ဂဏန်းတွက်စက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
စာကြောင်း ၆ -
 
== စတင်တီထွင်ခြင်း ==
လူများ လွယ်လွယ်ကူကူ တွက်ချက်နိုင်ရန် ပထမဆုံးတီထွင်လိုက်သော ဂဏန်းတွက်စက်မှာ [[ပေသီး(Abacus)|ပေသီးဂဏန်းတွက်စက်]] ဖြစ်သည်။ ကြိုးလုံးများနှင့် ပုတီးစေ့များကို သီထားပြီး နေရာရွှေ့ပြီး ကိန်းဂဏန်းများကို တွက်ချက်ရသည်။ ဘီစီ ၃၀၀ဝ လောက်တွင် ဘေဘီလုံ နိုင်ငံသားများ စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဂဏန်းတွက်စက်ကို စတင်တီထွင်ခဲ့သူမှာ ဘလိုင်းဆီး ပက်စကယ် ဆိုသူ ပြင်သစ်သိပ္ပံပညာရှင် ဖြစ်သည်။ ထိုစက်ကို သူ အသက် ၁၉-နှစ်အရွယ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ထိုစက်သည် ကိန်းဂဏန်းများကို အလိုအလျှောက် ပေါင်းနိုင်၊ မြှောက်နိုင်သည်။ စက်ထဲတွင် ဘီးကလေးများ ပါသော ကိန်းဂဏန်းများကို စီစဉ်ထည့်ထားခြင်း ဖြစ်သည်။ ပထမဆုံး ကိန်းဂဏန်းများကို မြှောက်နိုင်၊ စားနိုင်သော ဂဏန်းတွက်စက်ကို တီထွင်သူမှာ ဂျာမန်သိပ္ပံပညာရှင် ဂေါ့ဒ်ဖရိုင်း လိုင်းဘနစ်ထ်ဇ် ဆိုသူ ဖြစ်သည်။ ၁၆၉၄-ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။
<ref>၂၀၀၄-ခု၊ အောက်တိုဘာလထုတ် (စာပေလောက) ခင်မောင်ဇော်၏ တီထွင်မှုများ စာအုပ်မှ</ref>