လက်ထပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး suggest to merge
အရေးမကြီးNo edit summary
စာကြောင်း ၂ -
[[File:nandarhlaing.jpg|thumb|right|ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း]]
 
'''လက်ထပ်ခြင်း''' သည် [[လူမှုရေး]]၊ [[ဘာသာရေး]]၊ [[အယူစွဲမှု]] သို့မဟုတ် [[တရားဥပဒေ]] အတိုင်း လူပုဂ္ဂိုလ်များ အတူတကွ ပေါင်းသင်းနေထိုင်ရန် ပေါင်းစပ်ခြင်းဖြစ်သည်။ ၄င်းပေါင်းစပ်မှုကို ထိမ်းမြားခြင်း ဟုလည်းခေါ်ပြီး အစပိုင်းကို [[မင်္ဂလာဆောင်ပွဲ]] များဖြင့် အသိအမှတ်ပြုလေ့ရှိသည်။ လက်ထပ်ထားသူကို '''အိမ်ထောင်ကျပြီးသူ''' ဟု လူမှုရေး အဆင့်တစ်ရပ် တိုးမြှင့်သည်။ လက်ထပ်ခြင်းသည် ရိုးရာယဉ်ကျေးမှု အသီးသီး အပေါ်တွင် မူတည်၍ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားလေ့ ရှိသော်လည်း ပုံမှန်အားဖြင့် လူသားတို့ အကြား နီးစပ်စွာ ပေါင်းသင်းခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံခြင်း တစ်မျိုးပင် ဖြစ်သည်။ ထိုသို့ ပေါင်းစည်းခြင်းကို လက်ထပ်မင်္ဂလာပွဲ ကျင်းပခြင်းဖြင့် တရားဝင် ကြေငြာလေ့ ရှိကြသည်။ ရိုးရာယဉ်ကျေးမှု အများစုတွင် လက်ထပ်ထိမ်းမြားခြင်း အတွက် လူနှစ်ဦးကိုသာလျှင် ခွင့်ပြုသော်လည်း အချို့သော ရိုးရာယဉ်ကျေးမှုများတွင် အိမ်ထောင်ဖက် အများအပြား ရှိခြင်းကို ခွင့်ပြုကြပြီး အချို့သော ရိုးရာ ယဉ်ကျေးမှုများတွင် လိင်တူခြင်း ပေါင်းသင်းခြင်းကို ခွင့်ပြုကြသည်။ ရှေးရိုးစွဲလွန်း သော (ကွန်ဆာဗေးတစ် ဖြစ်သော) ရိုးရာ ယဉ်ကျေးမှုများတွင် လက်ထပ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံမှု မပြုခင် မဖြစ်မနေ လုပ်ဆောင်ရမည့် ဝတ္တရားတစ်ခုပင် ဖြစ်သည်။
 
လက်ထပ်ခြင်းသည် လူပုဂ္ဂိုလ် ဆက်ဆံမှု ပေါင်းစည်းခြင်းဖြစ်ပြီး [[အစိုးရ]] သို့ ဘာသာရေး မှ အသိအမှတ်ပြုကာ အများအားဖြင့် အနေနီးစပ်ပြီး [[လိင်ဆက်ဆံခြင်း]] ပြုနိုင်သည်။ လက်ထပ်ခြင်း ယဉ်ကျေးမှုသည် [[လက်ထပ်ခြင်း ဥပဒေ]]အရ အစိုးရ အဖွဲ့အစည်းများမှ တရားဝင်ဖြစ်သည်။ ထိုသူတို့၏ [[ဘာသာရေး]]အရ သို့မဟုတ် ယေဘုယျအားဖြင့် [[လူမှုရေး]] အရ လက်ထပ်ခြင်းကို အစိုးရမှ အသိအမှတ်ပြုလျှင် ထိုသူတို့၏ လူမှုရေး [[အဆင့်အတန်း]] မှာ တိုးမြှင့်သွားသည်။
စာကြောင်း ၁၄ -
== အိမ်ထောင်ဖက် ရွေးချယ်ခြင်း ==
အိမ်ထောင်ဖက် ရွေးချယ်ခြင်းတွင် အတွဲသည် [[ပိုးပမ်းမှု]] သို့မဟုတ် အတွဲ၏ မိဘများ သို့ တာဝန်ရှိသူများ က [[ပေးစားခြင်း]] တို့ ပါဝင်သည်။
 
 
လူတို့သည် အကြောင်းအမျိုးမျိုးဖြင့် လက်ထပ်ထိမ်းမြားလေ့ ရှိကြသည်။ ဥပဒေကြောင်းအရ၊ လူမှုရေးအရ၊ လိင်ပိုင်ဆိုင်းရာ လိုအပ်ချက်အရ၊ စိတ်ခံစားမှုအရ၊ စီးပွားရေးအရ၊ စိတ်ဝိဉာဉ်ဆိုင်ရာ လိုအပ်ချက်အရ၊ ဘာသာရေး အရ စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် လက်ထပ်လေ့ ရှိကြသည်။ ထို့အတွက်ကြောင့် လူကြီးမိဘများမှ စီစဉ်ပေးသော လက်ထပ်ထိမ်းမြားခြင်း၊ မိသားစု၏ လိုအပ်ချက်အရ လက်ထပ် ထိမ်းမြားခြင်း၊ ဥပဒေကြောင်းအရ မိသားစု အဖြစ် သတ်မှတ်ရန် လက်ထပ်ထိမ်းမြားခြင်း၊ ကလေးသူငယ်များကို ဥပဒေကြောင်းအရ အကာအကွယ်ပေးရန် လက်ထပ်ထိမ်းမြားခြင်း၊ တစ်ဦးနှင့်တစ်ဦး သစ္စာထားမှုကို လူသိရှင်ကြား ကြေငြာရန် လက်ထပ်ထိမ်းမြားခြင်း စသည်ဖြင့် အမျိုးမျိုးသော အကြောင်းအချက်များ ပါဝင်နိုင်သည်။ လက်ထပ်ထိမ်းမြားခြင်းဖြင့် ပါဝင်ပတ်သက်နေသော သူများအား ဥပဒေအကြောင်းအရ ဖြစ်စေ လူ့ကျင့်ဝတ်အရ ဖြစ်စေ ဝတ္တရားများ ရှိလာစေသည်။ အချို့သော ရိုးရာ ယဉ်ကျေးမှုများတွင် ကွာရှင်းပြတ်စဲခြင်း အားဖြင့် လက်ထပ်ထိမ်းမြားခြင်းကို ပျက်ပြယ်စေနိုင်သည်။
 
ထုံးစံအားဖြင့် ပေးစားခြင်း ပင်လျှင် အတွဲကိုယ်၌က နောက်ဆုံး ဆုံးဖြတ်ကြသော်လည်း မိဘများသည် မိရိုးဖလာကြောင့်ဖြစ်စေ တစ်ခါတစ်ရံ အထူးအကြောင်း အချက် (ဥပမာ [[အတင်အသ]] ကောင်း၍) တို့ကြောင့်ဖြစ်စေ မိဘများက ဇွတ်ပေးစားတတ်ကြသည်။ တစ်ခါတစ်ရံ မိဘပေးစားခြင်းသည် အလွန် လူသက်သာသောကြောင့် မိဘစကား နားမထောင်ချင်စေကာမူ ပေးစားခြင်းကို လိုလိုလားလား လက်ခံကြသည်။ [[ဇွတ်ပေးစားခြင်း]] သည် အနည်းငယ်သော လူအဖွဲ့အစည်းများတွင်သာ တွေ့ရတတ်ပြီး [[ပေးစားခြင်း]] ကိုလက်ခံသောသူကပင် [[ဇွတ်ပေးစားခြင်း]] ကိုပြစ်တင် ဝေဖန်သည်။
Line ၂၄ ⟶ ၂၇:
== မြန်မာ့ ဓလေ့ ==
{{main | မြန်မာ လက်ထပ် ထိမ်းမြားခြင်း}}
 
မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။
=== အာဝါဟ၊ ဝိဝါဟ ===
အာဝါဟ၊ ဝိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။
* အာဝါဟ - ယောကျ်ားလေးအိမ်တွင်ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊
* ဝိဝါဟ - မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း လို့အဓိပ္ပါယ်ရသည်။
=== စုလျှားရစ်ပတ် ===
Line ၄၈ ⟶ ၅၃:
 
=== အသက် ===
လက်ထပ်ထိမ်းမြားရာတွင် သတို့သား၏ အသက်ကို အတိအကျ ကန့်သတ်ထားတာ မရှိပါ။ ကျန်းမားရေးအရ အရွယ်ရောက်ပြည့်စုံလျှင် မိဘသဘောတူညီချက်မလိုပဲ လက်ထပ်ထိမ်းမြားခွင့် ရှိသည်။ သတို့သမီးအတွက်တွင်မူ ကန့်သတ်ချက်ရှိသည်။ အသက် ၁၅ နှစ်ထက် မငယ်ရပါ။ သတို့သမီး ၁၅ နှစ်နဲ့ ၂၀ နှစ်ကြားမှာ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရှိမှ၊ လက်ထပ်ထိမ်းမြားမှု အထမြောက်သည်။ မိဘကန့်ကွက်ရင် မရပါ။ တချို့က '''၁၈ နှစ်ပြည့်ပြီးတာနှင့်နှစ်'''ပြည့်ပြီးတာနှင့် မိဘခွင့်ပြုချက်မလိုတော့ဘူးလို့ ထင်ကြပါသည်၊ ဥပဒေကြောင်းအရ '''အသက် ၂၀ ပြည့်မှ''' မလိုအပ်ခြင်း ဖြစ်သည်။
(တစ်ခုလပ်တစ်လင်ကွာနှင့် မုဆိုးမများမှလွဲလျင် အသက် (၂၀) မပြည့်သေးသော မိန်းကလေးတစ်ယောက်ဖြစ်ပါမူ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် ရယူရပေမည်။ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို မရလျှင် ၏ထိမ်းမြား ခြင်းမမြောက်။ သို့သော် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို နောက်မှရရှိလျှင် ရရှိသည့်နေ့ရက်မှစ၍ ထိမ်းမြားခြင်းမြောက်သည်။) <ref>မအေးစိန်နှင့် မောင်လှမင်း၊ ရန်ကုန်၊ အတွဲ ၃ စာမျက်နှာ (၄၅၅)</ref>
 
Line ၅၇ ⟶ ၆၂:
# တစ်ဦးနှင့်တစ်ဦးသော်၎င်း၊ အခြားသူများနှင့်သော်၎င်း၊ သာမန်လင်မယားတို့ကဲ့သို့ ပြုမူဆက်ဆံသလား။
# ၎င်းတို့သည် ဆွေမျိုးများ၊ မိတ်ဆွေများထံသို့ အတူတကွသွားလာ လည်ပတ်သလား။
# ၎င်းတို့သည် ဇရပ်၊ ကျောင်းကန် ဘုရားများသို့ အတူတကွွသွားလား၊အတူတကွသွားလား၊ အလှူဒါန အတူပြုသလား။
# ယောက်ျားအား၎င်း၊ မိန်းမအား၎င်း တစ်ဖက်မှဆွေမျိုးများက မည်ကဲ့သို့ ဆက်ဆံသနည်း။
# မိန်းမနှင့် ၎င်း၏မိဘများ အဆင့်အတန်း အကျင့်စာရိတ္တ။
Line ၆၆ ⟶ ၇၁:
 
 
== ကိုးကား==
== ကျမ်းကိုး ==
<references/>
 
မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။
{{DEFAULTSORT:လ|လက်ထပ်ခြင်း}}