ဝီကီပီးဒီးယား:မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၂၂ -
ခြောက်လကျော်ကြာ ပြင်ဆင်ခြင်းမပြုလုပ်ထားသည့် ငြင်းပယ်ခံရသော သို့မဟုတ် တင်ပြလျောက်ထားခြင်းမရှိသော ''ဖန်တီးမည့် ဆောင်းပါး စာမျက်နှာများ'' ကို ဆိုလိုသည်။
* {{Tl|Db-g13}}, {{Tl|Db-afc}}
 
=== ဆောင်းပါးများ ===
{{Shortcut|WP:ACSD}}
မှတ်ချက်။ <small>[[Wikipedia:Criteria for speedy deletion#ကန့်ကွက်ထားသော သတ်မှတ်ချက်များ|အချို့သော သတ်မှတ်ချက်များမှာ ရုတ်သိမ်းထားပြီး]] ဖြစ်သောကြောင့် နံပါတ်အားလုံး အသုံးမပြုပါ။</small>
 
{{Anchor|A1|a1|nocontext}}
==== A1. စကားစပ်မရှိခြင်း ====
{{Shortcut|WP:A1}}
ဆောင်းပါး၏ အကြောင်းအရာကို လုံလောက်စွာ ဖော်ပြနိုင်ခြင်း မရှိသော ဆောင်းပါးများဖြစ်သည်။ ''နမူနာ။ "သူသည် ကားအနီရောင်နှင့် ရယ်စရာကောင်းသောသူ တစ်ဦးဖြစ်သည်။ သူသည် လူများကို ရယ်မောအောင် ပြုလုပ်နိုင်သည်။"'' ဤသတ်မှတ်ချက်ကို အလွန်တိုတောင်းသော ဆောင်းပါးများတွင် ထည့်သွင်းသတ်မှတ်သည်။ ''စကားစပ်'' သည် [[Wikipedia:Criteria for speedy deletion#A3|A3]] တွင် ဖော်ပြထားသည့် ''ပါရှိအကြောင်းအရာ'' နှင့် ကွဲပြားမှုရှိသည်။ မကြာမီကဖန်တီးလိုက်သော ဆောင်းပါးသစ်များတွင် ဤသတ်မှတ်ချက်ကို tag လုပ်ပါက သတိထားဆောင်ရွက်ရန် ဖြစ်သည်။ အကယ်၍ စာမျက်နှာကို ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် ချဲ့ကားရေးသားရန်အတွက် စာမျက်နှာ ခေါင်းစဉ် သို့မဟုတ် စာမျက်နှာရှိ အချက်အလက်များ (လင့်ခ်များ၊ ဝက်ဘ်အကူအညီဖြင့် ရှာဖွေမှုများ အပါအဝင်) သည် နောက်ထပ်အချက်အလက်များကို ရှာဖွေနိုင်ခြင်းရှိခဲ့ပါက စကားစပ်လုံလောက်စွာရှိသည်ဟု ယူဆနိုင်ပြီး A1 ဖြင့် tag ရန် မသင့်လျော်ပါ။
* {{Tl|Db-a1}}, {{Tl|Db-nocontext}}, {{Tl|Db-short}}
 
{{Anchor|A2|a2|notenglish}}
==== A2. အခြားဝီကီမီဒီယာ ပရောဂျက်များတွင် ရှိနှင့်ပြီးသော နိုင်ငံခြားဘာသာစကားဖြင့် ရေးသားထားသည့် ဆောင်းပါးများ ====
{{Shortcut|WP:A2}}
အခြားဝီကီမီဒီယာ ပရောဂျက်ရှိ ဆောင်းပါးတစ်ပုဒ်နှင့် အကြောင်းအရာ လုံလောက်စွာ တူညီနေသော ဆောင်းပါးများ ဖြစ်သည်။ အကယ်၍ ဆောင်းပါးသည် အခြားပရောဂျက်ရှိ ဆောင်းပါးတစ်ပုဒ်နှင့် တူညီမှု မရှိပါက {{tlx|Not Burmese}} ကို အစားထိုး အသုံးပြုပါ။ ပြီးနောက် ပြန်လည်စိစစ်ရန်နှင့် လိုအပ်ပါက ဘာသာပြန်ရန် [[Wikipedia:မြန်မာဘာသာပြန်ဆိုရမည့် ဆောင်းပါးများ]] စာမျက်နှာတွင် စာရင်းထည့်သွင်းပါ။
* {{Tl|Db-a2}}, {{Tl|Db-foreign}}
 
{{Anchor|A3|a3|A4|a4|nocontent|blankcsd}}
==== A3. အကြောင်းအရာမပါရှိခြင်း ====
{{Shortcut|WP:A3}}
([[Wikipedia:သံတူကြောင်းကွဲ|သံတူကြောင်းကွဲ စာမျက်နှာများ]]၊ [[Wikipedia:Redirect|ပြန်ညွှန်းများ]]၊ သို့ [[Wikipedia:Wikimedia sister projects|ဝီကီမီဒီယာ ညီအစ်မပရောဂျက်များ]] သို့ ပြန်ညွှန်းထားသည့် [[Wikipedia:Soft redirect|soft redirects]] များ စသည့်တို့မှ လွဲ၍) ပြင်ပလင့်ခ်များ၊ ကဏ္ဍထည့်သွင်းထားမှုများနှင့် "အခြားကြည့်ရန်" အပိုင်းများ၊ ခေါင်းစဉ်ကို ပြန်လည်ရေးသားထားခြင်းများ၊ [[Wikipedia:Help desk|အကူအညီ]] သို့ [[Wikipedia talk:Questions|မေးခွန်းမေးရန်]] တို့တွင်သာ မေးသင့်သော မေးခွန်းရေးသားထားမှုများ၊ အပြန်အလှန် သုံးသပ်ပြောဆိုထားမှုများ၊ တမ်းပလိတ် tag များ၊ နှင့်/သို့မဟုတ် ပုံများ ပါဝင်သည့် မည်သည့်ဆောင်းပါးကို မဆို ဆိုလိုသည်။ [[Wikipedia:Article wizard|အလိုအလျောက် ဆောင်းပါးဖန်တီးသည့် ဝိဇတ်]]နှင့် ဖန်တီးထားသော အကြောင်းအရာမပါရှိသည့် ဆောင်းပါးများလည်း အကျုံးဝင်သည်။ သို့သော်၊ အလွန်တိုတောင်းသည့် ဆောင်းပါးများသည် စကားစပ်ဆပ်စပ်မှု ပါရှိပါက [[Wikipedia:Stub|ဆောင်းပါးတို]] အဖြစ် သတ်မှတ်နိုင်ပြီး ဤသတ်မှတ်ချက်ဖြင့် ဖျက်ခြင်းသည် သင့်တော်လျော်ညီမှု မရှိပေ။ အလားတူ infobox သာလျှင်ရှိသော စာမျက်နှာများသည်လည်း ဤနေရာတွင် ဖော်ပြထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသရွေ့ A3 ဖြင့် ဖျက်ရန် မသင့်လျော်ပေ။ မကြာမီကဖန်တီးလိုက်သော ဆောင်းပါးသစ်များတွင် ဤသတ်မှတ်ချက်ကို tag လုပ်ပါက သတိထားဆောင်ရွက်ရန် ဖြစ်သည်။
*အခြားဆောင်းပါးများသို့ ချိတ်ဆက်ထားခြင်း မရှိသော သံတူကြောင်းကွဲ စာမျက်နှာများသည်လည်း ဤသတ်မှတ်ချက်တွင် အကျုံးဝင်သည်။
* {{Tl|Db-a3}}, {{Tl|Db-nocontent}}, {{Tl|Db-contact}}, {{Tl|Db-empty}}
 
{{Anchor|A5|a5|transwiki}}
 
==== A5. Transwikied articles ====
{{Shortcut|WP:A5}}
{{Further|m:Help:Transwiki}}
[[:wikt:|ဝစ်ရှင်နရီ]]တွင် ရေးသားပြီးသည့် အဘိဓာန်ဖွင့်ဆိုချက်ကိုသာ ရေးသားထားသော မည်သည့်ဆောင်းပါးမဆို ဖြစ်သည်။
* {{Tl|Db-a5}}, {{Tl|Db-transwiki}}
 
== အောက်ခြေမှတ်ချက်များ ==