ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by 111.84.195.210 (talk) to last revision by Ninjastrikers. (TW)
Right spelling
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃ -
ပြည်နယ်၏မြို့တော် ဆရီနဂါ]]
 
'''ကက်ရှမီးယားပြည်နယ်ကက်ရှ်မီးယားပြည်နယ်'''သည် [[အိန္ဒိယနိုင်ငံ]]၏ အနောက်မြောက်ဖက် ဟိမဝန္တာတောင်တန်းဒေသတွင်တည်ရှိ၍ တောင်ထူထပ်သည့်ပြင်တောင်ထိပ်တောင်ထွတ်တို့မှာနှင်းများ ဖုံးအုပ်လျက် ရှိသည်။ ကသ္ဓီရပြည်နယ်မှာ အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက်တံခါးပေါက်နှင့်ဆက်စပ်နေသည့်ပြင် တိဘက်ပြည်၊ ဆိုဗီယက်နိုင်ငံ၊ ဥရောပတိုက် အရှေ့ပိုင်း ဒေသ တို့နှင့်လည်း ကူးလူးဆက်ဆံရန် လွယ်သဖြင့် ပထဝီဝင်အရ သော်၎င်း၊ နိုင်ငံရေးအရသော်၎င်း၊ အထူးအရေးပါသော ပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်ကို ရှေးအခါကဟိန္ဒူမင်း များနှင့် မွတ်စလင်မင်းများ နိုင်ရာနိုင်ရာ အုပ်စိုးခဲ့ကြသည်။ ၁၅၈၆ ခုနှစ်တွင် မဂိုဘုရင် အက္ကဗါ၏ လက်အောက်သို့
ကျရောက်ခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် အမ္မရစ်ဆာ စာချုပ်အရ ကက်ရှမီးယားပြည်နယ်ကို ဂူလပ်ဆင်း၏လက်သို့ အပ်လိုက်သည်။ ထိုမှစ၍ နောက်ဆုံးစိုးစံသော မဟာရာဇာ ဆာဟရီဆင်း လက်ထက် အထိ သားစဉ်မြေးဆက် အုပ်စိုးခဲ့ကြသည်။ သို့သော် ဗြိတိသျှအစိုးရတို့၏ ဩဇာလွှမ်းမိုးမှု မကင်း သည့်အပြင် အိန္ဒိယ ဘုရင်ခံချုပ်နှင့်လည်း အသင့်အတင့် ဆက်ဆံရလေသည်။