ဝီကီပီးဒီးယား:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
{{under construction}}
{{nutshell|ဆွေးနွေးချက် စာမျက်နှာများသည် ဝီကီပီးဒီးယားကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် ဖြစ်ပြီး အကြောင်းအရာတစ်ခုအပေါ် သို့မဟုတ် တည်းဖြတ်သူတစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးရာ သဘောထားအမြင်များ ဖော်ပြရန် နေရာ မဟုတ်ပါ။}}
 
ဆောင်းပါးတစ်ပုဒ်မှ ဆွေးနွေးချက်စာမျက်နှာ၏ ရည်ရွယ်ချက်မှာ သက်ဆိုင်ရာ ဆောင်းပါး သို့မဟုတ် ပရောဂျက်စာမျက်နှာနှင့် ပတ်သက်၍ တည်းဖြတ်သူများအတွက် ဆွေးနွေးပြောဆိုရန် နေရာတစ်ခုအဖြစ် ထောက်ပံ့ပေးရန် ဖြစ်သည်။ တည်းဖြတ်သူများအနေဖြင့် အကြောင်းအရာအပေါ် ကိုယ်ပိုင်ရေးရာအမြင်များ ရေးသားရန်အတွက် ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများကို အသုံးမပြုသင့်ပေ။
 
ဆွေးနွေးချက်စာမျက်နှာတွင် ရေးသားရာ၌ ကောင်းမွန်စွာ တည်းဖြတ်ရေးသားကာ အပြန်အလှန် အကျိုးရှိစွာ လုပ်ကိုင်ဆောင်ရွက်ရကြမည် ဖြစ်သည်။ ဆွေးနွေးချက်စာမျက်နှာများ၏ အဓိကတန်ဖိုးမှာ ဆက်ဆံပြောဆိုခြင်း၊ ယဉ်ကျေးမှုရှိခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းတို့ ဖြစ်သည်။ အောက်ပါတို့သည် ဝီကီပီးဒီးယန်းများအား ဆွေးနွေးချက်စာမျက်နှာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် လမ်းညွှန်ပေးရန် ရည်ရွယ်သည်။
 
လမ်းညွှန်ချက်များ အားလုံးသည် [[Wikipedia:လက်ဖက်ရည်ဆိုင်]] ကဲ့သို့သော ဝီကီပီးဒီးယား၏ ဆွေးနွေးချက်စာမျက်နှာများတွင်လည်း အကျုံးဝင်သည်။
 
==အဓိကကျသော အချက်များ==
===ဝီကီပီးဒီးယားမူဝါဒများကို ထိန်းသိမ်းပါ===
နောက်ထပ် စုံစမ်းလေ့လာမှုများအတွက် အထောက်အကူဖြစ်စေသော သုံးသပ်ချက်များ၊ အကြံပြုချက်များ၊ ပုဂ္ဂိုလ်ရေးရာ ဗဟုသုတများကို ဆွေးနွေးချက် စာမျက်နှာများပေါ်တွင် ခွင့်ပြုထားသည်။ သို့သော် ဆွေးနွေးချက်စာမျက်နှာများကို လွဲမှားစွာ အသုံးပြုမိခြင်သည် ငြင်းခုံခြင်းသို့ ဦးတည်စေကာ [[Wikipedia:Policies and guidelines|မူဝါဒ သတ်မှတ်ချက်များ]]နှင့် မကိုက်ညီတော့ပေ။ သက်ရှိ ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအတွက် အထူးဂရုပြုရမည်မှာ "တည်းဖြတ်သူများသည် '''သက်ရှိ ပုဂ္ဂိုလ်များအကြောင်း အချက်အလက်များ''' ကို ''မည်သည့်'' ဝီကီပီးဒီးယား စာမျက်နှာများကိုမဆို ထည့်သွင်းရေးသားရာတွင် အထူးဂရုပြုရမည်" ဟူသည့် အချက်ကို ဆောင်းပါးစာမျက်နှာများသာမက ဆွေးနွေးချက် စာမျက်နှာများတွင်ပါ အကျုံးဝင်သည်။
 
 
{{ဝီကီပီးဒီးယား မူဝါဒများနှင့် လမ်းညွှန်ချက်များ}}