ငလျင်လှုပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၅၅ -
ရေဓာတ်ပြည့်ဝနေသော အဖြုန်းအစေ့ဆန်သည့်ပစ္စည်း (သဲကဲ့သို့သော) အရာများသည် လှုပ်ခါခြင်းကြောင့် ၎င်း၏စွမ်းအင်ကို ယာယီဆုံးရှုံးပြီး အခဲမှ အရည်အဖြစ်သို့ ပြောင်းလဲသည့်အခါ မြေကြီးအရည်ဖွဲ့ခြင်း ဖြစ်ပေါ်သည်။ မြေကြီးအရည်ဖွဲ့ခြင်းသည် ခိုင်မာတောင့်တင်းသော အဆောက်အအုံများဖြစ်သည့် အိမ်အဆောက်အဦးများနှင့် တံတားများကို စောင်းခြင်း သို့မဟုတ် အရည်ဖြစ်နေသော နုန်းမြေများအတွင်းသို့ နစ်မြုပ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤအရာသည် ငလျင်လှုပ်ခြင်း၏ အကြီးအကျယ် ဖျက်ဆီးသော သက်ရောက်မှုတစ်ရပ်ဖြစ်သည်။ ဥပမာ- ၁၉၆၄ Alaska (အလက်(စ်)စကား) ငလျင်တွင် မြေကြီးအရည်ဖွဲ့ခြင်းသည် မြေကြီးအတွင်းသို့ အဆောက်အဦးများစွာကို နစ်မြုပ်စေခဲ့ပြီး၊ နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင် ပြိုလဲခြင်းတို့ကို ဖြစ်ခဲ့သည်။
 
== ၂၀၀၄ Indian (အိန္ဒိယ) သမုဒ္ဒရာငလျင် ကြောင့်ဖြစ်ပွားသောအိန္ဒိယသမုဒ္ဒရာငလျင်ကြောင့်ဖြစ်ပွားသော ဆူနာမီ ==
 
[[File:2004-tsunami.jpg|thumb|150px|ဆူနာမီ]]
 
ဆူနာမီများသည် ကြီးမားသောရေထုထည်၏ ရုတ်တရက်လှုပ်ရှားမှုမှ ထွက်ပေါ်လာသော ရှည်လျားသော လှိုင်းအလျားနှင့် အချိန်ကာလရှည်လျားသော ပင်လယ်လှိုင်းလုံးများဖြစ်သည်။ သမုဒ္ဒရာပြင်တွင် လှိုင်းထိပ်များ အတွင်းရှိ အကွာအဝေးသည် ၁၀၀ [[ကီလိုမီတာ]] (၆၂ မိုင်) ထက်ကျော်လွန်နိုင်ပြီး၊ လှိုင်းအချိန်ကာလသည် ငါးမိနစ်မှ တစ်နာရီအတွင်း ပြောင်းလဲနိုင်သည်။ ထိုကဲ့သို့သော ဆူနာမီများသည် ရေအနက်ပေါ်တွင်မူတည်၍ တစ်နာရီလျှင် ၆၀၀-၈၀၀ ကီလိုမီတာ '''(တစ်နာရီလျှင် ၃၇၃-၄၉၇မိုင်)''' ရွေ့လျားသွားလာကြသည်။ ငလျင်လှုပ်ခြင်း သို့မဟုတ် ပင်လယ်မျက်နှာပြင်အောက် မြေပြိုကျခြင်းကြောင့် ပေါ်ထွက်လာသော ကြီးမားသည့် လှိုင်းလုံးများသည် အနီးအနားရှိ ပင်လယ်ကမ်းခြေဒေသများကို မိနစ်ပိုင်းအတွင်း စီးနင်းဝင်ရောက်နိုင်သည်။ ဆူနာမီများသည် သမုဒ္ဒရာပြင်ကို ဖြတ်သန်း၍ ကီလိုမီတာ ထောင်ပေါင်းများစွာ ရွေ့လျားသွားလာနိုင်ပြီး ငလျင်လှုပ်ခြင်းမှ ၎င်းတို့ကို ဖြစ်ပေါ်စေပြီးနောက်တွင် ဝေးလံသော ကမ်းခြေဒေသများတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည်။
ပုံမှန်အားဖြင့်၊ ပမာဏ ၇.၅ ရစ်ချတာစကေးအောက်ရှိ အနိမ့်စားငလျင်လှုပ်ခြင်းများသည် ဆူနာမီများကို မဖြစ်ပေါ်စေပါ။ သို့သော်၊ ဤအရာ၏ သာဓကအချို့ကို မှတ်တမ်းတင်ထားခြင်းရှိသည်။ များသောအားဖြင့် ပျက်စီးဆုံးရှုံးစေသော ဆူနာမီများမှာ ပမာဏ ၇.၅ သို့မဟုတ် ထို့ထက်ပိုသော ငလျင်များကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။