စောလူးမင်းကျောက်စာ: တည်းဖြတ်မှု မူကွဲများ

Typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၆ -
ကျောက်စာတိုင်၏ အပိုင်းအစများကို စပ်ဆက်ကြည့်သောအခါ အမြင့် ၄ ပေ ၃ လက်မ၊ အကျယ် ၂ ပေခွဲရှိပြီး၊ အထူ ၅ လက်မခန့် ရှိသည်။ ကျောက်စာသည် မျက်နှာပြင် နှစ်ဖက်စလုံးတွင် ရေးထိုးထားသော ကျောက်စာဖြစ်သည်။<ref name=autogenerated1 />
 
[[မြန်မာနိုင်ငံ]]တွင် ရှာဖွေတွေ့ရှိထားသည့် ကျောက်စာများ အနက်မှ [[ဘာသာစကား]] ခြောက်မျိုးဖြင့် ရေး ထိုးထားသောကြောင့် ဘာသာအများဆုံးပါရှိသည့် ကျောက်စာတစ်ချပ် ဖြစ်သည်။ ယင်းကျောက်စာကို စောလူးမင်းမှ မြန်မာသက္ကရာဇ် ၄၁၅ ခုနှစ်တွင် ရေးထိုးခဲ့ပြီး ကျောက်စာ၌ စောလူးမင်းသည် မိမိကိုယ်အတိုင်းအတာ ပမာဏရှိသော ဆင်းတုတော် တစ်ဆူကို [[ဗုဒ္ဓ|ဘုရား]]၌ လှူသည်။ ရွှေဆင်းတု နှစ်ဆူကို ဌာပနာသည်။ [[ကျွန်]] ၁၀၀၊ [[နွား]]အရှဉ်း ၁၀၊ [[လယ်]] ၁၀၀ ပယ်နှင့် [[စပါး]]တင်း ၁၀၀၀ ကို ရေစက်သွန်းချ လှူဒါန်းသည်" ဟု မွန်ကဗျည်းကျောက်စာ ပညာရှင် ဦးနိုင်ဘရှင်၏ ဘာသာပြန်ဆိုထားချက်အရ သိရသည်။
 
၁၁ ရာစု ခေတ်ဦးဖြစ်သည့် စောလူးမင်း၏ ကျောက်စာတွင် ကျိန်စာ၊ ဆုတောင်းစာများ ပါဝင်ပြီး ပျူပါဠိဘာသာဖြင့် ရေးထိုးထားရာဘက်၌ ဆင်းတုတော်သုံးဆူပါ လှူဒါန်းခဲ့ကြောင်း ရေးထိုးထားသည်။ နောက်ထပ်တွေ့ရှိရသည့် ဘာသာစကား တစ်မျိုးမှာ မြန်မာဘာသာစကား (သို့မဟုတ်) ပါဠိ ဘာသာစကား တစ်မျိုးဖြစ်သည့် ဒေဝနာဂရီဘာ သာစကားဖြင့် ရေးထိုးထားသည်ဟု ယူဆရသည်။