အုန်းခင်၊ ဦး (မိုးကြိုး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အုန်း​ခင်၊ ဦး(မိုးကြိုး) မှ အုန်းခင်၊ ဦး (မိုးကြိုး) သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထား...
အရေးမကြီးNo edit summary
စာကြောင်း ၁ -
သတင်းစာဆရာကြီး '''မိုးကြိုးဦးအုန်းခင်''' (ခရစ် ၁၉၀၃-၁၉၈၉) ကို ၁၉၀၃ ခုနှစ်စက်တင်ဘာလ ၂၀ နေ့တွင် [[ပန်းတနော်မြို့|ပန်းတနော်မြို့နယ်]] မင်းတစုရွာ၌အဖ ဦးဖိုးလှိုင်၊ အမိ ဒေါ်စံပယ် တို့မှ မွေးဖွားသည်။ [[မအူပင်မြို့]] အစိုးရ အထက်တန်းကျောင်းမှ ၁၉၂၀ ပြည့်နှစ် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သည်။ ယင်းကျောင်းမှ ဆယ်တန်းကိုအောင်မြင်ခဲ့ရာ အစိုးရစကောလားရှစ်ဆုရရှိခဲ့သည်။ [[ရန်ကုန်တက္ကသိုလ်]]တွင် ဥပစာသိပ္ပံအထက်တန်းအထိ ပညာသင်ယူခဲ့သည်။
 
၁၉၃၀ ပြည့်နှစ် [[တို့ဗမာအစည်းအရုံး]]တွင် သခင်ဘသောင်း၊ သခင်လှဘော်တို့နှင့်အတူ တာဝန်ယူခဲ့သည်။ ၁၉၃၂ခုနှစ်တွင် ကာယဗလဦးရှိန်၊ ဦးဇော်ဝိတ်တို့နှင့်အတူ ကျန်းမာရေးအတွက် ခြေလျင်လျှောက် ခြင်း ပြုလုပ်ကြရန် နှိုးဆော်ရာ၌ပါဝင်ခဲ့၍ '''ခြေလျင် ဦးအုန်းခင်''' ဟု အမည်တွင်ခဲ့သည်။၁၉၃၈ ခုနှစ်တွင် နဂါးနီစာအုပ်တိုက်၌ မန်နေးဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။
စာကြောင်း ၆ -
 
၁၉၆၁ ခုနှစ်ထွက် ‘မိုးကြိုး’ သတင်းစာကို စတင်တည်ထောင်ပြီး ၁၉၆၄ ခုနှစ်အထိအယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့သည်။ မိုးကြိုးဦးအုန်းခင်သည် ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် [[ရန်ကုန်မြို့]]၌ ကွယ်လွန်သည်။ <ref>စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉⁠၉၀</ref>
 
==ကိုးကား==
<references/>
 
{{lifetime|၁၉၀၃|၁၉၈၉}}
[[Category:တို့ဗမာ အစည်းအရုံးဝင်များ]]
[[Category:ဂျာနယ်လစ်]]