသောကြောင့် မင်းကြီးရန်နောင်နှင့် မြန်မာမှူးမတ်တို့ကဗမာမှူးမတ်တို့က လုပ်ကြံနန်းချခြင်းဖြင့် သေလွန်သည်။
 
ထို့နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် [[မိုးဗြဲနရပတိ]]ဆက်လက်စိုးစံရာ စစ်ကိုင်းမှ [[စစ်ကိုင်းနရပတိစည်သူ|စည်သူကျော်ထင်]]က တိုက်ခိုက်အနိုင်ယူကာ [[အင်းဝ]]ကို သိမ်းပိုက်ခဲ့သည်။