ဘလူးထူးသ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး typo
အရေးမကြီး clean up using AWB
စာကြောင်း ၉ -
ဘလူးထူးသ်ကို အသုံးပြုပြီး ကွန်ပျူတာနှင့်မိုဘိုင်းဖုန်းကို ချိတ်ဆက်နိုင်ရန်အဆိုကို Jim Kardach က ၁၉၉၇ ခုနှစ်တွင် အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်နှင့်အတူ ဘလူးထူးသ်အမည်ကိုလည်း အသုံးပြုရန် တင်သွင်းခဲ့သည်။ ထိုအဆိုပြုချက်ကို တင်သွင်းချိန်၌ Jim Kardach သည် စာ‌ရေးဆရာ Frans G Bengtsson ‌ရေးသားသည့် သမိုင်း‌နောက်ခံဝတ္ထု The Long Ships ကို ဖတ်‌နေခဲ့သည်။ ထိုဝတ္ထုသည် ဒိန်းမတ်‌ရှေးဘုရင်တစ်ပါးဖြစ်သည့် King Harald Bluetooth အ‌ကြောင်းဖြစ်သည်။ ထိုဘုရင် အလယ်‌ခေတ် ဒိန်းမတ်ဘုရင်တစ်ပါးဖြစ်ပြီး စကန်ဒစ်‌နေးဗီးရာတွင်‌နေထိုင်သူများ၏ ‌ရှေးစကားအရ Harald Blatand ဟု‌ရေးသားပြီး စာလုံး‌ပေါင်းသည်။ ထို‌ဝေါဟာရကို အင်္ဂလိပ်က Harald Bluetooth ဟု ‌မွေးစားခဲ့သည်။
 
ဘလူးထူးသ်၏ လိုဂိုအမှတ်တံဆိပ်မှာလည်း H နှင့် B အက္ခရာနှစ်ခုကို ‌ပေါင်းစည်းထားခြင်းဖြစ်ပါသည်။ ထိုသို့‌ပေါင်းစည်းထား ‌သောအက္ခရာမှာ ‌ရှေး‌ခေတ်စကန်ဒစ် ‌နေးဗီးရာ သစ်ထွင်းနှင့်‌ ကျောက်ထွင်းစာများမှ စာလုံးများဖြစ်သည့် H နှင့် B ကို ‌ပေါင်းစည်း‌ရေးသားထားခြင်းလည်း ဖြစ်သည်။
 
၁၉၉၈ ခုနှစ်တွင် Bluetooth(ဘလူးထူးသ်)အမည်ကို နည်းပညာကုမ္ပဏီကြီးအချို့က အသိအမှတ်ပြုပြီး တရားဝင် စတင်အသုံးပြုခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ဘလူးထူးသ်ကို မိုဘိုင်းဖုန်း၌ အသုံးပြုနိုင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်၌ ပရင်တာ၊ လက်ပတော့နှင့် ကားများတွင် ထည့်သွင်းအသုံးပြုနိုင်ခဲ့သည်။ ၂ဝဝ၂ ခုနှစ်၌ ကီးဘုတ်၊ ဂျီပီအက်စ်၊ ဒီဂျစ်တယ်ကင်မရာအစရှိသည်တို့တွင် အသုံးပြုနိုင်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် အမ်ပီသရီး၌ အသုံးပြုနိုင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် ဘလူးထူးသ် ၁ဝ နှစ်ပြည့်ကို ကျင်းပခဲ့သည်။ ဘလူးထူးသ်စိတ်ဝင်စားသူများအဖွဲ့ဝင် ကုမ္ပဏီ ၁ဝဝဝဝ သည် ထိုနှစ်တွင်ပြည့်ခြဲ့ပီး ကမ္ဘာတစ်ဝန်းရှိအသုံးပြုသူ ၂ သန်း‌ကျော်၏ လက်ထဲတွင် ဘလူးထူးသ်သည် ရှင်သန်‌နေခဲ့သည်။ ယ‌နေ့တွင်လည်း ဘလူးထူးသ်ကို ပိုမိုတွင်ကျယ်စွာအသုံးပြု‌နေကြသည်။