၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး cat
စာမျက်နှာကို မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း သို့ ပြန်ညွှန်းလိုက်သည်
စာကြောင်း ၁ -
#REDIRECT[[မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း]]
[[File:Maphan.gif|thumb|ရုပ်ရှင်]]
 
၂၀၁၁ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ အကောင်ဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို မယ်လိုဒီက ရရှိ သွားပြီး အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ကိုတော့ သရုပ်ဆောင်သစ် နောင်နောင် က ရရှိသွား ပါတယ်။
 
အကောင်းဆုံး ဇာတ်ဆောင်ဆု နှစ်ခု စလုံးကို ထာဝရ အလင်းတန်းများ ဇာတ်ကား ကနေ ရရှိ သွားတာ ဖြစ်ပြီး၊ အကောင်းဆုံး ဇာတ်ကားဆု ကိုလည်း ဒီကားနဲ့ပဲ ရရှိ သွားတာ ဖြစ်ပါတယ်။ ထူးချွန်ဆု အာလုံး ၁၁ ခု အနက် ဆု ၈ ခုကို ထာဝရ အလင်းတန်းများ ကားနဲ့ ရရှိ သွားတာ ဖြစ်ပါတယ်။
အကယ်ဒမီဆုရ စာရင်း
 
အမျိုးသား ဇာတ်ဆောင်ဆု - နောင်နောင်
 
အမျိုးသမီး ဇတ်ဆောင်ဆု - မယ်လိုဒီ
 
အမျိုးသား ဇာတ်ပို့ဆု - မော့စ်
 
အမျိုးသမီး ဇာတ်ပို့ဆု - ချစ်စနိုးဦး
 
ဒါရိုက်တာဆု - ထွန်းအောင်ဇော်
 
အကောင်းဆုံးဇာတ်ကား - ရီမြင့်ရုပ်ရှင်
 
ဇာတ်ညွှန်းဆု - မြင့်ဆောင်နဲ့ စိုကျော်ဆန်း
 
ဓာတ်ပုံဆု - တင့်ဆန်း
 
တည်းဖြတ်ဆု - ဟိန်းထက် (လယ်ဝေး)
 
တေးဂီတဆု - ဇော်မျိုးထွဋ်
 
အသံထူးချွန်ဆု - ဆန်းဦး
 
 
အမျိုးသား ဇာတ်ပို့ ဆုကိုတော့ ဟာသ သရုပ်ဆောင် မော့စ် က ရရှိ သွားပြီး အမျိုး သမီး ဇာတ်ပို့ဆု ကိုတော့ ချစ်စနိုးဦးက ရရှိပါတယ်။
 
၂၀၁၁ ခုနှစ်က ပြသခဲ့တဲ့ မြန်မာ့ ရုပ်ရှင် ဇာတ်ကား ၁၅ ကားထဲက ဆန်ကာတင် ရုပ်ရှင်ကား ငါးကားကို ထုတ်နုတ် လို့ အကယ်ဒမီ ဆု ပေးခဲ့ ကြတာ ဖြစ်ပါတယ်။
 
ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အာကစားကွင်းမှာ ကျင်းပတဲ့ ဒီ အကယ်ဒမီ ဆုပေးပွဲကို ပြန်ကြားရေး ဝန်ကြီး ဌာနနဲ့ မြန်မာ့ ရုပ်ရှင် အစည်း အရုံးတို့ ညှိနှိုင်း ဆောင်ရွက် ခဲ့ကြတာ ဖြစ်ပြီး၊ ဒီပွဲမှာ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ ရုပ်ရှင် အစည်း အရုံး ဥက္ကဌ ဦးဇင်ဝိုင်း တို့က အမှာ စကားတွေ ပြောကြားခဲ့ ကြပါ တယ်။
 
ဒါပေမယ့် လည်း ၂၀၁၁ ခုနှစ် နဲ့ ၂၀၁၂ ခုနှစ် အတွက်ကို တော့ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့ ရုပ်ရှင် လုပ်ငန်း ကပဲ အကယ်ဒမီ ပေးမှာ ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် ရောက်မှာ ဥက္ကဌ ဦးဇင်ဝိုင်း ဦးဆောင်တဲ့ မြန်မာ့ ရုပ်ရှင် အစည်းအရုံးကို လွှဲပေးမှာ ဖြစ်တယ်လို့ ဆဲလ်ဗင်းဒေး သတင်းဂျာနယ်က အကြီးတန်း သတင်းထောက် မအေးသူဆံက ဘီဘီစီ ကိုပြောပါတယ်။
 
[[Category:မြန်မာနိုင်ငံ ရုပ်ရှင်ဆုများ]]