No edit summary
+ref
စာကြောင်း ၁ -
[[:en:Yangon_Bus_Service|'''Yangon Bus Service''' (အတိုကောက် '''YBS''')]] ဆိုသည်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏[[မြန်မာနိုင်ငံ]]၏ မြို့တော်ဖြစ်ခဲ့သော ရန်ကုန်မြို့တွင်[[ရန်ကုန်မြို့]]တွင် စတင်ခဲ့သည့် ဘတ်စ်ကားဖြင့် သယ်ယူပို့ဆောင်ရေးကွန်ယက်စနစ်တစ်ခုသယ်ယူပို့ဆောင်ရေး ကွန်ယက်စနစ်တစ်ခု ဖြစ်သည်။<ref>{{Cite news|url=http://www.mmtimes.com/index.php/business/24560-new-day-dawns-for-yangon-bus-system.html|title=New day dawns for Yangon bus system|last=Aye Nyein Win|first=|date=16 January 2017|work=Myanmar Times|access-date=16 Jan 2017|via=}}</ref> ၎င်းစနစ်အား Yangon Region Transport Authority (YRTA) ဟုခေါ်သော ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ တာဝန်ယူ ကွပ်ကဲကြီးကြပ်ရသည်။ကွပ်ကဲကြီးကြပ်သည်။<ref>{{Cite web|url=https://www.yangonbus.com|title=ယဉ်လိုင်းများ|last=|first=|date=|website=|publisher=|access-date=}}</ref>
 
== သမိုင်းကြောင်း ==
=== သမိုင်း ===
ဤဘတ်စ်ကားကွန်ယက်စနစ်ကို အကောင်အထည်မဖော်မီက ရန်ကုန်မြို့၏ ဘတ်စ်ကားဖြင့် သယ်ယူပို့ဆောင်ရေးစနစ်ကို (မ.ထ.သ ဟုရည်ညွှန်းသတ်မှတ်ထားသည့်) ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီက စိုးမိုးကွပ်ကဲခဲ့ပြီး ရန်ကုန်မြို့ရှိ ခရီးသည် ၂.၈ သန်းခန့်အား နေ့စဉ်ဝန်ဆောင်မှု ပေးနေခဲ့သည်။ ပုဂ္ဂလိကဘတ်စ်ကားကုမ္ပဏီများသည်လည်း ယာဉ်လိုင်းကြောင်း အရေအတွက် အနည်းငယ်ဖြင့်သာ နေ့စဉ်ပြေးဆွဲခဲ့သည်။ ရန်ကုန်မြို့ရှိ ဘတ်စ်ကားပေါင်း ၇,၈၀၀ ရှိသည့် အနက်မှ အစီးရေ ၄,၀၀၀ ခန့်သည် ယာဉ်လမ်းကြောင်းပေါင်း ၃၀၀ ခန့်အား ရန်ကုန်မြို့တွင်း လူသွားလူလာများသော လမ်းမကြီးများတစ်လျှောက် နေ့စဉ်ပြေးဆွဲပေးနေခဲ့သည်။<ref>{{Cite news|url=http://www.irrawaddy.com/news/burma/rangoon-public-bus-companies-aim-to-launch-services-in-early-2017.html|title=Rangoon Public Bus Companies Aim to Launch Services in Early 2017|last=|first=|date=|work=|access-date=|via=}}</ref>
 
အဆိုပါ မ.ထ.သ ဘတ်စ်ကားစနစ်အား စစ်ဆေးပြုပြင်ခဲ့ရသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုမှာ ဘတ်စ်ကားယာဉ်မောင်းသူများသည် ဘတ်စ်ကားကုမ္ပဏီများ၏ မူလစည်းကမ်းချက်များကို ဆန့်ကျင်၍ ခရီးသည်များ၏ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုပြီး ၎င်းတို့၏ယာဉ်လိုင်းများထဲမှ လမ်းကြောင်းတူအခြားသောဘတ်စ်ကားများထက် ခရီးသည်များများရရှိကာ အကျိုးအမြတ်များများ ရရှိစေရန် အန္တရာယ်ကြီးစွာ အပြိုင်အဆိုင် ယှဉ်ပြိုင်မောင်းနှင်ကြသည့်အတွက် တိုင်ကြားစာများ များပြားလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ယာဉ်အကူလုပ်သား (အရပ်အခေါ် စပါယ်ယာ) များကိုလည်း ၎င်းတို့၏ ဆိုးသွမ်းလှသော သဘောထား၊ ပြုမူလုပ်ဆောင်ချက်များနှင့် ခရီးစဉ်လမ်းကြောင်းအတွက် ကျသင့်သည်ထက် ယာဉ်စီးခများ ပိုမိုကောက်ခံခြင်းများကြောင့် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏[[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]]၏ အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အများပြည်သူအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာပြဿနာကို မီးမောင်းထိုးပြသကာ အသွင်ပြောင်းဆောင်ရွက်ခဲ့သည်။
 
=== အကောင်အထည်ဖော်ဆောင်ရွက်မှု ===
ရန်ကုန်မြို့ရှိ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးကွန်ယက်စနစ်အား အသွင်ကူးပြောင်းရေးမပြုလုပ်မီ ရန်ကုန်မြို့၏ ဘတ်စ်ကားကွန်ယက်စနစ်တိုးတက်လာစေရန် အသေးစားပြုပြင်ပြောင်းလဲမှုများအား ရှေ့ပြေးအနေဖြင့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုအထဲတွင် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူဘတ်စ်ကားသယ်ယူပို့ဆောင်ရေးကုမ္ပဏီ (Yangon Bus Public Company Ltd.) မှ တာဝန်ယူကြီးကြပ်ကွပ်ကဲရသော ရန်ကုန်မြို့၏ ပထမဆုံးသော Bus Rapid Transit (BRT) စနစ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ BRT စနစ်သည် ရန်ကုန်မြို့ရှိ များစွာသော ယာဉ်လမ်းကြောင်းများထဲမှ ယာဉ်လမ်းကြောင်းနှစ်ခုအတွက်သာ ပြေးဆွဲနေခဲ့သော်လည်း ယာဉ်စီးခကောက်ခံရာတွင် မြန်မာနိုင်ငံတွင် ပထမဆုံးသော ကဒ်စနစ် (အီလက်ထရောနစ် ငွေပေးချေမှုစနစ်) ကို ကျင့်သုံးခဲ့ခြင်းနှင့် ဘတ်စ်ကားများအားလုံးတွင် လေအေးပေးစက်များ တပ်ဆင်ထားရှိမှုကြောင့် ခရီးသွားပြည်သူများအကြား ရေပန်းစားလာခဲ့ပြီး အထိုက်အလျောက် အောင်မြင်မှု ရရှိခဲ့သည်။
 
အဆိုပါဘတ်စ်ကားကွန်ယက်စနစ်သစ် (YBS) တွင် ယခင်က မြို့တွင်းပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်အား ယာဉ်လိုင်း ၇၁ လိုင်းအထိသာ လျှော့ချထားသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။<ref>{{Cite web|url=http://www.channelnewsasia.com/news/asiapacific/in-a-first-myanmar-s-largest-city-launches-bus-network-impacting/3441752.html|title=In a first, Myanmar's largest city launches bus network impacting millions|last=|first=|date=|website=|publisher=|access-date=}}</ref>
 
== ကိုးကား ==
=== ကိုးကားချက်များ ===
{{reflist}}
၁။ [[:en:Yangon_Bus_Service|Yangon Bus Service (YBS)]]<references group="https://en.wikipedia.org/wiki/Yangon_Bus_Service" />
 
== ပြင်ပလင့်ခ်များ ==
*[http://www.yangonbus.com/ တရားဝင် ဝက်ဘ်ဆိုဒ်]
 
[[Category:ရန်ကုန်မြို့]]
[[Category:မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး]]