ဝီကီပီးဒီးယား:Deletion policy: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၈၉ -
* '''သင် သဘောမတူပါက''': စာမျက်နှာကို ဖန်တီးသူမှလွဲ၍ အခြားမည်သူမဆို စာမျက်နှာအား အလျင်အမြန်ဖျက်ပစ်ရန် အဆိုပြုထားခြင်းကို ဖျက်ပစ်ရန် သတိပေးချက်ကို ဖယ်ရှားခြင်းဖြင့် ငြင်းခုံနိုင်သည်။ သင်ဖန်တီးလိုက်သော စာမျက်နှာအား အလျင်အမြန် ဖျက်ပစ်ရန် အဆိုပြုထားခြင်းခံရပါက သင့်အနေဖြင့် စာမျက်နှာတွင် {{tl|hangon}} tag ကို ထည့်သွင်းခြင်းနှင့် စာမျက်နှာကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်တည်းဖြတ်ခြင်း သို့မဟုတ် သက်ဆိုင်ရာ ဆွေးနွေးချက်စာမျက်နှာတွင် ရှင်းလင်းပြောဆိုခြင်းများ ပြုလုပ်နိုင်သည်။ tag ထည့်သွင်းခြင်းဖြင့် သင့်အတွက် အချိန်အချို့ရစေနိုင်သည်။ သို့သော်လည်း စာမျက်နှာသည် [[Wikipedia:Criteria for speedy deletion|အလျင်အမြန် ဖျက်ပစ်ရမည့် သတ်မှတ်ချက်]]နှင့် ကိုက်ညီနေပါက ဖျက်ပစ်ခံရမည်သာ ဖြစ်သည်။ အကယ်၍ စာမျက်နှာတစ်ခုသည် အလျင်အမြန် ဖျက်ပစ်ခြင်းခံရပြီး သဘောတူညီမှု မရှိခြင်း သို့မဟုတ် မဖျက်သင့်ပါက အောက်တွင် ဖော်ပြထားသည့် ဖျက်ပစ်ခြင်းကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်း ပြုလုပ်ပါသည်။
* '''ပြန်လည်အဆိုပြုခြင်းများ''': စာမျက်နှာတစ်ခုသည် အလျင်အမြန်ဖျက်ပစ်ရမည့် သတ်မှတ်ချက်နှင့် ကိုက်ညီနေခြင်း သို့မဟုတ် မကိုက်ညီခြင်းရှိပါက သတ်မှတ်ချက်နှင့် ညီမညီကို စာမျက်နှာအား ဖျက်ခြင်းထက် ပုံမှန်အားဖြင့် ဖျက်ပစ်ရန် ဆွေးနွေးခြင်းများကို ပြုလုပ်လေ့ရှိသည်။
 
===ဖျက်ပစ်ရန် အဆိုပြုခြင်း===
တည်းဖြတ်သူတစ်ဦးက စာမျက်နှာတစ်ခုသည် စွယ်စုံကျမ်းတစ်ခုနှင့် မသက်ဆိုင်ကြောင်းကို သိသိသာသာနှင့် အငြင်းပွားဖွယ်မရှိ ယုံကြည်ပါက ထိုစာမျက်နှာကို [[Wikipedia:Proposed deletion|ဖျက်ပစ်ရန် အဆိုပြုခြင်း]] ပြုလုပ်နိုင်သည်။ ခုနှစ်ရက်ကြာပြီးနောက်ပိုင်း ဖျက်ပစ်ခြင်းကို မည်သူကမျှ ကန့်ကွက်ရန်မရှိပါက မည်သည့်အက်ဒမင်မဆို ထိုစာမျက်နှာမျိုးကို ဖျက်ပစ်နိုင်သည်။ ကန့်ကွက်ချက်တစ်ခုရှိခြင်း သို့မဟုတ် ဖျက်ပစ်ရန် ဆွေးနွေးခြင်း ရှိလာပါက စာမျက်နှာကို ဖျက်ပစ်ရန် အဆိုပြုခြင်း တဖန်ပြုလုပ်ကောင်း ပြုလုပ်မည် မဟုတ်ပေ။ ဤလုပ်ငန်းစဉ်မျိုးကို [[Wikipedia:Main namespace|အဓိက namespace]] (ဆောင်းပါးနေရာ) တွင်ရှိသော စာမျက်နှာများကိုသာ ပြုလုပ်နိုင်သည်။ ပြန်ညွှန်းများသည် ဖျက်ပစ်ရန် အဆိုပြုခြင်းနှင့် မသင့်တော်ပေ။
* '''ဘယ်လိုရှာမလဲ''': ဖျက်ပစ်ရန် အကြံပြုထားသော စာမျက်နှာများအားလုံး၏ စာရင်းကို [[:Category:Proposed deletion]] တွင် တွေ့ရှိနိုင်ပါသည်။
* '''ဘယ်လိုလုပ်မလဲ''': စာမျက်နှာကို ပြင်ဆင်၍ {{tlxs|prod|2=''အကြောင်းပြချက်''}} တမ်းပလိတ်ကို စာမျက်နှာ ထိပ်ဆုံးတွင် ထည့်သွင်းပါ။ ''အကြောင်းပြချက်'' နေရာတွင် သင်၏ အကြောင်းပြချက်ကို ရေးသားပါ။
* '''သင် သဘောမတူပါက''': ဖျက်ပစ်ရန် အဆိုပြုခြင်းကို သဘောမတူသည့် မည်သည့်တည်းဖြတ်သူမဆို tag ကို ဖယ်ရှားနိုင်သည်။ စာမျက်နှာကို ဖျက်ပစ်ပြီးဖြစ်လျှင်တောင်မှ မည်သည့်တည်းဖြတ်သူမဆို အက်ဒမင်တစ်ဦးဦးကို မေးမြန်းဆွေးနွေး၍ [[Wikipedia:Viewing and restoring deleted pages|စာမျက်နှာ ပြန်လည်ရယူခြင်း]] ကို လုပ်ဆောင်နိုင်သည်။ ကိစ္စနှစ်ရပ်လုံးတွင် တည်းဖြတ်သူကို စာမျက်နှာ၏ သတိထားမိသော ပြဿနာကို ပြင်ဆင်ရန် တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။
* '''ပြန်လည်အဆိုပြုခြင်းများ''': စာမျက်နှာဖျက်ပစ်ရန် အဆိုပြုခြင်းကို တစ်ဦးတစ်ယောက်က ကန့်ကွက်လာပါက နောက်တစ်ဖန် ဖျက်ပစ်ရန် အဆိုပြုခြင်း ပြုလုပ်ကောင်း ပြုလုပ်မည် မဟုတ်ပေ။ တည်းဖြတ်သူတစ်ဦးသည် စာမျက်နှာကို ဖျက်ပစ်သင့်သည်ဟု ယူဆပါက ဖျက်ပစ်ရန် ဆွေးနွေးခြင်းကို အောက်တွင် ပြထားသည့်အတိုင်း ပြုလုပ်သင့်သည်။
 
====သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအား ဖျက်ပစ်ရန် အဆိုပြုခြင်း====
၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက်နောက်ပိုင်း ဖန်တီးထားသော [[WP:BLP|သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ]]အနေဖြင့် အကြောင်းအရာပါ အချက်အလက် အနည်းဆုံးတစ်ခုကို ထောက်ခံပေးမည့် [[WP:reliable source|စိတ်ချယုံကြည်ရသော ရင်းမြစ်]] အနည်းဆုံးတစ်ခု ပါရှိရန်လိုအပ်ကြောင်း [[WP:BLPPROD|ရင်းမြစ်မရှိသော အတ္ထုပ္ပတ္တိများကို ဖျက်ပစ်ရန် အဆိုပြုခြင်း]]ကို ၂၀၁၀ ဧပြီ ၃ ရက်နေ့မှစ၍ အကောင်အထည်ဖော်ခဲ့သည်။ ဆောင်းပါးတစ်ခုအား ယင်းကဲ့သို့ အဆိုပြုခံရပါက {{tl|prod blp}} tag ကို ရင်းမြစ်တစ်ခုခု ပေးနိုင်သည့် အချိန်ထိ မဖယ်ရှားပဲ ထားရှိရမည်ဖြစ်သည်။ ၇ ရက်နောက်ပိုင်း မည်သည့်ရင်းမြစ်မှ မရရှိခဲ့ပါက ဆောင်းပါးသည် ဖျက်ပစ်ခြင်းခံရမည်ဖြစ်သည်။