ဝီကီပီးဒီးယား:ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးခြင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၇ -
အင်တာနက်မှာ စာအုပ်ကောင်းတွေ၊ မဂ္ဂဇင်းကောင်းကောင်းတွေ ရှာဖွေပါ။ အကိုးအကား ကောင်းကောင်း အသုံးချခြင်းဟာ မြန်မာဝီကီ ကို တိုးတက်စေဖို့ အကောင်းဆုံး နည်းလမ်းထဲက တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး မြန်မာဝီကီ ကြီးထွားလာဖို့ ဆက်စပ်နေတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။ ရေးသားတဲ့ နေရာမှာ [[Wikipedia:Cite sources|အကိုးအကားထည့်ပါ]]။ အကိုးအကားထည့်ခြင်းဖြင့် သင့်အနေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာကို သာ ကူးယူဖေါ်ပြနေသမျှ ကာလပတ်လုံး မူပိုင်ခွင့် ဖေါက်ဖျက်မှု မဖြစ်တော့ပါဘူး။ သုတေသန ပြုလုပ်ခြင်းဖြင့် သင်သေချာမသိတဲ့ အကြောင်းအရာကို ဆောင်းပါးရေးသားရာမှာ ဘယ်လို အချက်အလက်တွေကို ထပ်ဖြည့်ဖို့ လိုတယ်ဆိုတာကို အလွယ်တကူ သိလာစေပါတယ်။
 
သင်လုံးဝ မသိသေးတဲ့ အကြောင်းအရာ တစ်ခုကို ဆောင်းပါးရေးပါ။ ဒီနည်းနဲ့ ခေါင်းစဉ် အသစ်တစ်ခုကို လေ့လာပါ။ လေ့လာစဉ်မှာ မြန်မာ ဝီကီ ထဲမှာ လေ့လာမိသမျှ စုဆောင်း တင်ပြပါ။ တကယ်တော့ ဒီနည်းလမ်းဟာ အကောင်းဆုံး လေ့လာမှု အထောက်အကူ တစ်ခု ဖြစ်ပြီး သင့်ကို လေ့လာသမျှကို မှတ်စုထုတ်ဖို့၊ အချက်အလက်တွေကို စုစည်းဖို့၊ ပြီးတော့ လေ့လာမိသမျှကို သင့်ကိုယ်ပိုင်စကားလုံးတွေ သုံးပြီး ပြန်ရေးဖိုပ တွန်းအားပေးနိုင်ပါတယ်။ လက်စွဲအနေနဲ့ [[wikipedia:Howဆောင်းပါးကောင်းများ to write a great articleရေးသားနည်းလမ်းညွှန်|ဆောင်းပါးကောင်းတစ်ပုဒ်ကို ဘယ်လို ရေးကြမလဲ]] ဆိုတာကို ဖတ်စေချင်ပါတယ်။
 
[[Public domain]] ကနေပြီး အချက်အလက်များ စုစည်းပါ။