ရာမာယဏ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရာမာယဏ
စာကြောင်း ၃၂ -
 
ဒဏ္ဍက တောတွင်းဝယ် ရာမမင်းသည် ကြင်ယာတော်၊ ညီတော်တို့နှင့်အတူ နေထိုင်စဉ် ဘီလူးတို့၏ဘေးမှ ကြောက်လန့်နေကြသူတို့ ခိုဝင်လာကြရာ ရာမမင်းသည် ဘီလူးတို့၏ ရန်ကို တွန်းလှန်ရလေသည်။ သုပ္ပနခါ ဘီလူးမသည် ရာမမင်းကို မြင်လျှင် တပ်မက်ကြောင်း ထုတ်ဖော်သော်လည်း ရာမမင်းသားက လက်မခံသဖြင့် စိတ်နာ၍ မောင်တော်ခရဘီလူးကိုခေါ်၍ စစ်သည်တို့ဖြင့် တိုက်ခိုက်လေသည်။သို့သော် ခရဘီလူးနှင့်တကွ စစ်သည်တော်တို့သည် ရာမမင်းသား၏ လက်ချက်
ဖြင့် ပျက်စီးကြသည်ရှိသော် သုပ္ပနခါဘီလူးမသည် သီဟိုဠ်ကျွန်းသို့ကူး၍ မောင်တော်ဘီလူးမင်း [[ရာဝဏ]] (ဒသဂီရိ)ထံ တိုင်တန်းလေသည်။ ရာဝဏဘီလူးမင်းလည်း အမျက်ကြီးစွာဖြင့် ဂလဲ့စားစေချေရန် လိုက်လာပြီးနောက် မိမိ၏ နောက်ပါတစ်ဦးအား ရွှေသမင်အဖြစ် ဖန်ဆင်းကာ သီတာမင်းသမီးအား မြှူစေလေသည်။ မင်းသမီးလည်း ရွှေသမင်ကို လိုချင်၍ မောင်တော်အား ပူဆာရာ ရာမမင်းသားသည် ညီတော်နှင့်အတူ သမင်ဖမ်း ထွက်ရလေသည်။ ထိုအခိုက် ရာဝဏသည် ရသေ့ယောင်ဆောင်၍ သီတာအား ရထားပျံပေါ်တင်ကာ ကောင်းကင်ခရီးဖြင့် ခိုးပြေးလေသည်။ သီဟိုဠ်သို့ ရောက်လျှင် ရာဝဏသည် သီတာ၏ မေတ္တာကို တောင်းခံသော်လည်း မရသဖြင့် အကျဉ်းချထားလေသည်။ ရာမမင်းသား ညီနောင်တို့လည်း ရွှေသမင်ကို လိုက်၍မရဘဲ ပြန်လာသည်တွင် သီတာမင်းသမီးအား မမြင်သဖြင့် မင်းသမီးအား အရှာထွက်ပြန်လေသည်။ လမ်းတွင် ခေါင်းပြတ်ဘီလူးတစ်ကောင်နှင့် တွေ့ရှိလေရာ သုဂ္ဂီဝ(သုဂြိတ်)
မည်သော မျောက်မင်းနှင့် မိတ်ဖွဲ့၍ ရှာရန် ထိုဘီလူးက အကြံပေးလေသည်။
 
စာကြောင်း ၇၈ -
တိုင်းပြည်အား သားတော်များအား လွှဲအပ်ကာ နတ်ရွာ စံလွန်
လျှင် ဗိဿဏိုးနတ် ဖြစ်လာပြန်တော့သည်။
 
==ပါဠိပိဋကတ်တော်လာ ဇာတကကျမ်း==
ဗုဒ္ဓအယူဝါဒီတို့၏ ပါဠိပိဋကတ်တော်လာ ဇာတကကျမ်း