အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅ -
ကင်မေချူး နှင့် အခြားတစ်ဦးတို့မှာ ထိုနေ့တွင်ပင် လက်ပစ်ဗုံးဖြင့် မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားခဲ့သော်လည်း မသေဘဲ အဖမ်းခံခဲ့ရပြီး ကင်မေချူးမှာ လက်တစ်ဖက် ပြတ်ခဲ့သည်။
 
ကင်မေချူးသည် အာဇာနည်ကုန်း ခေါင်မိုးတွင် ဗုံးတက်ချိတ်သူဟု သိရသည်။ တတိယမြောက် မသင်္ကာသူ တစ်ဦးဖြစ်သော ဇင်ဘိုမှာ မြောက်ကိုရီးယားမှ လာရောက် ခေါ်ဆောင်မည့် ရေငုပ်သင်္ဘောရှိရာသို့ ထွက်ပြေးသည်ဟု ယူဆရသော်လည်း [[ပုဇွန်တောင်ချောင်း]] အနီးတွင် အဖမ်းခံခဲ့ရသည်။
 
သို့သော် အဖမ်းမခံရမီတွင် မြန်မာ စစ်သား ၃ ဦးကို သတ်ပစ်ခဲ့ပြီး သူ့အား ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ ကင်မေချူးက မြောက်ကိုရီးယား နှင့် ဆက်နွယ်နေမှုကို ဝန်ခံခဲ့ပြီး အစိုးရသက်သေ အဖြစ် ထွက်ဆိုခဲ့သဖြင့် သေဒဏ်မှ လွတ်ကင်းခွင့် ရခဲ့ပြီး ထောင်တစ်သက် ချမှတ်ခြင်း ခံခဲ့ရသည်။ အခြား နှစ်ဦးမှာ ကြိုးပေး အသတ်ခံခဲ့ရသည်။ မြောက်ကိုရီးယားက ကင်မေချူးသည် သူတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ ကင်မေချူးအား အင်းစိန်ထောင်တွင် အကျဉ်းချထားခဲ့သည်။