ခရစ်ယာန်ဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး replace images from Commons
စာကြောင်း ၁၆ -
ခရစ်ယာန်များ၏ ယုံကြည်မှုမှာ ယေရှုကို ထာဝရဘုရားသခင်၏သားတော် အဖြစ်နှင့် မေရှိရ (ခရစ်တော်) အဖြစ် ယုံကြည်ခြင်းဖြစ်သည်။ “မေရှိရ” ဟူသော ဘွဲ့အမည်သည် ဟီဘရူးစာလုံး מָשִׁיחַ (māšiáħ) မှ ဆင်းသက်လာပြီး ဗျာဒိတ်ခံသောသူ ဟုအဓိပ္ပါယ်ရသည်။ ဂရိဘာသာပြန် Χριστός (Christos) သည် အင်္ဂလိပ်စာလုံး “Christ” ၏ အရင်းအမြစ်ဖြစ်သည်။
 
[[File:Christianity.1Vladimirskaya.jpg|thumb|alt=Christianity|သူငယ်တော်ယေရှုကို မိခင် မာရိနှင့်အတူ သရုပ်ဖော်ပုံ၊ ဗလာဒီမာ၏ သီယိုတိုကို့စ် (၁၂ ရာစု)]]
 
ခရစ်ယာန်များက မေရှိရ ဖြစ်သော ယေရှုသည် လူသားများ၏ ကယ်တင်ရှင်အဖြစ် အဖဘုရားသခင်က ဗျာဒိတ်ပေးထားသောသူဖြစ်သည်ဟု ယုံကြည်ကြပြီး ယေရှုသည် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြပါရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်များကို ပြည့်စုံစေခြင်းငှာ လာသည်ဟု ယူဆကြသည်။ ခရစ်ယာန်တို့၏ မေရှိရ နှင့်ပတ်သက်သော အယူအဆသည် ခေတ်ပြိုင်ဖြစ်သော ဂျူးတို့၏ အယူအဆနှင့် သိသာထင်ရှားစွာ ကွဲပြားသည်။ ခရစ်ယာန်တို့၏ အဓိက ယုံကြည်မှုမှာ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း၊ အပြစ်များသော လူသားများသည် ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ခွင့်ရနိုင်ပြီး၊ ထိုအကြောင်းကြောင့် ဘုရားသခင်ကပေးသည့် ထာဝရအသက်တာအတွက် ကယ်တင်ခြင်း ဆုကျေးဇူးနှင့် ကတိတော်ကိုလည်းကောင်း ယုံကြည်လက်ခံခြင်း ဖြစ်သည်။
စာကြောင်း ၃၉ -
 
== ဓမ္မမင်္ဂလာအမှုများ ==
[[File:ChristianityFractio-panis1.2.jpgJPG|thumb|alt=Celebration|ပွဲတော်မင်္ဂလာ]]
 
ခရစ်ယာန်ယုံကြည်မှုနှင့် အကျင့်တွင် ဓမ္မမင်္ဂလာအမှုသည် ခရစ်တော်က စတင်ခဲ့သော ဘုရားဝတ်ပြုခြင်း တစ်ခု ဖြစ်သည်။ ကျေးဇူးတော်နှင့် အထွတ်အမြတ်ထားသော ထူးခြားဆန်းကြယ်မှုကို ကိုယ်စားပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤဝေါဟာရသည် လက်တင်စကားလုံး sacramentum မှ ဆင်းသက်လာပြီး ထူးခြားဆန်းကြယ်မှု ဟူသော စကားလုံးကို ဂရိသို့ ဘာသာပြန်ရန် အသုံးပြုလေ့ ရှိသည်။ မည်သည့် ဘုရားဝတ်ပြုခြင်းများသည် မင်္ဂလာရှိသည် ဆိုသည်နှင့် ၎င်းသည် မင်္ဂလာရှိစေရန် မည်သည့် လုပ်ရပ်ကို ဆိုလိုသည်ဟူသော နှစ်ရပ်စလုံးအပေါ် ရှုမြင်မှုများသည် ခရစ်ယာန် ဂိုဏ်းများနှင့် ဓလေ့ထုံးစံများအကြားတွင် ကွဲပြားမှုရှိသည်။