ရဲထွန်းလင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၇ -
 
 
စာပေ ဝါသနာရှင် ဖြစ်သည်နှင့် အညီ ရဲထွန်းလင်း၊ ကာယဗလ ဦးနေဝင်း၊ ရေးသူ "?" တို့ဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးခဲ့သည်။ အထူးသဖြင့် သွေးသောက် မဂ္ဂဇင်းတွင် "ကာယဗလ ဦးနေဝင်း" အမည်ဖြင့် ဆောင်းပါးများ၊ ရေးသူ "?" ဟူသော အမည်ဝှက်ဖြင့် 'ဘုရင်နှင့် ကျေးတောသား' ၊ 'မေခလာ'၊ 'ကသီကရီ' ဝတ္ထုရှည် များနှင့် ဝတ္ထုတို များကို ရေးခဲ့သည်။ စစ်မဖြစ် မီက ရေးသား ထုတ်ဝေ ခဲ့သည့် သိန်းလေးဆယ်နှင့် အရေးတော်ပုံ တပ်သား ဝတ္ထုများ၊ လုလင် တက်လမ်း (၁၉၃၅?) နှင့် ထွက်ရပ်လမ်း (၁၉၄ဝ) ကျမ်းများမှာ အထူး ထင်ရှား ခဲ့သည်။ "အရေးတော်ပုံ တပ်သားမှာ အလွန်ကောင်းသော တော်လှန်ရေး ဝတ္ထု ဖြစ်သည်" ဟု သုခက ရေးခဲ့သည်။ "လူငယ်များကို စိတ်ဓာတ် ရင့်သန် တိုးတက် စေသော ဝတ္ထုများကို ရေးလေ့ ရှိသည့် တာဝန်သိ စာရေးဆရာ ....." ဟူ၍ စီးပွားရေး မြင့်ဦးက ဆိုခဲ့သည်။ 'အရေးတာ်ပုံ တပ်သား' ဝတ္ထုကြီးမှာ စာရေး ဆရာကြီး ရဲထွန်းလင်း မွေးထုတ် ပေးလိုက်သော အရေးတော်ပုံ တပ်သားကြီး မျိုးတင့် ..... ၏ မဟုတ်မခံ စိတ်ဓာတ်၊ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ မှန်ရာကို လုပ်ရဲသည့် စိတ်ဓာတ် တို့ကို က္ဆွန်တော်ကျွန်တော် အားကျ ခဲ့သည် ...." ဟူ၍ မြသန်းတင့်က တင်ပြ ခဲ့သည်။ ကွယ်လွန်ချိန်တွင် ကျန်းမာအောင် အာဟာရ သုံးဆောင်နည်း စာအုုပ်ကိုစာအုပ်ကို ရေးသား နေဆဲပင် ဖြစ်သည်။
 
 
၁၉၆၂ ခု ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၁၁ နာရီ ၂ဝ မိနစ်၊ အသက် ၅၁ နှစ် အရွယ်တွင် ရန်ကုန် ဆေးရုံကြီး၌ အဆုတ် ကင်ဆာ ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။
 
 
 
== စာညွှန်း ။ ။ ==