ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၀ -
# '''အလေ့အကျင့်ယူပါ။''' မစတင်မီ ရှိနှင့်ပြီးသော ဆောင်းပါးများကို တည်းဖြတ်ကြည့်ခြင်းဖြင့် စာရေးသားခြင်းနှင့် ဝီကီ markup များ အသုံးပြုခြင်းများကို ရင်းနှီးလာစေနိုင်ပါသည်။ – ကျွန်ုပ်တို့အနေဖြင့် သင့်အား [[Wikipedia:တျူတိုရီရယ်|ဝီကီပီးဒီးယား တျူတိုရီရယ်]] ကို ပထမဆုံး ဝင်ရောက်ဖတ်ရှုလေ့လာရန် အကြံပြုလိုပါသည်။ သို့မဟုတ် တည်းဖြတ်ခြင်း အခြေခံကို လေ့လာနိုင်ရန် [[Wikipedia:Contributing to Wikipedia|ဝီကီပီးဒီးယားတွင် ပါဝင်ရေးသားခြင်း]] ကို ဖတ်ရှုစေလိုပါသည်။
#'''အကိုးအကားများကို စုဆောင်းပါ။''' သင်ထည့်သွင်းရေးသားမည့် အကြောင်းအရာ အချက်အလက်များအတွက်နှင့် ဆောင်းပါး၏ '''[[WP:N|ထင်ရှားအရေးပါမှု]]''' ကို ထင်ဟပ်ဖော်ပြနိုင်ရန် အသုံးပြုမည့် ရင်းမြစ် အကိုးအကားများကို စုဆောင်းပါ။ ဝီကီပီးဒီးယားသည် [[WP:IRS|ယုံကြည်စိတ်ချရသော ထုတ်ပြန်ထားပြီး ရင်းမြစ်များ]] ကို အသုံးပြုရန် လိုအပ်သည်။ ရင်းမြစ်များသည် အထူးသဖြင့် အင်တာနက်ရင်းမြစ်များ ဖြစ်ကြပြီး တည်တံ့ခိုင်မာရမည်။ ဆိုလိုသည်မှာ ရင်းမြစ်များသည စိတ်ချခိုင်မာရမည်ဖြစ်ပြီး နောင်မျိုးဆက်များအထိ တည်ရှိနေနိုင်ရမည်ဖြစ်သည်။ တိကျခိုင်မာသည့်ရင်းမြစ်များ ရှာဖွေရန် သင့်နေရာဒေသရှိ ဒေသခံစာကြည့်တိုက် အပါအဝင် နေရာများစွာရှိသော်လည်း အင်တာနက်အခြေပြု ရင်းမြစ်များကို အသုံးပြုမည်ဖြစ်သည်။ ရိုးရှင်းသော ဝက်ဘ်စာမျက်နှာများမှ စတင်ရှာဖွေသည်ထက် [http://books.google.com/bkshp?hl=en&tab=wp စာအုပ်များ] နှင့် [http://www.google.com/search?hl=en&gl=us&tbm=nws&q=a#hl=en&safe=off&gl=us&tbs=ar:1&tbm=nws&sclient=psy-ab&q=%22your+search+here%22&oq=%22your+search+here%22&gs_l=serp.3...13840.16191.2.16495.2.2.0.0.0.0.75.150.2.2.0...0.0...1c.gI5pLKtnlBw&pbx=1&bav=on.2,or.r_gc.r_pw.r_qf.&fp=eaf35048cd590c78&biw=1550&bih=1201 သတင်းမော်ကွန်းများ] တို့ဖြင့် စတင်ရှာဖွေပါ။ '''[[WP:BLP|သက်ရှိပုဂ္ဂိုလ်များ]]''' နှင့်ပတ်သက်သည့် ဆောင်းပါးများအတွက် တိကျခိုင်မာသည့် ရင်းမြစ်များအသုံးပြုရန် ပိုမိုဂရုပြုပါ။ ခိုင်မာသည့်ရင်းမြစ်အကိုးအကား မပါရှိသည့် သက်ရှိထင်ရှားပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများ၊ အထူးသဖြင့် အနှုတ်သဘောဆောင်သည့် အချက်အလက်များ၊ အငြင်းပွားဖွယ်ရာ အချက်အလက်များသည် ဖျက်ပစ်ခြင်းခံရနိုင်သည်။ ဘလော့ခ်များ၊ ကိုယ်ရေးကိုယ်တာ ဝက်ဘ်ဆိုဒ်များ၊ [[ဖေ့စ်ဘွတ်ခ်]] နှင့် [[ယူကျု(ဘ်)]] စသည့် နေရာများမှ အချက်အလက်များကို အသုံးပြုရန် မသင့်တော်သဖြင့် ထိုနေရာများမှ ရရှိသောအရာများသည် စိန်ခေါ်ခြင်းခံရနိုင်ပြီး ဖယ်ရှားခံရနိုင်သည်။
#'''တုံ့ပြန်ချက်များ တောင်းဆိုရန် စဉ်းစားပါစဉ်းစားပါ။''' သင်ရေးသားမည့်ဆောင်းပါးအတွက် တုံ့ပြန်ချက်များကို သက်ဆိုင်ရာ [[Wikipedia:WikiProject|ဝီကီပရောဂျက်]]၏ [[Wikipedia:Talk page|ဆွေးနွေးချက် စာမျက်နှာ]] သို့မဟုတ် [[WP:TEAHOUSE|လက်ဖက်ရည်ဆိုင်]]စသည့် နေရာများတွင် တောင်းဆိုဆွေးနွေးနိုင်ပါသည်။
#'''ဆောင်းပါးသစ်ကို သင့်ကိုယ်ပိုင်နေရာတွင် ပထမဆုံးဖန်တီးရန် စဉ်းစားပါ။''' မှတ်ပုံတင်ထားပြီး အသုံးပြုသူတစ်ယောက်အနေဖြင့် သင့်ကိုယ်ပိုင် [[WP:USER|အသုံးပြုသူနေရာ]] ရှိပြီးဖြစ်သည်။ သင့်အနေဖြင့် ဆောင်းပါးသစ်ကို [[WP:SUBP|စာမျက်နှာခွဲ]]တွင် စတင်ရေးသားနိုင်ပါသည်။; သင်သည် ထိုစာမျက်နှာကို ဖန်တီးချိန်ညှိနိုင်သည်၊ အချိန်ယူပြီး အခြားတည်းဖြတ်သူများကို ကူညီပြင်ဆင်ပေးရန် အကူအညီတောင်းနိုင်သည်။ ထို့နောက် အဆင်သင့်ဖြစ်ပါက စာမျက်နှာကို ရွှေ့ပြောင်းခြင်းဖြင့် [[WP:MAINSPACE|ဝီကီပီးဒီးယားပေါ်သို့ "လွှင့်တင်"]] နိုင်ပါသည်။ သင့်ကိုယ်ပိုင် စာမျက်နှာခွဲကို ဖန်တီးရန်အတွက် [[Wikipedia:Subpages#How_to_create_user_subpages|ဤနေရာတွင်]] ကြည့်ရှုပါ။ ဆောင်းပါးသစ်သည် အစစအရာရာ အဆင်သင့်ဖြစ်ပြီဆိုပါက ပင်မဆောင်းပါးအဆင့်သို့ [[Help:Moving_a_page|ရွှေ့ပြောင်းရန်]] တောင်းဆိုနိုင်ပါသည်။ (မှတ်ချက်။ [[Wikipedia:Article wizard|အလိုအလျောက် ဆောင်းပါးဖန်တီးသည့် ဝိဇတ်]]တွင်လည်း စာမျက်နှာအကြမ်းဖန်တီးနိုင်ရန် ရွေးချယ်နိုင်ပါသည်။ အသုံးပြုသူစာမျက်နှာနေရာတွင် ဖြစ်သော်လည်း လက်သင့်မခံနိုင်သည့် ဆောင်းပါးများ (အောက်တွင် ကြည့်ပါ) သည်လည်း ဖယ်ရှားဖျက်ပစ်ရန် အဆိုပြုခြင်း ခံရနိုင်ပါသည်။)
 
:''ဆောင်းပါးသည် လက်သင့်မခံနိုင်ဖွယ်ရာဖြစ်ပါက [[WP:CSD|လျင်မြန်စွာ ဖျက်ပစ်ခြင်း]]ခံရနိုင်သည်ကို သတိပြုပါ။ ဝီကီပီးဒီးယားတွင် စာမျက်နှာသစ်များ ဖန်တီးပြီးလျင်ပြီးခြင်း စစ်ဆေးသည့် [[WP:NPP|စာမျက်နှာသစ် ကင်းလှည့်စောင့်ကြည့်ခြင်း]] အဖွဲ့ ရှိပါသည်။''
:*'''ဆောင်းပါးများသည် [[WP:N|ထင်ရှားသိသာရမည့် လမ်းညွှန်ချက်များ]]နှင့် ကိုက်ညီမှုမရှိခြင်းနှင့် [[WP:RS|ယုံကြည်စိတ်ချရသော ထုတ်ပြန်ထားပြီး ရင်းမြစ်များ]]ကို ကိုးကားခြင်း မပြုထားပါက ဖျက်ပစ်ခံရနိုင်ပါသည်။'''
:*'''[[Wikipedia:Autobiography|သင့်ကိုယ်သင်]]'''၊ သင်၏ '''[[Wikipedia:FAQ/Organizations|ကုမ္ပဏီ]]'''၊ သင်၏ '''[[WP:COI|အဖွဲ့]]'''၊ သို့မဟုတ် သင့်'''[[WP:COI|သူငယ်ချင်း]]''' အကြောင်း စာမျက်နှာများနှင့် '''[[WP:Spam|ကြော်ငြာ]]'''၊ '''[[WP:OR|ကိုယ်ရေးကိုယ်တာ အက်ဆေး]]'''၊ သို့မဟုတ် အခြား [[WP:NOT|စွယ်စုံကျမ်းများတွင် မတွေ့နိုင်သည့်]] ဆောင်းပါးများကို '''မဖန်တီးပါနှင့်'''။
:*အောက်ပါတို့ကို လိုက်နာရန် '''အထူး သတိထားပါ။''' '''[[WP:Plagiarism|မူပိုင်ခွင့်အကြောင်းအရာများ]]'''၊ '''အငြင်းပွားဖွယ်ရာ''' အကြောင်းအရာများ၊ အလွန်အမင်း '''တိုတောင်းသည့် ဆောင်းပါးများ'''၊ နှင့် '''ဒေသတွင်းသာ သိသည့် ဆောင်းပါးများ'''။